OleOUT ပို့စ်ကို Like လုပ်လိုက်တဲ့ ဂျက်စီလင်ဂတ်

ဂျက်စီလင်ဂတ်ဟာခရစ္စတီယာနိုရော်နယ်ဒိုပရိသတ်ပေ့ချ်တစ်ခုက မန်ချက်စတာယူနိုက်တက်နည်းပြအိုလီဂန်းနားဆိုးလ်ရှားအားရာထူးမှထုတ်ပယ်ရန်တောင်းဆိုထားတဲ့ပို့စ်တစ်ခုကို Like လုပ်လိုက်ပါတယ်။

အင်တာစဂရမ်တွင်တင်လာတဲ့ ယင်းပို့စ်တွင်လီဗာပူးအားအရှက်တကွဲရှုံးနိမ့်တဲ့ပွဲစဉ်မှဓာတ်ပုံများပါဝင်ပြီး OleOUT ဆိုတဲ့ hashtag သုံးထားပါတယ်။

ဂျက်စီလင်ဂတ်ဟာယခုရာသီတွင်လည်းဆိုးလ်ရှားလက်အောက်တွင်အရန်အဖြစ်သာအဓိကကစားနေရသူဖြစ်ပါတယ်။သူဟာဆိုးလ်ရှားကိုတကယ်တမ်းရာထူးမှထုတ်ပယ်လိုစေတဲ့ဆန္ဒရှိတာကြောင့် ယင်းပို့စ်ကိုLike လုပ်လိုက်တာလားဆိုတာအတိအကျပြောဖို့ခက်ပါတယ်။

လီဗာပူးဟာ၅-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲစဉ်တွင်မန်ယူဂန္ထဝင်နည်းပြဆာအဲလက်စ်ဖာဂူဆန်ဟာမန်ယူအသင်းရဲ့ကစားပုံကိုကြည့်ပြီးခေါင်းတရမ်းရမ်းဖြစ်နေခဲ့ကြောင်းသိရပါတယ်။

ဗြိတိန်နှင့်အီတလီမီဒီယာများရဲ့ဖော်ပြချက်အရဆာအဲလက်စ်ဖာဂူဆန်ဟာ လီဗာပူးအားရှုံးနိမ့်ပြီးနောက်ဆိုးလ်ရှားနေရာတွင်အစားထိုးရန်အတွက်ချဲလ်ဆီးနည်းပြဟောင်းအန်တိုနီယိုကွန်တီကိုဖုန်းဆက်သွယ်မှုပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

ZawGyi

OleOUT ပို႔စ္ကို Like လုပ္လိုက္တဲ့ ဂ်က္စီလင္ဂတ္

ဂ်က္စီလင္ဂတ္ဟာခရစၥတီယာႏိုေရာ္နယ္ဒိုပရိသတ္ေပ့ခ်္တစ္ခုက မန္ခ်က္စတာယူႏိုက္တက္နည္းျပအိုလီဂန္းနားဆိုးလ္ရွားအားရာထူးမွထုတ္ပယ္ရန္ေတာင္းဆိုထားတဲ့ပို႔စ္တစ္ခုကို Like လုပ္လိုက္ပါတယ္။

အင္တာစဂရမ္တြင္တင္လာတဲ့ ယင္းပို႔စ္တြင္လီဗာပူးအားအရွက္တကြဲရႈံးနိမ့္တဲ့ပြဲစဥ္မွဓာတ္ပုံမ်ားပါဝင္ၿပီး OleOUT ဆိုတဲ့ hashtag သုံးထားပါတယ္။

ဂ်က္စီလင္ဂတ္ဟာယခုရာသီတြင္လည္းဆိုးလ္ရွားလက္ေအာက္တြင္အရန္အျဖစ္သာအဓိကကစားေနရသူျဖစ္ပါတယ္။သူဟာဆိုးလ္ရွားကိုတကယ္တမ္းရာထူးမွထုတ္ပယ္လိုေစတဲ့ဆႏၵရွိတာေၾကာင့္ ယင္းပို႔စ္ကိုLike လုပ္လိုက္တာလားဆိုတာအတိအက်ေျပာဖို႔ခက္ပါတယ္။

လီဗာပူးဟာ၅-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲစဥ္တြင္မန္ယူဂႏၴဝင္နည္းျပဆာအဲလက္စ္ဖာဂူဆန္ဟာမန္ယူအသင္းရဲ႕ကစားပုံကိုၾကည့္ၿပီးေခါင္းတရမ္းရမ္းျဖစ္ေနခဲ့ေၾကာင္းသိရပါတယ္။

ၿဗိတိန္ႏွင့္အီတလီမီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရဆာအဲလက္စ္ဖာဂူဆန္ဟာ လီဗာပူးအားရႈံးနိမ့္ၿပီးေနာက္ဆိုးလ္ရွားေနရာတြင္အစားထိုးရန္အတြက္ခ်ဲလ္ဆီးနည္းျပေဟာင္းအန္တိုနီယိုကြန္တီကိုဖုန္းဆက္သြယ္မႈျပဳလုပ္ခဲ့ေၾကာင္း သိရပါတယ္။