အစဉ်အလာပဲတွက်တွက် လက်ရှိခြေစွမ်းပဲချိန်ထိုးထိုး

ကြာသပတေးည အီတလီစီးရီးအေပွဲစဉ်-၁၀ ပွဲကြိုသုံးသပ်ချက်

နာပိုလီ နှင့် ဘိုလော့ဂ်နာ (ည ၁း၁၅)(ရွှေဘိုသား)

နာပိုလီကွင်းမှာဒီနှစ်သင်းရင်ဆိုင်ခဲ့ဖူးတဲ့ နောက်ဆုံး၅ပွဲကိုကြည့်လိုက်တော့ နှစ်သင်းစလုံးသွင်းဂိုးတွေရယူနိုင်ခဲ့ကြတာကို တွေ့ရတယ်။နောက်ပြီးတော့ နာပိုလီကွင်းမှာဒီနှစ်သင်းရင်ဆိုင်ခဲ့ကြဖူးတဲ့ ၉ပွဲစလုံးဂိုးပေါင်းအပေါ်တွေချည်းအောင်ထားခဲ့တာကလည်းထူးခြားမှုတစ်ခုပါပဲ။

လက်ရှိမှာလည်းနာပိုလီရဲ့ကစားဟန်ကပွဲချိန်ကြာလေတိုက်စစ်အရှိန်မြင့်လေဖြစ်ပြီးသူတို့ရဲ့အိမ်ကွင်းနောက်ဆုံး၈ပွဲဆက်တိုက်ဒုတိယပိုင်းသွင်းဂိုးတွေ ရယူထားနိုင်တယ်။ဘိုလော့ဂ်နာကလည်းသူတို့ရဲ့နောက်ဆုံး ၆ပွဲမှာဂိုးပေါင်းအပေါ်အောင်တာ ၅ပွဲအထိတောင်ရှိထားတဲ့အသင်းပါ။အစဉ်အလာပဲတွက်တွက်လက်ရှိခြေစွမ်းပဲချိန်ထိုးထိုးကျုပ်ကတော့ဖြင့်ဂိုးပေါင်းအပေါ်အောင်သွားမယ့်ပွဲလို့သုံးသပ်မိတယ်။

zawgyi




