ပရီးမီးယားလိဂ်တွင် ဘယ်အသင်းရဲ့ပရိသတ်က ထိပ်အပြောင်ဆုံးလဲ
နယူးကာဆယ်ပရိသတ်များဟာအသင်းရဲ့ရလဒ်ဆိုးရွားမှုနဲ့အတူခေါင်းမွှေးပြောင်ကာပရီးမီးယားလိဂ်ရဲ့ထိပ်အပြောင်ဆုံးပရိသတ်များအဖြစ်ရပ်တည်နေကြပါတယ်။
နယူးကာဆယ်အသင်းဟာယခုရာသီမှာရုန်းကန်ရပေမယ့်လည်းပရီးမီးယားလိဂ်တွင်ဆက်လက်ရှင်သန်ရန်သေချာနေပြီလည်းဖြစ်ပါတယ်။
ဒါပေမယ့်နယူးကာဆယ်အသင်းရဲ့အမျိုးသားပရိသတ်၄၉ရာခိုင်နှုန်းကထိပ်ပြောင်ကာပရီးမီးယားလိဂ်မှာထိပ်အပြောင်ဆုံးပရိသတ်များအဖြစ်ရပ်တည်နေတယ်။
ပိုပြီးတော့စိတ်ဝင်စားဖို့ကောင်းတာကတော့ပရီးမီးယားလိဂ်ပရိသတ်အားလုံးရဲ့၃၀ရာခိုင်နှုန်းကထိပ်ပြောင်ကြပါတယ်။
ပရီးမီးယားလိဂ်မှာဒုတိယထိပ်အပြောင်ဆုံးပရိသတ်ကတော့လီဗာပူးပရိသတ်များဖြစ်ပြီးလီဗာပူးအမျိုးသားပရိသတ်ရဲ့၄၇ရာခိုင်နှုန်းကထိပ်ပြောင်ကြပါတယ်။ချဲလ်ဆီးပရိသတ်များက၄၂ရာခိုင်နှုန်းဖြင့်ဆတတိယနေရာမှာရပ်တည်နေပြီးစပါးစ်ပရိသတ်များက၄၁ရာခိုင်နှုန်းဖြင့်အဆင့်၄နေရာမှာရပ်တည်နေကာအဆင့်၅နေရာမှာအဲဗာတန်ပရိသတ်များက၄၁ရာခိုင်နှုန်းဖြင့်ရပ်တည်နေပါတယ်။
အဆင့်၆နေရာမှာဗီလာပရိသတ်များက၃၈ရာခိုင်နှုန်းဖြင့်လည်းကောင်း၊အဆင့်၇နေရာမှာဖူလ်ဟမ်ပရိသတ်များက၃၇ရာခိုင်နှုန်းဖြင့်လည်းကောင်း၊မန်ယူပရိသတ်များက၃၆ရာခိုင်နှုန်းဖြင့်အဆင့်၈နေရာမှာလည်းကောင်း၊အဆင့်၉နေရာမှာပဲလေ့စ်ပရိသတ်များက၃၄ရာခိုင်နှုန်းဖြင့်လည်းကောင်း၊အဆင့်၁၀နေရာမှာမန်စီးတီးပရိသတ်များက၂၇ရာခိုင်နှုန်းဖြင့်လည်းကောင်းရပ်တည်နေပါတယ်။
၎င်းတို့ရဲ့နောက်မှအဆင့်၁၁ဝက်စ်ဟမ်း (၂၆ရာခိုင်နှုန်း)၊အဆင့်၁၂အာဆင်နယ်(၂၆ရာခိုင်နှုန်း)၊အဆင့်၁၃ရှက်ဖီးလ်ယူနိုက်တက်(၂၃ရာခိုင်နှုန်း)၊အဆင့်၁၄ဆောက်သမ်တန်(၂၂ရာခိုင်နှုန်း)၊အဆင့်၁၅ဘန်လေ(၃၃ရာခိုင်နှုန်း)၊အဆင့်၁၆ဘရိုက်တန်(၂၁ရာခိုင်နှုန်း)၊အဆင့်၁၇လိဒ်ယူနိုက်တက်(၂၀ရာခိုင်နှုန်း)၊အဆင့်၁၈ဝက်စ်ဘရွန်း(၂၀ရာခိုင်နှုန်း)၊အဆင့်၁၉လက်စတာ(၁၆ရာခိုင်နှုန်း)၊အဆင့်၂၀ဝုဗ်(၁၆ရာခိုင်နှုန်း)တို့အသီးသီးရပ်တည်နေပါတယ်။
zawgyi