ငှက်ကျားအသိုက်မှာ ပျော်ရွှင်စရာဟစ်ကြွေးသံတွေနဲ့

ဗုဒ္ဓဟူးညအင်္ဂလန်League Cupပွဲကြိုသုံးသပ်ချက်

နယူးကာဆယ် နှင့် ဘန်လေ (ည ၁း၁၅)(အိုဇုန်း)

ပရီးမီးယားလိဂ်အသင်းအချင်းချင်းထိပ်တိုက်တွေ့ဆုံမှုဖြစ်တယ်။ပရီးမီးယားလိဂ်မှာအဖွင့် ၂ပွဲဆက်တိုက်အရေးနိမ့်ထားခဲ့ရတဲ့ နယူးကာဆယ်ရဲ့အဓိကအားနည်းချက်ကခံစစ်ပိုင်းယိုယွင်းမှုပါ။

ဒါပေမဲ့လည်းနယူးကာဆယ်တိုက်စစ်ကတော့ပြင်ဆင်မှုအတန်အသင့်အားကောင်းထားပြီးအိမ်ကွင်းဆိုရင်ဘယ်ခံစစ်ကိုမဆို ထိုးဖောက်ဂိုးသွင်းနိုင်စွမ်းရှိပါတယ်။ဘန်လေကလည်းဘရိုက်တန်နဲ့လီဗာပူးကိုအရေးနိမ့်ပြီးပရီးမီးယားလိဂ်ပွဲစဉ် ၂အပြီး ရမှတ်တစ်မှတ်မှမရရှိသေးပါဘူး။

ဘန်လေတိုက်စစ်ကတော့ဂိုးသွင်းအားကျဆင်းလွန်းနေပြီးအဝေးကွင်းဆိုရင်ပိုမိုအခြေအနေဆိုးရွားတယ်။တိုက်စစ်အားနည်းနည်းလေးပိုသာပြီးအိမ်ရှင်လည်းဖြစ်တဲ့နယူးကာဆယ်လွယ်လင့်တကူအနိုင်ယူနိုင်ပါလိမ့်မယ်။ငှက်ကျားအသိုက်မှာ ပျော်ရွှင်စရာဟစ်ကြွေးသံတွေနဲ့ပေါ့။

zawgyi

ငွက္က်ားအသိုက္မွာ ေပ်ာ္႐ႊင္စရာဟစ္ေႂကြးသံေတြနဲ႔

ဗုဒၶဟူးညအဂၤလန္League Cupပြဲႀကိဳသုံးသပ္ခ်က္

နယူးကာဆယ္ ႏွင့္ ဘန္ေလ (ည ၁း၁၅)(အိုဇုန္း)

ပရီးမီးယားလိဂ္အသင္းအခ်င္းခ်င္း ထိပ္တိုက္ေတြ႕ဆုံမႈျဖစ္တယ္။ပရီးမီးယားလိဂ္မွာ အဖြင့္ ၂ပြဲဆက္တိုက္ အေရးနိမ့္ထားခဲ့ရတဲ့ နယူးကာဆယ္ရဲ႕အဓိကအားနည္းခ်က္က ခံစစ္ပိုင္းယိုယြင္းမႈပါ။ဒါေပမဲ့လည္း နယူးကာဆယ္တိုက္စစ္ကေတာ့ ျပင္ဆင္မႈအတန္အသင့္ အားေကာင္းထားၿပီး အိမ္ကြင္းဆိုရင္ ဘယ္ခံစစ္ကိုမဆို ထိုးေဖာက္ဂိုးသြင္းႏိုင္စြမ္းရွိပါတယ္။

ဘန္ေလကလည္း ဘ႐ိုက္တန္နဲ႔ လီဗာပူးကို အေရးနိမ့္ၿပီး ပရီးမီးယားလိဂ္ပြဲစဥ္ ၂အၿပီး ရမွတ္တစ္မွတ္မွ မရရွိေသးပါဘူး။ဘန္ေလတိုက္စစ္ကေတာ့ ဂိုးသြင္းအားက်ဆင္းလြန္းေနၿပီး အေဝးကြင္းဆိုရင္ ပိုမိုအေျခအေနဆိုး႐ြားတယ္။တိုက္စစ္အားနည္းနည္းေလးပိုသာၿပီး အိမ္ရွင္လည္းျဖစ္တဲ့ နယူးကာဆယ္ လြယ္လင့္တကူ အႏိုင္ယူႏိုင္ပါလိမ့္မယ္။ငွက္က်ားအသိုက္မွာ ေပ်ာ္႐ႊင္စရာဟစ္ေႂကြးသံေတြနဲ႔ေပါ့။