နေမာရဲ့စာချုပ်မှာပါဝင်တဲ့ လျို့ဝှက်အချက်တစ်ခုပေါက်ကြားလာ

ဘရာဇီးမီဒီယာများရဲ့ဖော်ပြချက်အရနေမာရဲ့ပီအက်စ်ဂျီနှင့်ချုပ်ဆိုထားတဲ့စာချုပ်အတွင်းမှာလျို့ဝှက်အချက်တစ်ခုပါဝင်နေကြောင်းသိရပါတယ်။

ဘာစီလိုနာစတားဟောင်းဟာပီအက်စ်ဂျီတွင်၂၀၂၅ခုနှစ်အထိရှိနေမယ့်နှစ်ရှည်စာချုပ်သစ်တစ်ရပ်ကိုချုပ်ဆိုပြီးသူ့အနာဂတ်နှင့်ပတ်သက်ပြီးထွက်ပေါ်နေတဲ့ကောလာဟလများကိုအဆုံးသတ်ခဲ့ပါတယ်။

ဒါပေမယ့် UOL ရဲ့ဖော်ပြချက်အရယင်းစာချုပ်အတွင်းတွင်နေမာအနေဖြင့်စာချုပ်သက်တမ်းမကုန်ဆုံးမီမွေးရပ်မြေဘရာဇီးသို့ပြန်နိုင်မယ့်အချက်ပါဝင်ကြောင်းသိရပါတယ်။

ဒါ့အပြင်နေမာရဲ့စာချုပ်အတွင်းတွင်နောက်ထပ်တစ်နှစ်စာချုပ်သက်တမ်းတိုးနိုင်မယ့်အချက်လည်းပါဝင်ကြောင်းသိရပါတယ်။အကယ်၍တစ်နှစ်သက်တမ်းတိုးချုပ်ဆိုပါကသူဟာ၂၀၂၆ခုနှစ်အထိပီအက်စ်ဂျီတွင်ရှိနေမှာဖြစ်ပြီးအသက်၃၃နှစ်အထိရှိနေမှာလည်းဖြစ်ပါတယ်။နေမာဟာ၂၀၂၆ခုနှစ်အထိပီအက်စ်ဂျီတွင်ဆက်ကစားကာကစားသမားဘဝစတင်ခဲ့တဲ့ဆန်းတို့စ်တွင်ကစားသမားဘဝအဆုံးသတ်မယ်လို့ယုံကြည်ရပါတယ်။

zawgyi

ေနမာရဲ႕စာခ်ဳပ္မွာပါဝင္တဲ့ လ်ိဳ႕ဝွက္အခ်က္တစ္ခုေပါက္ၾကားလာ

ဘရာဇီးမီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရေနမာရဲ႕ပီအက္စ္ဂ်ီႏွင့္ခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္အတြင္းမွာလ်ိဳ႕ဝွက္အခ်က္တစ္ခုပါဝင္ေနေၾကာင္းသိရပါတယ္။

ဘာစီလိုနာစတားေဟာင္းဟာပီအက္စ္ဂ်ီတြင္၂၀၂၅ခုႏွစ္အထိရွိေနမယ့္ႏွစ္ရွည္စာခ်ဳပ္သစ္တစ္ရပ္ကိုခ်ဳပ္ဆိုၿပီးသူ႔အနာဂတ္ႏွင့္ပတ္သက္ၿပီးထြက္ေပၚေနတဲ့ေကာလာဟလမ်ားကိုအဆုံးသတ္ခဲ့ပါတယ္။

ဒါေပမယ့္ UOL ရဲ႕ေဖာ္ျပခ်က္အရယင္းစာခ်ဳပ္အတြင္းတြင္ေနမာအေနျဖင့္စာခ်ဳပ္သက္တမ္းမကုန္ဆုံးမီေမြးရပ္ေျမဘရာဇီးသို႔ျပန္ႏိုင္မယ့္အခ်က္ပါဝင္ေၾကာင္းသိရပါတယ္။

ဒါ့အျပင္ေနမာရဲ႕စာခ်ဳပ္အတြင္းတြင္ေနာက္ထပ္တစ္ႏွစ္စာခ်ဳပ္သက္တမ္းတိုးႏိုင္မယ့္အခ်က္လည္းပါဝင္ေၾကာင္းသိရပါတယ္။အကယ္၍တစ္ႏွစ္သက္တမ္းတိုးခ်ဳပ္ဆိုပါကသူဟာ၂၀၂၆ခုႏွစ္အထိပီအက္စ္ဂ်ီတြင္ရွိေနမွာျဖစ္ၿပီးအသက္၃၃ႏွစ္အထိရွိေနမွာလည္းျဖစ္ပါတယ္။

ေနမာဟာ၂၀၂၆ခုႏွစ္အထိပီအက္စ္ဂ်ီတြင္ဆက္ကစားကာကစားသမားဘဝစတင္ခဲ့တဲ့ဆန္းတို႔စ္တြင္ကစားသမားဘဝအဆုံးသတ္မယ္လို႔ယုံၾကည္ရပါတယ္။