
သောကြာည အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်-၂၈ ပွဲကြိုသုံးသပ်ချက်
နော်တင်ဟမ် နှင့် နယူးကာဆယ်(ည ၂း၃၀)(စိုင်းကိုတောင်ကြီး)
ပရီးမီးယားလိဂ်မှာနောက်ဆုံး ၅ ပွဲဆက်နိုင်ပွဲပျောက်ထားပေမယ့်နော်တင်ဟမ်ဟာတန်းဆင်းဇုန်နဲ့ ၂ မှတ်အကွာအဆင့် ၁၄ နေရာရပ်တည်နိုင်ဆဲပါပဲ။ဒါပေမဲ့သူတို့ဟာအိမ်ကွင်းကနောက်ဆုံးပရီးမီးယားလိဂ် ၉ ပွဲစလုံးမှာတော့မရှုံးခဲ့ပါဘူး။ငှက်ကျားတွေကတော့ပြီးခဲ့တဲ့အပတ်ကဝုဗ်နဲ့အိမ်ကွင်းမှာနိုင်ပွဲပြန်ရှာတွေ့ခဲ့လို့ နှစ်ပွဲဆက်အရှုံးကိုရပ်တန့်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့လည်းအိုင်ဆက်တို့တိုက်စစ်ကနောက်ဆုံးပရီးမီယားလိဂ်အဝေးကွင်း ၄ ပွဲမှာ ၁ ဂိုးသာသွင်းနိုင်ခဲ့တာပါ။နော်တင်ဟမ်ကအိမ်ကွင်းမာသလိုကာဆယ်ကလည်းဒီရာသီပရီးမီးယားလိဂ်ရဲ့ခံစစ်အကောင်းဆုံးအသင်းဖြစ်နေတယ်။စီးတီးဂရောင်းမှာပျင်းစရာကောင်းမယ့်ညတစ်ညဖြစ်မှာပါ။
zawgyi
ပျင်းစရာကောင်းမယ့် စီးတီးဂရောင်းက ညတစ်ည