ငှက်ကျားဋ္ဌာနေထက် ကောင်းကင်ပြာတဲ့နေ့တုန်းက မိုးတွေရွှဲရွှဲစိုလို့

သောကြာည အင်္ဂလန်ပရီးမီးယားလိဂ် ပွဲစဉ်-၃၆ ပွဲကြိုသုံးသပ်ချက်

နယူးကာဆယ် နှင့် မန်စီးတီး (ည ၁း၃၀)(အိုဇုန်း)

တန်းတင်ကျန်ရစ်ခွင့်ရရှိသွားပြီဖြစ်လို့နယူးကာဆယ်အတွက်အမှတ်လိုအပ်ချက်မရှိတော့ပါဘူး။ပွဲကျပ်ကာလကိုနယူးကာဆယ်အကောင်းဆုံးဖြတ်ကျော်နိုင်ခဲ့တယ်ဆိုတာတန်းဆင်းဖိအားရှိပြီးဝယ်ဆန်ဦးဆောင်တဲ့တိုက်စစ်ဂိုးမြူးလို့ပါ။

နယူးကာဆယ်ခံစစ်ကတော့စိတ်ပျက်စရာကောင်းလောက်အောင်ညံ့ဖျင်းလှပါတယ်။မန်စီးတီးကလည်းသရဖူဆွတ်ခူးထားနိုင်ပြီဖြစ်လို့ပရီးမီးယားလိဂ်ကို အာရုံမစိုက်ဘဲချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက်ပဲပြင်ဆင်နေပါလိမ့်မယ်။

ဒါကြောင့်လုံခြုံပါတယ်ဆိုတဲ့မန်စီးတီးခံစစ်ကဖိအားကင်းကင်းကစားမယ့်အခြေအနေကြားမှာပွင့်ကိုထွက်လာနိုင်တယ်။မန်စီးတီးတိုက်စစ်ကတော့ဘယ်သူပဲပွဲထွက်ထွက်ဂိုးသွင်းအားစိတ်ချရပြီးသားပါ။

အသင်းရွေးဖို့ထက်ဂိုးပေါင်းအပေါ်ကိုရွေးချယ်တာအမှန်ကန်ဆုံးလုပ်ရပ် ဖြစ်လိမ့်မယ်။ငှက်ကျားတို့ဋ္ဌာနေထက်ကောင်းကင်ပြာလာတဲ့နေ့တုန်းကဂိုးမိုးတွေရွှဲရွှဲစိုလို့ပေါ့။

zawgyi




