
ဟယ်ရီကိန်းဟာကမ္ဘာ့ဖလားပြိုင်ပွဲတွင် One Love အသင်းခေါင်းဆောင်လက်ပတ်ဝတ်ဆင်ခွင့်ပိတ်ပင်ခြင်းခံရပြီးနောက် တန်ဖိုးကြီးရှားပါး Rolex Rainbow Daytona ကိုဝတ်ဆင်နေပါတယ်။
ဟယ်ရီကိန်းဟာယခုအပတ်အစောပိုင်းတုန်းကအီရန်နှင့်ကမ္ဘာ့ဖလားအဖွင့်ပွဲတွင် One Love အသင်းခေါင်းဆောင်လက်ပတ်ကိုဝတ်ဆင်ရန်စီစဉ်ထားပေမဲ့လည်း ဖီဖာကပွဲပယ်ခံရမည်လို့ခြိမ်းခြောက်လာမှုနဲ့အတူနောက်ဆုတ်ခဲ့ရပါတယ်။
ဒါကြောင့်လည်းအင်္ဂလန်၊ဝေးလ်၊ဂျာမနီ၊ဘယ်လ်ဂျီယံ၊ဆွစ်ဇာလန်၊ဒိန်းမတ်နှင့်နယ်သာလန်အသင်းတို့ဟာ One Love အသင်းခေါင်းဆောင်လက်ပတ်ဝတ်ဆင်နိုင်ခဲ့ခြင်းမရှိပါဘူး။
ဒါပေမဲ့လည်းဟယ်ရီကိန်းဟာ LGBT+ အသိုင်းအဝိုင်းနှင့်အတူရှိနေကြောင်းကိုအီရန်နှင့်ပွဲမတိုင်မီတွင် တန်ဖိုးကြီးရှားပါး ဒေါ်လာ၅၂၀၀၀၀တန်ဖိုးရှိ Rolex သက်တန့်နာရီကိုဝတ်ဆင်ကာပြသနေပါတယ်။
Rolex Rainbow Daytona တွင် 18K Rose Gold ပါဝင်ပြီးဈေးကွက်အတွင်းတွင်အလွန်ရှားပါးတဲ့နာရီများထဲမှတစ်လုံးလည်းဖြစ်ပါတယ်။ယင်းနာရီတွင်စိန်၅၆လုံးလည်းပါဝင်ပါတယ်။
ဂျာမနီအသင်းဟာOne Love အသင်းခေါင်းဆောင်လက်ပတ်ပိတ်ပင်ခံရမှုအားဂျပန်ကိုရှုံးနိမ့်တဲ့ပွဲမတိုင်မီအသင်းလိုက်ဓာတ်ပုံရိုက်ကူးရာတွင်ပါးစပ်ပိတ်ပြီးဆန့်ကျင်သပိတ်မှောက်ခဲ့ပါတယ်။
တဖက်တွင်ဒိန်းမတ်ဘောလုံးအဖွဲ့ချုပ်ဟာ One Love အသင်းခေါင်းဆောင်လက်ပတ်ပိတ်ပင်မှုအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင်ဖီဖာမှနုတ်ထွက်ရေးအတွက်ယူအီးအက်ဖ်အေအဖွဲ့ဝင်နိုင်ငံ၅၅နိုင်ငံနှင့်ဆွေးနွေးမှုပြုလုပ်သွားပါမယ်။
ZawGyi
One Love အသင္းေခါင္းေဆာင္လက္ပတ္အပိတ္ခံရၿပီးေနာက္ ေဒၚလာ ၅၂၀၀၀၀ တန္ သက္တန႔္ Rolex နာရီဝတ္ဆင္ေနတဲ့ ဟယ္ရီကိန္း
ဟယ္ရီကိန္းဟာကမာၻ႔ဖလားၿပိဳင္ပြဲတြင္ One Love အသင္းေခါင္းေဆာင္လက္ပတ္ဝတ္ဆင္ခြင့္ပိတ္ပင္ျခင္းခံရၿပီးေနာက္ တန္ဖိုးႀကီးရွားပါး Rolex Rainbow Daytona ကိုဝတ္ဆင္ေနပါတယ္။
ဟယ္ရီကိန္းဟာယခုအပတ္အေစာပိုင္းတုန္းကအီရန္ႏွင့္ကမာၻ႔ဖလားအဖြင့္ပြဲတြင္ One Love အသင္းေခါင္းေဆာင္လက္ပတ္ကိုဝတ္ဆင္ရန္စီစဥ္ထားေပမဲ့လည္း ဖီဖာကပြဲပယ္ခံရမည္လို႔ၿခိမ္းေျခာက္လာမႈနဲ႔အတူေနာက္ဆုတ္ခဲ့ရပါတယ္။
ဒါေၾကာင့္လည္းအဂၤလန္၊ေဝးလ္၊ဂ်ာမနီ၊ဘယ္လ္ဂ်ီယံ၊ဆြစ္ဇာလန္၊ဒိန္းမတ္ႏွင့္နယ္သာလန္အသင္းတို႔ဟာ One Love အသင္းေခါင္းေဆာင္လက္ပတ္ဝတ္ဆင္ႏိုင္ခဲ့ျခင္းမရွိပါဘူး။
ဒါေပမဲ့လည္းဟယ္ရီကိန္းဟာ LGBT+ အသိုင္းအဝိုင္းႏွင့္အတူရွိေနေၾကာင္းကိုအီရန္ႏွင့္ပြဲမတိုင္မီတြင္ တန္ဖိုးႀကီးရွားပါး ေဒၚလာ၅၂၀၀၀၀တန္ဖိုးရွိ Rolex သက္တန႔္နာရီကိုဝတ္ဆင္ကာျပသေနပါတယ္။
Rolex Rainbow Daytona တြင္ 18K Rose Gold ပါဝင္ၿပီးေဈးကြက္အတြင္းတြင္အလြန္ရွားပါးတဲ့နာရီမ်ားထဲမွတစ္လုံးလည္းျဖစ္ပါတယ္။ယင္းနာရီတြင္စိန္၅၆လုံးလည္းပါဝင္ပါတယ္။
ဂ်ာမနီအသင္းဟာOne Love အသင္းေခါင္းေဆာင္လက္ပတ္ပိတ္ပင္ခံရမႈအားဂ်ပန္ကိုရႈံးနိမ့္တဲ့ပြဲမတိုင္မီအသင္းလိုက္ဓာတ္ပုံ႐ိုက္ကူးရာတြင္ပါးစပ္ပိတ္ၿပီးဆန႔္က်င္သပိတ္ေမွာက္ခဲ့ပါတယ္။
တဖက္တြင္ဒိန္းမတ္ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာ One Love အသင္းေခါင္းေဆာင္လက္ပတ္ပိတ္ပင္မႈအတြက္ ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးတြင္ဖီဖာမွႏုတ္ထြက္ေရးအတြက္ယူအီးအက္ဖ္ေအအဖြဲ႕ဝင္ႏိုင္ငံ၅၅ႏိုင္ငံႏွင့္ေဆြးေႏြးမႈျပဳလုပ္သြားပါမယ္။