နော်ဝေကိုအကြိုက်ဆုံးပါ

တနင်္လာည ဥရောပဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

နော်ဝေ နှင့် မွန်တီနီဂရိုး (ည ၁း၁၅)(အိုဇုန်း)

နယ်သာလန်ရဲ့အုပ်စုဗိုလ်နေရာကို ယှဉ်လုနိုင်တာနော်ဝေတစ်သင်းတည်းပဲရှိပါတယ်။ လက်ရှိမှာနော်ဝေဟာဟာလန်းဦးဆောင်တဲ့တိုက်စစ်ပိုင်းဂိုးသွင်းအားထက်မြက်မှုနဲ့အတူစုဖွဲ့ကစားအားမြိုင်ဆိုင်လွန်းနေတဲ့အသင်းဖြစ်တယ်။ဒါကြောင့်မွန်တီနီဂရိုးခံစစ်ကြောင်းဘယ်လိုပဲခံစစ်ဆင်ဆင်အဝေးကွင်းဖြစ်နေတာကြောင့်နော်ဝေတိုက်စစ်ကိုထိန်းချုပ်ဟန့်တားဖို့ ခက်ပါလိမ့်မယ်။

ပွဲချိန်တစ်လျှောက်လုံးနော်ဝေကချည်းပဲအဆက်မပြတ်ဖိအားပေးတိုက်စစ်ဆင်ပြီးပွဲကိုထိန်းချုပ်ကစားသွားမှာပါ။ အနိုင်သေချာတဲ့ နော်ဝေကိုအကြိုက်ဆုံးပါပဲ။

zawgyi




