ကိုယ့်ကြမ္မာကိုယ် ဖန်တီးရမယ့် နေပယ်သားများ

တနင်္ဂနွေည အီတလီစီးရီးအေ ပွဲစဉ်-၃၈ ပွဲကြိုသုံးသပ်ချက်

နာပိုလီ နှင့် ဗီရိုနာ (ည ၁း၁၅)(မြန်မာပြည်ဂုရု)

ချန်ပီယံလိဂ်ဝင်ခွင့်အတွက်အပြိုင်ကြိုးစားနေကြရတဲ့အတ္တလန္တာနဲ့ အေစီမီလန်တို့နောက်ဆုံးပွဲစဉ်မှာထိပ်တိုက်တွေ့ဆုံနေကြတာဟာနာပိုလီအတွက် အခွင့်ထူးပါပဲ။ရင်ဆိုင်ရမယ့်ဗီရိုနာကအမှတ်လိုအပ်ခြင်းမရှိဘဲခံစစ်ကလည်းအမှားများလွန်းနေတာကြောင့်နာပိုလီအတွက်အခက်အခဲရှိမယ်မထင်ဘူး။

မတော်တဆခြေချော်သွားမှာစိုးရိမ်တာကြောင့်နာပိုလီအနေနဲ့ ပွဲစတယ်ဆိုကတည်းကတိုက်စစ်ဖွင့်ကစားလာမှာပါ။အင်ဆစ်ဂ်နီ၊ လိုဇာနို၊ အိုဆင်ဟမ်တို့ရဲ့ထက်မြက်ပြီးသားနာပိုလီတိုက်စစ်ကအိမ်ကွင်းမှာ ဗီရိုနာခံစစ်ကြောင်းကိုအဆက်မပြတ်ဖိအားပေးတိုက်စစ်ဆင်ပါလိမ့်မယ်။

ဗိုလ်လုပွဲတမျှ အရေးကြီးလှတဲ့ပွဲဖြစ်လို့ နာပိုလီဂိုးမိုးရွာချပြီး ပြတ်ပြတ်သားသားအနိုင်ယူသွားမှာပါ။ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရှိနေတဲ့နေပယ်သားတွေကို ဂုဏ်ပြုဖို့ပြင်ဆင်ထားကြရအောင်လား။

zawgyi




