NHL စတားများနှင့်ပွဲတွင် အကောင်းဆုံးကစားပြီး ငယ်ဘဝအိပ်မက်ကို ဖြည့်ဆည်းခဲ့တဲ့ ပီတာချက်

ပီတာချက်ရဲ့National Hockey League ကစားသမားများနှင့်လေ့ကျင့်ခန်းဆင်းနေတဲ့ ဗီဒီယိုဖိုင်အွန်လိုင်းတွင်ထွက်ပေါ်လာပါတယ်။ပီတာချက်ဟာရေခဲပြင်ဟော်ကီစတားများနှင့်ကစားခွင့်လာမှုနဲ့အတူ သူ့ရဲ့ငယ်ဘဝအိပ်မက်ကိုလည်းဖြည့်ဆည်းလာနိုင်ခဲ့ပြီဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဂန္ထဝင်ဂိုးသမားဟာနွေရာသီတုန်းကချဲလ်ဆီးကိုတော့ဒ်ဘိုလေးဝယ်ယူလိုက်ပြီးတဲ့နောက် ချဲလ်ဆီးနည်းစနစ်ဒါရိုက်တာရာထူးမှထွက်ခွာလာခဲ့သူဖြစ်ပါတယ်။

သူဟာဘောလုံးလောကမှထွက်ခွာလာပြီးတဲ့နောက်သူချစ်တဲ့အခြားအားကစားနည်းတစ်ခုတွင်ပါဝင်ခွင့်ရရှိလာခဲ့ပါတယ်။ယခုအခါသူဟာ National Ice Hockey Division One မှ ဆီမီးပရိုအသင်းChelmsford Chieftainsမှာကစားနေပါတယ်။

ဒါ့အပြင်သူဟာတနင်္ဂနွေနေ့တုန်းကCalgary FlamesကိုChicago Blackhawksက၄-၃ဖြင့်ရှုံးနိမ့်တဲ့ပွဲအပြီးမှာတော့သူဟာ Chicago Blackhawksစတားများနှင့်အတူလေ့ကျင့်ခန်းဆင်းခွင့်ရခဲ့ပါတယ်။

ချဲလ်ဆီးဂန္ထဝင်ဂိုးသမားဟာChicago Blackhawks စတားများနှင့်လေ့ကျင့်ခန်းအစီအစဉ်တွင်ကာကွယ်မှုအမြောက်အမြားပြုလုပ်ပြနိုင်ခဲ့တာတွေ့ရပါတယ်။

သူဟာ Chicago Blackhawks စတားများနှင့်လေ့ကျင့်ခန်းဆင်းခွင့်ရတာကတော့သူ့ရဲ့သူငယ်ချင်း ချက်လက်ရွေးစင်နှင့် Chicago Blackhawks စတားပီတာမရာဇစ်ခ်ကြောင့်ဖြစ်ပါတယ်။

ပီတာချက်နှင့်မရာဇစ်ခ်တို့ဟာလွန်ခဲ့တဲ့ဆယ်နှစ်ကတည်းကခင်မင်လာခဲ့ကြတာဖြစ်ပြီးအေဂျင်စီတစ်ခုတည်းရဲ့လက်အောက်မှာကစားနေကြသူတွေလည်းဖြစ်ပါတယ်။သူဟာနွေရာသီတုန်းကလန်ဒန်သို့အလည်လာတဲ့မရာဇစ်ခ်ကိုအစစအရာရာအဆင်ပြေအောင်လုပ်ဆောင်ပေးခဲ့ပါတယ်။

ယခုလည်းမရာဇစ်ခ်ဟာပီတာချက်ကိုကွဲပြားတဲ့ကွင်းမှာကစားနိုင်အောင်လုပ်ဆောင်ပေးလာပါတယ်။

Chicago Blackhawks စတားများနှင့်လေ့ကျင့်ခန်းဆင်းခွင့်ရပြီးတဲ့နောက်ပီတာချက်ကသူ့ရဲ့ငယ်ဘဝအိပ်မက်ဖြစ်မြောက်လာခဲ့ပြီဖြစ်ကြောင်းဆိုသွားပါတယ်။

ပီတာချက်က “ကမ္ဘာ့ထိပ်တန်းကစားသမားတွေနဲ့ရင်ဆိုင်ရတာပါ။ဒီတော့သူတို့ဆီကကောင်းမွန်တဲ့ရိုက်ချက်၊ပါးနပ်မှု၊ထိန်းသိမ်းမှုမျှော်လင့်ရပါမယ်။ဒါပေမဲ့သူတို့လုပ်ဖို့ကြိုးစားတဲ့အချိန်မှာကွဲပြားမှုကိုဖြည့်နိုင်ဖို့၊သူတို့ကိုဖတ်ဖို့ကြိုးစားရပါတယ်။ခြုံပြောရရင်တော့ပျော်ရပါတယ်။တန်ဖိုးဖြတ်မရတဲ့အတွေ့အကြုံပါ။ကျွန်တော့်ငယ်ဘဝအိပ်မက်ဖြည့်ဆည်းလိုက်နိုင်ပါပြီ”လို့ပြောကြားသွားပါတယ်။

ZawGyi

NHL စတားမ်ားႏွင့္ပြဲတြင္ အေကာင္းဆုံးကစားၿပီး ငယ္ဘဝအိပ္မက္ကို ျဖည့္ဆည္းခဲ့တဲ့ ပီတာခ်က္

ပီတာခ်က္ရဲ႕National Hockey League ကစားသမားမ်ားႏွင့္ေလ့က်င့္ခန္းဆင္းေနတဲ့ ဗီဒီယိုဖိုင္အြန္လိုင္းတြင္ထြက္ေပၚလာပါတယ္။ပီတာခ်က္ဟာေရခဲျပင္ေဟာ္ကီစတားမ်ားႏွင့္ကစားခြင့္လာမႈနဲ႔အတူ သူ႔ရဲ႕ငယ္ဘဝအိပ္မက္ကိုလည္းျဖည့္ဆည္းလာႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ဂႏၴဝင္ဂိုးသမားဟာေႏြရာသီတုန္းကခ်ဲလ္ဆီးကိုေတာ့ဒ္ဘိုေလးဝယ္ယူလိုက္ၿပီးတဲ့ေနာက္ ခ်ဲလ္ဆီးနည္းစနစ္ဒါ႐ိုက္တာရာထူးမွထြက္ခြာလာခဲ့သူျဖစ္ပါတယ္။

သူဟာေဘာလုံးေလာကမွထြက္ခြာလာၿပီးတဲ့ေနာက္သူခ်စ္တဲ့အျခားအားကစားနည္းတစ္ခုတြင္ပါဝင္ခြင့္ရရွိလာခဲ့ပါတယ္။ယခုအခါသူဟာ National Ice Hockey Division One မွ ဆီမီးပ႐ိုအသင္းChelmsford Chieftainsမွာကစားေနပါတယ္။

ဒါ့အျပင္သူဟာတနဂၤေႏြေန႔တုန္းကCalgary FlamesကိုChicago Blackhawksက၄-၃ျဖင့္ရႈံးနိမ့္တဲ့ပြဲအၿပီးမွာေတာ့သူဟာ Chicago Blackhawksစတားမ်ားႏွင့္အတူေလ့က်င့္ခန္းဆင္းခြင့္ရခဲ့ပါတယ္။

ခ်ဲလ္ဆီးဂႏၴဝင္ဂိုးသမားဟာChicago Blackhawks စတားမ်ားႏွင့္ေလ့က်င့္ခန္းအစီအစဥ္တြင္ကာကြယ္မႈအေျမာက္အျမားျပဳလုပ္ျပႏိုင္ခဲ့တာေတြ႕ရပါတယ္။

သူဟာ Chicago Blackhawks စတားမ်ားႏွင့္ေလ့က်င့္ခန္းဆင္းခြင့္ရတာကေတာ့သူ႔ရဲ႕သူငယ္ခ်င္း ခ်က္လက္ေ႐ြးစင္ႏွင့္ Chicago Blackhawks စတားပီတာမရာဇစ္ခ္ေၾကာင့္ျဖစ္ပါတယ္။

ပီတာခ်က္ႏွင့္မရာဇစ္ခ္တို႔ဟာလြန္ခဲ့တဲ့ဆယ္ႏွစ္ကတည္းကခင္မင္လာခဲ့ၾကတာျဖစ္ၿပီးေအဂ်င္စီတစ္ခုတည္းရဲ႕လက္ေအာက္မွာကစားေနၾကသူေတြလည္းျဖစ္ပါတယ္။သူဟာေႏြရာသီတုန္းကလန္ဒန္သို႔အလည္လာတဲ့မရာဇစ္ခ္ကိုအစစအရာရာအဆင္ေျပေအာင္လုပ္ေဆာင္ေပးခဲ့ပါတယ္။

ယခုလည္းမရာဇစ္ခ္ဟာပီတာခ်က္ကိုကြဲျပားတဲ့ကြင္းမွာကစားႏိုင္ေအာင္လုပ္ေဆာင္ေပးလာပါတယ္။

Chicago Blackhawks စတားမ်ားႏွင့္ေလ့က်င့္ခန္းဆင္းခြင့္ရၿပီးတဲ့ေနာက္ပီတာခ်က္ကသူ႔ရဲ႕ငယ္ဘဝအိပ္မက္ျဖစ္ေျမာက္လာခဲ့ၿပီျဖစ္ေၾကာင္းဆိုသြားပါတယ္။

ပီတာခ်က္က “ကမာၻ႔ထိပ္တန္းကစားသမားေတြနဲ႔ရင္ဆိုင္ရတာပါ။ဒီေတာ့သူတို႔ဆီကေကာင္းမြန္တဲ့႐ိုက္ခ်က္၊ပါးနပ္မႈ၊ထိန္းသိမ္းမႈေမွ်ာ္လင့္ရပါမယ္။ဒါေပမဲ့သူတို႔လုပ္ဖို႔ႀကိဳးစားတဲ့အခ်ိန္မွာကြဲျပားမႈကိုျဖည့္ႏိုင္ဖို႔၊သူတို႔ကိုဖတ္ဖို႔ႀကိဳးစားရပါတယ္။ၿခဳံေျပာရရင္ေတာ့ေပ်ာ္ရပါတယ္။တန္ဖိုးျဖတ္မရတဲ့အေတြ႕အႀကဳံပါ။ကြၽန္ေတာ့္ငယ္ဘဝအိပ္မက္ျဖည့္ဆည္းလိုက္ႏိုင္ပါၿပီ”လို႔ေျပာၾကားသြားပါတယ္။