
ဗီနီရှပ်စ်ဂျူနီယာဟာ Nike ဘက်ကသူ့ကိုမမျှမတဆက်ဆံမှုအပေါ်မပျော်မရွှင်ဖြစ်နေမှုနှင့်အတူစပွန်ဆာစာချုပ်ဖျက်သိမ်းရန်ကြိုးပမ်းနေကြောင်းသိရပါတယ်။
ရီးရဲလ်မက်ဒရစ်စတားဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကပြိုင်ပွဲအရပ်ရပ်တွင်၂၂ဂိုးသွင်းယူကာရီးရဲလ်မက်ဒရစ်ကိုချန်ပီယံလိဂ်ဖလားနှင့်လာလီဂါဖလားဆွတ်ခူးနိုင်အောင်အဓိကနေရာမှကူညီခဲ့သူဖြစ်ပါတယ်။
သူဟာရီးရဲလ်မက်ဒရစ်တွင်အရေးပါတဲ့သူတစ်ဦးဖြစ်သလိုဘရာဇီးရဲ့ကာတာကမ္ဘာ့ဖလားဆွတ်ခူးနိုင်ရေးအတွက်လည်းအရေးပါသူတစ်ဦးဖြစ်နေပါတယ်။
သူဟာမနေ့ညတုန်းကတောင်ကိုရီးယားကို၄-၁ဂိုးဖြင့်အနိုင်ရရှိကာဘရာဇီးတို့ကမ္ဘာ့ဖလားကွာတားဖိုင်နယ်သို့တက်ခဲ့တဲ့ပွဲမှာအဖွင့်ဂိုးကိုသွင်းနိုင်ခဲ့ပါတယ်။
ဘရာဇီးစတားဟာNikeနှင့်၂၀၂၈ခုနှစ်အထိစာချုပ်ချုပ်ဆိုထားသူဖြစ်ပါတယ်။ဒါပေမဲ့သူဟာ Nike ကသူ့အပေါ်ဆက်ဆံမှုများအပေါ်မပျော်မရွှင်ဖြစ်နေကာသူ့ရဲ့ရှေ့နေများအားစာချုပ်ဖျက်သိမ်းရေးလုပ်ဆောင်ရန်ညွှန်ကြားလိုက်ပြီဖြစ်ကြောင်း O Globoကဖော်ပြလာပါတယ်။
နေမာဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကရီးရဲလ်မက်ဒရစ်အားချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်ရေးလုပ်ဆောင်ပေးခဲ့ရာတွင် Nike ဘက်ကသူ့ကိုယခင်ထုတ်လုပ်ထားပြီးသား ဖိနပ်များကိုသာထောက်ပံ့ပေးမှုအပေါ်မပျော်မရွှင်ဖြစ်နေခဲ့တာလည်းဖြစ်ပါတယ်။
သူဟာချန်ပီယံလိဂ်ဗိုလ်လုပွဲတွင်အနိုင်ဂိုးသွင်းခဲ့ပေမဲ့လည်း Nike ဘက်ကကောင်းမွန်တဲ့အသိအမှတ်ပြုမှုမခံခဲ့ရပါဘူး။
ဒါ့အပြင်သူဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီအချိန်တွင် Nike ရဲ့ကြီးမားတဲ့ကြော်ငြာအစီအစဉ်အချို့တို့တွင်ပါဝင်ခွင့်မရမှုအပေါ်မှာလည်းမပျော်မရွှင်ဖြစ်နေပါတယ်။
ဗီနီရှပ်စ်ဟာ Nike အပြင် Pepsi၊ EA Sports ၊ Vivo၊ Casas Bahia၊ BetNation ၊ OneFootball ၊ JetEngage ၊ Golden Concept ၊ Royalitizတို့နှင့်လည်းစပွန်ဆာစာချုပ်ချုပ်ဆိုထားသူဖြစ်ပါတယ်။
တကယ်လို့များဗီနီရှပ်စ်သာ Nikeနှင့်လမ်းခွဲလာပါက၂၀၂၀ခုနှစ်တုန်းကနေမာ လမ်းခွဲပြီးနောက် Nike တို့ဆုံးရှုံးလာတဲ့ဒုတိယမြောက်စူပါစတားဖြစ်လာပါမယ်။
နေမာဟာNikeနှင့်လမ်းခွဲကာPuma နှင့်တစ်နှစ်ပေါင်၂၃သန်းတန်စပွန်ဆာစာချုပ်ချုပ်ဆိုခဲ့ပါတယ်။
တကယ်လို့များဗီနီရှပ်စ်သာNikeနှင့်လမ်းခွဲလာပါက Adidas နှင့်Pumaတို့အပြိုင်ကြိုးပမ်းလာဖို့ရှိနေပါတယ်။
ZawGyi
Nike ႏွင့္စာခ်ဳပ္ဖ်က္သိမ္းေရးအတြက္ ဘရာဇီးစတားဗီနီရွပ္စ္ႀကိဳးပမ္းေန
ဗီနီရွပ္စ္ဂ်ဴနီယာဟာ Nike ဘက္ကသူ႔ကိုမမွ်မတဆက္ဆံမႈအေပၚမေပ်ာ္မ႐ႊင္ျဖစ္ေနမႈႏွင့္အတူစပြန္ဆာစာခ်ဳပ္ဖ်က္သိမ္းရန္ႀကိဳးပမ္းေနေၾကာင္းသိရပါတယ္။
ရီးရဲလ္မက္ဒရစ္စတားဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကၿပိဳင္ပြဲအရပ္ရပ္တြင္၂၂ဂိုးသြင္းယူကာရီးရဲလ္မက္ဒရစ္ကိုခ်န္ပီယံလိဂ္ဖလားႏွင့္လာလီဂါဖလားဆြတ္ခူးႏိုင္ေအာင္အဓိကေနရာမွကူညီခဲ့သူျဖစ္ပါတယ္။
သူဟာရီးရဲလ္မက္ဒရစ္တြင္အေရးပါတဲ့သူတစ္ဦးျဖစ္သလိုဘရာဇီးရဲ႕ကာတာကမာၻ႔ဖလားဆြတ္ခူးႏိုင္ေရးအတြက္လည္းအေရးပါသူတစ္ဦးျဖစ္ေနပါတယ္။
သူဟာမေန႔ညတုန္းကေတာင္ကိုရီးယားကို၄-၁ဂိုးျဖင့္အႏိုင္ရရွိကာဘရာဇီးတို႔ကမာၻ႔ဖလားကြာတားဖိုင္နယ္သို႔တက္ခဲ့တဲ့ပြဲမွာအဖြင့္ဂိုးကိုသြင္းႏိုင္ခဲ့ပါတယ္။
ဘရာဇီးစတားဟာNikeႏွင့္၂၀၂၈ခုႏွစ္အထိစာခ်ဳပ္ခ်ဳပ္ဆိုထားသူျဖစ္ပါတယ္။ဒါေပမဲ့သူဟာ Nike ကသူ႔အေပၚဆက္ဆံမႈမ်ားအေပၚမေပ်ာ္မ႐ႊင္ျဖစ္ေနကာသူ႔ရဲ႕ေရွ႕ေနမ်ားအားစာခ်ဳပ္ဖ်က္သိမ္းေရးလုပ္ေဆာင္ရန္ၫႊန္ၾကားလိုက္ၿပီျဖစ္ေၾကာင္း O Globoကေဖာ္ျပလာပါတယ္။
ေနမာဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကရီးရဲလ္မက္ဒရစ္အားခ်န္ပီယံလိဂ္ဖလားဆြတ္ခူးႏိုင္ေရးလုပ္ေဆာင္ေပးခဲ့ရာတြင္ Nike ဘက္ကသူ႔ကိုယခင္ထုတ္လုပ္ထားၿပီးသား ဖိနပ္မ်ားကိုသာေထာက္ပံ့ေပးမႈအေပၚမေပ်ာ္မ႐ႊင္ျဖစ္ေနခဲ့တာလည္းျဖစ္ပါတယ္။
သူဟာခ်န္ပီယံလိဂ္ဗိုလ္လုပြဲတြင္အႏိုင္ဂိုးသြင္းခဲ့ေပမဲ့လည္း Nike ဘက္ကေကာင္းမြန္တဲ့အသိအမွတ္ျပဳမႈမခံခဲ့ရပါဘူး။
ဒါ့အျပင္သူဟာ ကမာၻ႔ဖလားၿပိဳင္ပြဲမတိုင္မီအခ်ိန္တြင္ Nike ရဲ႕ႀကီးမားတဲ့ေၾကာ္ျငာအစီအစဥ္အခ်ိဳ႕တို႔တြင္ပါဝင္ခြင့္မရမႈအေပၚမွာလည္းမေပ်ာ္မ႐ႊင္ျဖစ္ေနပါတယ္။
ဗီနီရွပ္စ္ဟာ Nike အျပင္ Pepsi၊ EA Sports ၊ Vivo၊ Casas Bahia၊ BetNation ၊ OneFootball ၊ JetEngage ၊ Golden Concept ၊ Royalitizတို႔ႏွင့္လည္းစပြန္ဆာစာခ်ဳပ္ခ်ဳပ္ဆိုထားသူျဖစ္ပါတယ္။
တကယ္လို႔မ်ားဗီနီရွပ္စ္သာ Nikeႏွင့္လမ္းခြဲလာပါက၂၀၂၀ခုႏွစ္တုန္းကေနမာ လမ္းခြဲၿပီးေနာက္ Nike တို႔ဆုံးရႈံးလာတဲ့ဒုတိယေျမာက္စူပါစတားျဖစ္လာပါမယ္။
ေနမာဟာNikeႏွင့္လမ္းခြဲကာPuma ႏွင့္တစ္ႏွစ္ေပါင္၂၃သန္းတန္စပြန္ဆာစာခ်ဳပ္ခ်ဳပ္ဆိုခဲ့ပါတယ္။
တကယ္လို႔မ်ားဗီနီရွပ္စ္သာNikeႏွင့္လမ္းခြဲလာပါက Adidas ႏွင့္Pumaတို႔အၿပိဳင္ႀကိဳးပမ္းလာဖို႔ရွိေနပါတယ္။