One Love အသင်းခေါင်းဆောင်ပတ်လျှင် တစ်ပွဲပယ်ခံရမယ်လို့ ဟယ်ရီကိန်းနှင့် အသင်းခေါင်းဆောင်များ ခြိမ်းခြောက်ခံခဲ့ရ

ဟယ်ရီကိန်းနှင့် အခြားဥရောပအသင်းခေါင်းဆောင်တို့ဟာ One Love အသင်းခေါင်းဆောင်မဝတ်ဆင်ရေးအတွက်ဖီဖာရဲ့အကြီးအကျယ်ခြိမ်းခြောက်မှုကြုံတွေ့ခဲ့ရကြောင်းသိရပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်း၊ဝေးလ်အသင်းခေါင်းဆောင်ဂါရတ်ဘေးလ်နှင့်နယ်သာလန်အသင်းခေါင်းဆောင်ဗန်ဒိုက်တို့ဟာကမ္ဘာ့ဖလားအဖွင့်ပွဲတွင်LGBT+ အသိုင်းအဝိုင်းကိုထောက်ခံကြောင်းပြသတဲ့အနေဖြင့်One Love အသင်းခေါင်းဆောင်လက်ပတ်ကိုဝတ်ဆင်ရန်စီစဉ်ခဲ့ကြပါတယ်။

ဒါပေမဲ့လည်း၎င်းတို့ဟာဖီဖာရဲ့ခြိမ်းခြောက်မှုရင်ဆိုင်ခဲ့ရမှုနှင့်အတူ One Love အသင်းခေါင်းဆောင်လက်ပတ်ဝတ်ဆင်ရေးကိုလက်လျှော့ခဲ့ရပါတယ်။

ဂျာမနီအသင်းမီဒီယာဌာနအကြီးအကဲစတီဖင်ဆိုင်မွန်က အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်းမှာအီရန်နှင့်ပွဲတွင် One Love အသင်းခေါင်းဆောင်လက်ပတ်ဝတ်ဆင်ပါကအားကစားဆိုင်ရာပြင်းထန်တဲ့ပြစ်ဒဏ်ချမှတ်ခံရမယ်လို့ဖီဖာရဲ့ခြိမ်းခြောက်မှုခံခဲ့ရကြောင်းဖွင့်ဟလာပါတယ်။

ဆိုင်မွန်က “ပြိုင်ပွဲဒါရိုက်တာာအင်္ဂလန်အသင်းဆီသွားတယ်။ပြီးရင်တကယ်လို့ဝတ်ဆင်လာရင်ဘယ်လိုအရေးယူခြင်းခံရမယ်ဆိုပြီးအကြီးအကျယ်ခြိမ်းခြောက်ခဲ့တယ်။ကျွန်တော်တို့လက်ပတ်ကိုဆုံးရှုံးခဲ့ရတယ်။အရမ်းနာကျင်ရတယ်။ဒါပေမဲ့ကျွန်တော်တို့ဟာယခင်ကတန်ဖိုးအတိုင်းရှိနေတဲ့လူသားတွေအဖြစ်ရှိနေတုန်းပါ”လို့ပြောကြားသွားပါတယ်။

ဒါ့အပြင်ဒိန်းမတ်ဘောလုံးအဖွဲ့ချုပ်မှာလည်း One Love အသင်းခေါင်းဆောင်လက်ပတ်ဝတ်ဆင်လျှင် တစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းခံရမယ်လို့ခြိမ်းခြောက်ခံခဲ့ရပါတယ်။

ဒါကြောင့်လည်းဒိန်းမတ်အသင်းခေါင်းဆောင်ဆိုင်မွန်ခါယာဟာမနေ့ညတုန်းကတူနီးရှားနှင့်သရေကျတဲ့ပွဲတွင် One Love အသင်းခေါင်းဆောင်လက်ပတ်ကိုမဝတ်ဆင်ခဲ့ရပါတယ်။

ZawGyi

One Love အသင္းေခါင္းေဆာင္ပတ္လွ်င္ တစ္ပြဲပယ္ခံရမယ္လို႔ ဟယ္ရီကိန္းႏွင့္ အသင္းေခါင္းေဆာင္မ်ား ၿခိမ္းေျခာက္ခံခဲ့ရ

ဟယ္ရီကိန္းႏွင့္ အျခားဥေရာပအသင္းေခါင္းေဆာင္တို႔ဟာ One Love အသင္းေခါင္းေဆာင္မဝတ္ဆင္ေရးအတြက္ဖီဖာရဲ႕အႀကီးအက်ယ္ၿခိမ္းေျခာက္မႈႀကဳံေတြ႕ခဲ့ရေၾကာင္းသိရပါတယ္။

အဂၤလန္အသင္းေခါင္းေဆာင္ဟယ္ရီကိန္း၊ေဝးလ္အသင္းေခါင္းေဆာင္ဂါရတ္ေဘးလ္ႏွင့္နယ္သာလန္အသင္းေခါင္းေဆာင္ဗန္ဒိုက္တို႔ဟာကမာၻ႔ဖလားအဖြင့္ပြဲတြင္LGBT+ အသိုင္းအဝိုင္းကိုေထာက္ခံေၾကာင္းျပသတဲ့အေနျဖင့္One Love အသင္းေခါင္းေဆာင္လက္ပတ္ကိုဝတ္ဆင္ရန္စီစဥ္ခဲ့ၾကပါတယ္။

ဒါေပမဲ့လည္း၎တို႔ဟာဖီဖာရဲ႕ၿခိမ္းေျခာက္မႈရင္ဆိုင္ခဲ့ရမႈႏွင့္အတူ One Love အသင္းေခါင္းေဆာင္လက္ပတ္ဝတ္ဆင္ေရးကိုလက္ေလွ်ာ့ခဲ့ရပါတယ္။

ဂ်ာမနီအသင္းမီဒီယာဌာနအႀကီးအကဲစတီဖင္ဆိုင္မြန္က အဂၤလန္အသင္းေခါင္းေဆာင္ဟယ္ရီကိန္းမွာအီရန္ႏွင့္ပြဲတြင္ One Love အသင္းေခါင္းေဆာင္လက္ပတ္ဝတ္ဆင္ပါကအားကစားဆိုင္ရာျပင္းထန္တဲ့ျပစ္ဒဏ္ခ်မွတ္ခံရမယ္လို႔ဖီဖာရဲ႕ၿခိမ္းေျခာက္မႈခံခဲ့ရေၾကာင္းဖြင့္ဟလာပါတယ္။

ဆိုင္မြန္က “ၿပိဳင္ပြဲဒါ႐ိုက္တာာအဂၤလန္အသင္းဆီသြားတယ္။ၿပီးရင္တကယ္လို႔ဝတ္ဆင္လာရင္ဘယ္လိုအေရးယူျခင္းခံရမယ္ဆိုၿပီးအႀကီးအက်ယ္ၿခိမ္းေျခာက္ခဲ့တယ္။ကြၽန္ေတာ္တို႔လက္ပတ္ကိုဆုံးရႈံးခဲ့ရတယ္။အရမ္းနာက်င္ရတယ္။ဒါေပမဲ့ကြၽန္ေတာ္တို႔ဟာယခင္ကတန္ဖိုးအတိုင္းရွိေနတဲ့လူသားေတြအျဖစ္ရွိေနတုန္းပါ”လို႔ေျပာၾကားသြားပါတယ္။

ဒါ့အျပင္ဒိန္းမတ္ေဘာလုံးအဖြဲ႕ခ်ဳပ္မွာလည္း One Love အသင္းေခါင္းေဆာင္လက္ပတ္ဝတ္ဆင္လွ်င္ တစ္ပြဲပယ္ျပစ္ဒဏ္ခ်မွတ္ျခင္းခံရမယ္လို႔ၿခိမ္းေျခာက္ခံခဲ့ရပါတယ္။

ဒါေၾကာင့္လည္းဒိန္းမတ္အသင္းေခါင္းေဆာင္ဆိုင္မြန္ခါယာဟာမေန႔ညတုန္းကတူနီးရွားႏွင့္သေရက်တဲ့ပြဲတြင္ One Love အသင္းေခါင္းေဆာင္လက္ပတ္ကိုမဝတ္ဆင္ခဲ့ရပါတယ္။