နာပိုလီအတွက် မိုးထဲရေထဲရောက်နေချိန်

အင်္ဂါည အီတလီစီးရီးအေ ပွဲစဉ်-၃၆ ပွဲကြိုသုံးသပ်ချက်

နာပိုလီ နှင့် အူဒီးနီးစ် (၁း၁၅)(မြန်မာပြည်ဂုရု)

တန်းတင်ကျန်ရစ်ခွင့်ရရှိပြီးသားဖြစ်လို့ အူဒီးနီးစ်အတွက်အမှတ်မလိုအပ်တော့ဘဲခပ်အေးအေးပါပဲ။ ဒီပေါလ်ဦးဆောင်တဲ့တိုက်စစ်ပိုင်းကပုံမှန်ဂိုးသွင်းအားရှိနေပေမယ့်လည်းအူဒီးနီးစ်ခံစစ်ကတော့စိတ်ပျက်စရာကောင်းလောက်အောင်အမှားများလွန်းလှတယ်။

နာပိုလီကတော့ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ အသည်းအသန်ဖြစ်နေပြီးလတ်တလောခြေစွမ်းပိုင်းလည်းတည်ငြိမ်အားကောင်းနေတဲ့အသင်းပါ။ပြောရရင်နာပိုလီရဲ့လက်ရှိခြေစွမ်းကပိုမိုတည်ငြိမ်အားကောင်းပြီးအမှတ်လိုအပ်ချက်လည်းပြင်းထန်နေတယ်။

တွေ့ဆုံမှုအစဉ်အလာကိုကြည့်လိုက်ပြန်တော့လည်းအူဒီးနီးစ်နဲ့ရင်ဆိုင်ရတိုင်းနာပိုလီရလဒ်ကောင်းခဲ့တာချည်းပါပဲ။ဒါကြောင့်လည်းနာပိုလီဘက်ကနေ တစ်ဂိုး ၇၀အရှုံးအကျောပေးထားတာဖြစ်တယ်။မိုးထဲရေထဲရောက်နေချိန်ဖြစ်လို့နာပိုလီရဲ့ဂိုးပြတ်အောင်ပွဲကို မြင်တွေ့ခွင့်ရရှိပါလိမ့်မယ်။

zawgyi




