
စပိန်ဘောလုံးအဖွဲ့ချုပ်ဟာကမ္ဘာ့ဖလား၁၆သင်းရှုံးထွက်အဆင့်မှထွက်ခွာလိုက်ရပြီးနောက်အားကစားဒါရိုက်တာအဖြစ်အယ်ဘတ်လူကေးကိုခန့်အပ်လာပါတယ်။
အသက်၄၄နှစ်ရှိလူကေးဟာလာမယ့်ဇန်နဝါရီလမှစတင်ကာဟိုဆေးဖရန်ဆစ္စကိုမိုလီနာရဲ့နေရာတွင်အားကစားဒါရိုက်တာအဖြစ်အစားထိုးတာဝန်ထမ်းဆောင်သွားပါမယ်။
လူကေးဟာသူ့ကစားသမားဘဝအများစုကိုစပိန်တွင်ကုန်ဆုံးခဲ့သူဖြစ်ပြီးနယူးကာဆယ်တွင်နှစ်ရာသီကြာကစားခဲ့သူဖြစ်ပါတယ်။
သူဟာလာလီဂါကလပ်များဖြစ်ကြတဲ့မာယော့ကာ၊ဒီပို့တီဗို၊မာလာဂါတို့တွင်ကစားပြီးနောက်၂၀၀၅ခုနှစ်တွင်နယူးကာဆယ်သို့ပေါင်၉သန်းဖြင့်ပြောင်းကစားခဲ့ပါတယ်။
သူဟာနယူးကာဆယ်တွင်ကစားတဲ့ပထမရာသီတွင်အကောင်းဆုံးပုံစံရရှိရန်ရုန်းကန်ရခြင်း၊ဒဏ်ရာပြဿနာတို့နှင့်ကြုံရပြီးနောက် အသင်းပြောင်းပြီး ၉လအကြာဧပြီလတွင်မှနယူးကာဆယ်အတွက်ပထမဆုံးဂိုးကိုသွင်းနိုင်ခဲ့ပါတယ်။
သူဟာဒုတိယရာသီမှာတော့သူ့ကျောနံပါတ်ကိုဂျိုယေးဘာတန်ကိုလွဲပြောင်းခဲ့ရသလိုအရန်အသင်းအတွက်သာစားခဲ့ရပါတယ်။
၂၀၁၁ခုနှစ်တွင်ကစားသမားဘဝမှအနားယူခဲ့တဲ့လူကေးဟာလူးဝစ်အန်းနရစ်ထွက်ခွာသွားပြီးနောက် စပိန်အသင်းအတွက်အကြီးမားဆုံးပြောင်းလဲမှုတွင်ပါဝင်လာပါတယ်။
စပိန်နည်းပြလူးဝစ်အန်းနရစ်ဟာကမ္ဘာ့ဖလား၁၆သင်းရှုံးထွက်အဆင့်တွင်မော်ရိုကိုအားပင်နယ်တီအဆုံးအဖြတ်ဖြင့်ရှုံးနိမ့်ပြီးနောက်ရာထူးမှထွက်ခွာသွားခဲ့ပါတယ်။
စပိန်ဟာလူးဝစ်အန်းနရစ်နေရာတွင်စပိန်ယူ-၂၁နည်းပြဒီလာဖူအန်တီကိုအစားထိုးခန့်အပ်ထားပါတယ်။ဒီလာဖူအန်တီဟာစပိန်အတွက်ပထမဆုံးပွဲအဖြစ်မတ်လတွင်နော်ဝေ၊စကော့တလန်တို့နှင့်ရင်ဆိုင်ရပါမယ်။
zawgyi
ကမာၻ႔ဖလားရႈံးထြက္အဆင့္မွ ထြက္ခဲ့ရၿပီးေနာက္ အားကစားဒါ႐ိုက္တာအျဖစ္ နယူးကာဆယ္စတားေဟာင္းလူေကးကို စပိန္ခန႔္အပ္လာ
စပိန္ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာကမာၻ႔ဖလား၁၆သင္းရႈံးထြက္အဆင့္မွထြက္ခြာလိုက္ရၿပီးေနာက္အားကစားဒါ႐ိုက္တာအျဖစ္အယ္ဘတ္လူေကးကိုခန႔္အပ္လာပါတယ္။
အသက္၄၄ႏွစ္ရွိလူေကးဟာလာမယ့္ဇန္နဝါရီလမွစတင္ကာဟိုေဆးဖရန္ဆစၥကိုမိုလီနာရဲ႕ေနရာတြင္အားကစားဒါ႐ိုက္တာအျဖစ္အစားထိုးတာဝန္ထမ္းေဆာင္သြားပါမယ္။
လူေကးဟာသူ႔ကစားသမားဘဝအမ်ားစုကိုစပိန္တြင္ကုန္ဆုံးခဲ့သူျဖစ္ၿပီးနယူးကာဆယ္တြင္ႏွစ္ရာသီၾကာကစားခဲ့သူျဖစ္ပါတယ္။
သူဟာလာလီဂါကလပ္မ်ားျဖစ္ၾကတဲ့မာေယာ့ကာ၊ဒီပို႔တီဗို၊မာလာဂါတို႔တြင္ကစားၿပီးေနာက္၂၀၀၅ခုႏွစ္တြင္နယူးကာဆယ္သို႔ေပါင္၉သန္းျဖင့္ေျပာင္းကစားခဲ့ပါတယ္။
သူဟာနယူးကာဆယ္တြင္ကစားတဲ့ပထမရာသီတြင္အေကာင္းဆုံးပုံစံရရွိရန္႐ုန္းကန္ရျခင္း၊ဒဏ္ရာျပႆနာတို႔ႏွင့္ႀကဳံရၿပီးေနာက္ အသင္းေျပာင္းၿပီး ၉လအၾကာဧၿပီလတြင္မွနယူးကာဆယ္အတြက္ပထမဆုံးဂိုးကိုသြင္းႏိုင္ခဲ့ပါတယ္။
သူဟာဒုတိယရာသီမွာေတာ့သူ႔ေက်ာနံပါတ္ကိုဂ်ိဳေယးဘာတန္ကိုလြဲေျပာင္းခဲ့ရသလိုအရန္အသင္းအတြက္သာစားခဲ့ရပါတယ္။
၂၀၁၁ခုႏွစ္တြင္ကစားသမားဘဝမွအနားယူခဲ့တဲ့လူေကးဟာလူးဝစ္အန္းနရစ္ထြက္ခြာသြားၿပီးေနာက္ စပိန္အသင္းအတြက္အႀကီးမားဆုံးေျပာင္းလဲမႈတြင္ပါဝင္လာပါတယ္။
စပိန္နည္းျပလူးဝစ္အန္းနရစ္ဟာကမာၻ႔ဖလား၁၆သင္းရႈံးထြက္အဆင့္တြင္ေမာ္႐ိုကိုအားပင္နယ္တီအဆုံးအျဖတ္ျဖင့္ရႈံးနိမ့္ၿပီးေနာက္ရာထူးမွထြက္ခြာသြားခဲ့ပါတယ္။
စပိန္ဟာလူးဝစ္အန္းနရစ္ေနရာတြင္စပိန္ယူ-၂၁နည္းျပဒီလာဖူအန္တီကိုအစားထိုးခန႔္အပ္ထားပါတယ္။ဒီလာဖူအန္တီဟာစပိန္အတြက္ပထမဆုံးပြဲအျဖစ္မတ္လတြင္ေနာ္ေဝ၊စေကာ့တလန္တို႔ႏွင့္ရင္ဆိုင္ရပါမယ္။