ရော်နယ်ဒိုနှင့်တွဲကစားလိုကြောင်း နေမာပြောကြား

ပီအက်စ်ဂျီစတားနေမာကတစ်နေ့တွင်ခရစ္စတီယာနိုရော်နယ်ဒိုနှင့်အတူတွဲကစားလိုကြောင်းထုတ်ဖော်ပြောကြားလိုက်ပါတယ်။နေမာက၎င်းမှာလီယွန်နယ်မက်ဆီ၊ကိုင်လီယန်အမ်ဘက်ပီတို့နှင့်အတူတွဲကစားခဲ့ပြီးဖြစ်ကာခရစ္စတီယာနိုရော်နယ်ဒိုနှင့်တွဲကစားလိုကြောင်းပြောကြားသွားပါတယ်။

ဘရာဇီးစတားဟာမကြာသေးမီတုန်းကပီအက်စ်ဂျီအသင်းတွင်၂၀၂၅ခုနှစ်အထိဆက်ရှိနေမယ့်စာချုပ်သစ်အားချုပ်ဆိုခဲ့သူလည်းဖြစ်ပါတယ်။

နေမာက “ကမ္ဘာ့ဖလားဆွတ်ခူးချင်ပါတယ်။ဒါကကျွန်တော့်ရဲ့အကြီးမားဆုံးအိပ်မက်ကြီးတစ်ခုဖြစ်ပါတယ်။ဒါပေမယ့်ပီအက်စ်ဂျီနဲ့အတူဆုဖလားတိုင်းကိုဆွတ်ခူးချင်ပါသေးတယ်။ကျွန်တော့်အသက်၃၀နှစ်ရှိပါပြီ။၊ပုဂ္ဂိုလ်ရေးပိုင်းအရပြောရရင်ကောင်းမွန်ကစားသမားဘဝကိုပိုင်ဆိုင်ခဲ့ပါတယ်”လို့ပြောကြားသွားပါတယ်။

နေမာဟာ၂၀၁၇ခုနှစ်တုန်းကဘာစီလိုနာမှပီအက်စ်ဂျီသို့ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးယူရို၂၂၂သန်းဖြင့်ပြောင်းရွှေ့ခဲ့ပါတယ်။သူဟာဘာစီလိုနာတွင်မက်ဆီနှင့်အတူတွဲကစားခဲ့သူလည်းဖြစ်ပါတယ်။

နေမာက “ခရစ္စတီယာနိုရော်နယ်ဒိုနဲ့တွဲကစားချင်တယ်။မက်ဆီ၊ကိုင်လီယန်(အမ်ဘက်ပီ)တို့လိုကြီးကျယ်တဲ့ကစားသမားတွေနဲ့ကစားဖူးပြီးပါပြီ။ဒါပေမယ့်ခရစ္စတီယာနိုရော်နယ်ဒိုနဲ့တွဲမကစားရသေးပါဘူး”လို့ပြောကြားသွားပါတယ်။

zawgyi

ေရာ္နယ္ဒိုႏွင့္တြဲကစားလိုေၾကာင္း ေနမာေျပာၾကား

ပီအက္စ္ဂ်ီစတားေနမာကတစ္ေန႔တြင္ခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္အတူတြဲကစားလိုေၾကာင္းထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။ေနမာက၎မွာလီယြန္နယ္မက္ဆီ၊ကိုင္လီယန္အမ္ဘက္ပီတို႔ႏွင့္အတူတြဲကစားခဲ့ၿပီးျဖစ္ကာခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္တြဲကစားလိုေၾကာင္းေျပာၾကားသြားပါတယ္။

ဘရာဇီးစတားဟာမၾကာေသးမီတုန္းကပီအက္စ္ဂ်ီအသင္းတြင္၂၀၂၅ခုႏွစ္အထိဆက္ရွိေနမယ့္စာခ်ဳပ္သစ္အားခ်ဳပ္ဆိုခဲ့သူလည္းျဖစ္ပါတယ္။

ေနမာက “ကမာၻ႔ဖလားဆြတ္ခူးခ်င္ပါတယ္။ဒါကကြၽန္ေတာ့္ရဲ႕အႀကီးမားဆုံးအိပ္မက္ႀကီးတစ္ခုျဖစ္ပါတယ္။ဒါေပမယ့္ပီအက္စ္ဂ်ီနဲ႔အတူဆုဖလားတိုင္းကိုဆြတ္ခူးခ်င္ပါေသးတယ္။ကြၽန္ေတာ့္အသက္၃၀ႏွစ္ရွိပါၿပီ။၊ပုဂၢိဳလ္ေရးပိုင္းအရေျပာရရင္ေကာင္းမြန္ကစားသမားဘဝကိုပိုင္ဆိုင္ခဲ့ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ေနမာဟာ၂၀၁၇ခုႏွစ္တုန္းကဘာစီလိုနာမွပီအက္စ္ဂ်ီသို႔ကမာၻ႔စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးယူ႐ို၂၂၂သန္းျဖင့္ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။သူဟာဘာစီလိုနာတြင္မက္ဆီႏွင့္အတူတြဲကစားခဲ့သူလည္းျဖစ္ပါတယ္။

ေနမာက “ခရစၥတီယာႏိုေရာ္နယ္ဒိုနဲ႔တြဲကစားခ်င္တယ္။မက္ဆီ၊ကိုင္လီယန္(အမ္ဘက္ပီ)တို႔လိုႀကီးက်ယ္တဲ့ကစားသမားေတြနဲ႔ကစားဖူးၿပီးပါၿပီ။ဒါေပမယ့္ခရစၥတီယာႏိုေရာ္နယ္ဒိုနဲ႔တြဲမကစားရေသးပါဘူး”လို႔ေျပာၾကားသြားပါတယ္။