မဖြစ်မနေဖတ်ရမယ့် တနင်္ဂနွေ အကျိုးပြုစျေးကွက်
မဖြစ်မနေဖတ်ရမယ့် တနင်္ဂနွေ အကျိုးပြုစျေးကွက်
(စိုင်းကို-တောင်ကြီး)
စနေညကတော့ အလန်းမလွန်ပေမယ့် အလွန်တော့လန်းခဲ့ရပါပြီ။ပဲလေ့စ်ဘက်ကို လက်ကျန်နာရီဝက်အတွင်း မန်စီးတီး နောက်တစ်ဂိုးသာသွင်းနိုင်ရင် ရာနှုန်းပြည့်အောင်ပွဲ ဖြစ်သွားမှာပါ။အခုတော့ မန်စီးတီးပွဲဂိုးပေါင်းမပေါ်တာကြောင့် ၃ကြောင်းကစားရာမှာ ၂ကြောင်းနိုင်၊ တစ်ကြောင်းရှုံးနဲ့ တစ်ကြောင်းစာအပေါင်းပြပြီးပဲ ကျေနပ်လိုက်ရတယ်။ဒီရာသီအတွက်ကတော့ ကြေးပြင်းလေကြိုက်လေဆိုတဲ့ ဖော်မြူလာနဲ့ပဲ အဆုံးထိချီတက်သွားပါမယ်။ဒီကနေ့ည စူပါဆန်းဒေးအတွက်လည်း ပွဲသိမ်းလက်ခမောင်းခတ်နိုင်အောင် လုပ်ကြရအောင်လား။လောလောဆယ်တော့ အင်္ဂလန်ပရီးမီးယားလိဂ်ရပ်ဝန်းထဲ စတင်ဝင်မွှေကြတာပေါ့။
ဒီနေ့ည ပရီးမီးယားလိဂ်မှာ ကစားဖို့ ၃ပွဲရှိနေတယ်။အစောဆုံးကစားမယ့် နယူးကာဆယ်-အာဆင်နယ်ပွဲမှာတင် ဘော်ဒီရော ဂိုးပေါင်းကြေးပါပြောင်းနေတာ တွေ့လိုက်ရတယ်။စျေးစတည်တော့ အာဆင်နယ်ဘက်ကနေ ၁+၇၀ အကျောပေးခဲ့တာပါ။လက်ရှိမှာတော့ အာဆင်နယ်ရဲ့အကျောပေးမှု ကျဆင်းလာပြီး သရေ ၈၀ရှံုး ဖြစ်လာခဲ့ရတယ်။ဒါဟာ နယူးကာဆယ်ဘက်ကနေ ကစားမယ့်သူတွေ အရမ်းများပြားလာလို့ပါ။ဂိုးပေါင်းစျေးကလည်း ၂-၈၅ကနေ ၃+၇၀ ဖြစ်လာတယ်။ဘော်ဒီစျေးကျဆင်းပြီး ဂိုးပေါင်းကြေး ပြင်းရှလာတာဟာ နယူးကာဆယ်တိုက်စစ်ကို အထင်ကြီးလို့ဆိုတာ အဖြေကအရှင်းကြီးရယ်ပါ။ဝယ်ဆန်ခြေစွမ်းပြနေတဲ့ နယူးကာဆယ်တိုက်စစ်က လက်ရှိမှာ ဂိုးသွင်းစွမ်းရည် အားရစရာကြီးလေ။အာဆင်နယ်ကတော့ အော်ဘာမီယန်နဲ့ လာကာဇက်တီတို့ မကြံ့ခိုင်ဘူး။အဲဒီတော့ နယူးကာဆယ်ဘော်ဒီက စူပါဆန်းဒေးအတွက် ပထမပစ်မှတ် ဖြစ်လာခဲ့ရတယ်။ဒုတိယပစ်မှတ်ကတော့ နယူးကာဆယ်ပွဲဂိုးပေါ်ပါ။
ပရီးမီးယားလိဂ်မှာ ကျန်၂ပွဲစလုံး စျေးသိပ်မလှုပ်လို့ စပိန်လာလီဂါထဲဝင်လိုက်မိတယ်။လာလီဂါမှာတော့ ကစားဖို့စုစုပေါင်း ၄ပွဲရှိနေတယ်။ဂရန်နာဒါ-ကာဒစ်ဇ်ပွဲနဲ့ ဗလင်စီယာ-ဘာစီလိုနာပွဲမှာဘော်ဒီစျေးတွေ ပြောင်းနေတာမြင်လိုက်မိတယ်။ဂရန်နာဒါ-ကာဒစ်ဇ်ပွဲမှာ ဂရန်နာဒါရဲ့အကျောပေးမှုကသရေ ၈၀ရှံုးကနေ ၁+၈၀ ဖြစ်လာတယ်။ဂိုးပေါင်းကြေးကျတော့ မလှုပ်ဘူး။ လတ်တလော ခြေမာနေတဲ့ကာဒစ်ဇ်ထက် ခံစစ်ယိုယွင်းတဲ့ ဂရန်နာဒါကို လူကြိုက်များလာတာ နည်းနည်းတော့ ထူးဆန်းနေသလိုပဲ။ဒါကြောင့် မသင်္ကာစိတ်ရှေ့တန်းတင်ပြီး ဂရန်နာဒါဘော်ဒီကို မရွေးမိတော့ဘူး။
ဗလင်စီယာ-ဘာစီလိုနာပွဲမှာတော့ ဘာကာရဲ့အကျောပေးမှုက ၁-၆၅နဲ့စတင်ပြီး ၁-၁၀၀အထိ ပြင်းရှလာတယ်။မက်ဆီ၊ ဂရစ်ဇ်မန်းတို့ရဲ့တိုက်စစ် အစွမ်းပြပြီး နိုင်ပွဲတွေဆက်နေတဲ့ ဘာစီလိုနာကို ခံစစ်ယိုယွင်းတဲ့ ဗလင်စီယာ အံတုဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ဗလင်စီယာမှာ တန်းဆင်းအန္တရာယ်ရှိတာမှန်ပေမယ့် ခပ်အေးအေးလို့ဆိုနိုင်သေးတယ်။ဘာစီလိုနာကတော့ ချန်ပီယံဆုအတွက် တိုက်ပွဲဝင်နေချိန်မို့ နိုင်ပွဲဆာလောင်နေမှာပါ။ဒါကြောင့်လည်း ဂိုးပေါင်းကြေးက ၃-၅၀ ကနေ ၃-၈၀အထိ ပြင်းရှလာတာဖြစ်တယ်။အဲဒီတော့ ဘာစီလိုနာဘော်ဒီနဲ့ ဂိုးပေါ်က တတိယနဲ့ တုတ္ထပစ်မှတ်တွေ ဖြစ်လာခဲ့ပါပြီ။
အီတလီစီးရီးအေမှာတော့ စုစုပေါင်း ၆ပွဲတောင်ရှိနေတယ်။အရင်ဦးဆုံး ဘော်ဒီစျေးပြောင်းတွေကိုကြည့်မိတော့ ခပ်ပြင်းပြင်းလှုပ်ခတ်တာ တစ်ပွဲမှရှိမနေဘူးဗျ။ဂိုးပေါင်းကြေးတွေ ဆက်ကြည့်လိုက်တာမျက်လုံးပြူးရလောက်အောင်ပြောင်းသွားတာတစ်ပွဲမြင်လိုက်ရတယ်။နာပိုလီ-ကက်ဂလီယာရီပွဲရဲ့ဂိုးပေါင်းကြေးက ၃+၅၀နဲ့စတင်ပြီး ၃-၁၅အထိ ပြင်းရှလာခဲ့ခြင်းပါပဲ။လက်ရှိမှာ နာပိုလီရော ကက်ဂလီယာရီပါ နှစ်သင်းစလုံး တိုက်စစ်ဦးစားပေးကစားနေကြလို့ အခုလိုမျိုး စျေးပြင်းလာတာ ထူးဆန်းမှုလို့ မဆိုနိုင်ဘူး။
ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက် နာပိုလီ ဖောင်ဖျက်ရမယ်ဆိုရင် ကက်ဂလီယာရီကလည်း တန်းတင်ကျန်ရစ်ဖို့ အသက်နဲ့ရင်းမှာပါ။နှစ်သင်းစလုံးအနေနဲ့ သေချာပေါက်အနိုင်ဆိုတာကိုပဲ လိုချင်နေကြလို့ တစ်သင်းသင်း ဂိုးရပြီဆိုရင် ကျန်တစ်သင်းက ဂိုးပြန်သွင်းဖို့ ကြိုးစားလာပါလိမ့်မယ်။ဒီလိုပွဲမျိုးမှ ဂိုးမပေါ်ရင် ဘယ်ပွဲကများ ပေါ်ဦးမှာလဲဗျာ။နောက်ဆုံးရွေးချယ်မှုဖြစ်တဲ့ နံပါတ် ၅ပစ်မှတ်က နာပိုလီဂိုးပေါ်လို့ပြောကြားရင်း နိဂုံးချုပ်လိုက်ပါရစေ။နယူးကာဆယ်ဘော်ဒီ၊ နယူးကာဆယ်ဂိုးပေါ်၊ ဘာစီလိုနာဘော်ဒီ၊ ဘာစီလိုနာဂိုးပေါ်၊ နာပိုလီဂိုးပေါ်တို့ကို တစ်ပွဲ ၅သိန်းစီလောက် ရင်ခုန်ကစားရင်း အပေါင်းအသင်းရောင်းရင်းအားလုံး ဂွတ်လပ်ခ်ကြပါစေဗျာ။
zawgyi
မဖြစ်မနေဖတ်ရမယ့် တနင်္ဂနွေ အကျိုးပြုဈေးကွက်
(စိုင်းကို-တောင်ကြီး)