ယမန်နှစ် ရလဒ်တွေအတိုင်း
သောကြာည အင်္ဂလန်ပရီးမီးယားလိဂ် ပွဲစဉ်-၅ ပွဲကြိုသုံးသပ်ချက်
နယူးကာဆယ် နှင့် လိဒ် (ည ၁း၃၀)(စိုင်းကို တောင်ကြီး)
ဒီရာသီနယူးကာဆယ်ခံစစ်ကြောင်းကဖင်ပွင့်ကြီးလို့ဆိုနိုင်ပြီးဘယ်အသင်းနဲ့ပဲရင်ဆိုင်တွေ့တွေ့ဂိုးအလှူပေးနေရတယ်။ဒါကြောင့်လည်းပရီးမီးယားလိဂ်ရာသီအဖွင့်၄ပွဲမှာ ၁၂ဂိုးအထိဂိုးအလှူပေးပြီး ရမှတ်ကလည်း စုစုပေါင်းတစ်မှတ်တည်းသာရယူနိုင်သေးတာပါ။အခုထိလည်းဒဏ်ရာရသူတွေများပြားနေလို့ နယူးကာဆယ်နာလန်ထနိုင်ခြင်းမရှိသေးပါဘူး။
လိဒ်ကလည်းရာသီအဖွင့် ၄ပွဲမှာ ၁၁ဂိုးတောင်ဂိုးအလှူပေးတဲ့အထိခံစစ်ယိုယွင်းနေတဲ့အသင်းပါ။နယူးကာဆယ်နဲ့ လိဒ်တို့ရဲ့တူညီတဲ့အချက်ကခံစစ်ဘယ် လောက်ယိုယွင်းယွင်း တိုက်စစ်ကြောင်းကတော့ဂိုးတွေသွင်းယူနိုင်စွမ်းရှိခြင်းပါပဲ။ဖင်ပွင့်နှစ်သင်းတွေ့ဆုံမှုဖြစ်လို့အခုပွဲမှာလည်းအပြန်အလှန်သွင်းဂိုးတွေကိုမြင်ရပါလိမ့်မယ်။
ဒီပွဲအတွက်ဖွင့်လှစ်ထားတဲ့ဂိုးပေါင်းစျေးက ၃+၂၅။ နည်းနည်းလေးတော့ပြင်းနေသလိုပဲ။ တကယ်တမ်းမှာတော့ ပြင်းရှတယ်လို့မဆိုနိုင်ဘူး။ ယမန်နှစ် ရလဒ်တွေအတိုင်းဂိုးပေါင်းအပေါ်အောင်သွားပါလိမ့်မယ်။
zawgyi