သွင်းဂိုးဆိုတာ ရွှေထက်ရှားမယ့်ပွဲ

စနေည အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်-၁၃ ပွဲကြိုသုံးသပ်ချက်

နော်တင်ဟမ် နှင့် လီဗာပူး(ည ၆း၀၀)(စိုင်းကိုတောင်ကြီး)

လူများပြီးပွဲမစည်ဖြစ်နေတဲ့တန်းတက်အသင်းဟာနောက်ဆုံး၄ပွဲမှာ၁ ဂိုးသာရခဲ့လို့လည်းသူတို့အတွက်ဂိုးရဖို့ကအနိုင်နိုင်ဖြစ်နေပါတယ်။ဒါပေမဲ့နောက် ပိုင်းပွဲတွေမှာပေးဂိုးနည်းလာတဲ့အတွက်အဲဒါကအခုချိန်မှာသူတို့ရဲ့မရှိမယ့်ရှိမယ့်တိုးတက်မှုတစ်ခုဖြစ်မှာပါ။

ကြိုးကြာနီတို့ကတော့ ၁-၀ ရလဒ်တွေနဲ့ ပရီးမီးယားလိဂ်မှာအဆင့် ၇ နေရာတက်လှမ်းလာပါတယ်။သူတို့တိုက်စစ်မှာအနာတရတွေများနေလို့ နိုင်တာပဲ ကျေးဇူးတင်နေရမှာပါ။သွင်းဂိုးဆိုတာရွှေထက်ရှားမယ့်ပွဲမျိုးပေါ့။

zawgyi




