One Love အသင်းခေါင်းဆောင်လက်ပတ်ကြောင့် ပွဲမစတင်မီတွင်ပင် အဝါကတ်ပြသခံနိုင်ရတဲ့ ဟယ်ရီကိန်းနှင့်အခြားအသင်းခေါင်းဆောင်များ

၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲတွင် One Love အသင်းခေါင်းဆောင်လက်ပတ်ဝတ်ဆင်တဲ့လက်ရွေးစင်အသင်းခေါင်းဆောင်များဟာကမ္ဘာ့ဖလားပွဲမစတင်မီတွင်ပင်ဥမင်လှိုဏ်ခေါင်းအတွင်းမှာပင်အဝါကတ်ပြသခြင်းခံရမယ့်အပြင်ဒဏ်ရိုက်ခြင်းခံရမယ့်အရေးနှင့်ရင်ဆိုင်နေရပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်း၊ဂျာမနီအသင်းခေါင်းဆောင်မန်နူရယ်နူအာ၊ဝေးလ်အသင်းခေါင်းဆောင်ဂါရတ်ဘေးလ်၊ဘယ်လ်ဂျီယံအသင်းခေါင်းဆောင်အေဒင်ဟာဇက်၊နယ်သာလန်အသင်းခေါင်းဆောင်ဗာဂယ်ဗန်ဒိုက်၊ဒိန်းမတ်အသင်းခေါင်းဆောင်ဆိုင်မွန်ခါယာတို့ဟာကနယ်သာလန်ဘောလုံးအဖွဲ့ချုပ်ရဲ့LGBT+ အသိုင်းအဝိုင်းကိုထောက်ခံအားပေးတဲ့အနေဖြင့်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် One Love အသင်းခေါင်းဆောင်လက်ပတ်ကိုဝတ်ဆင်လာကြပါမယ်။

ဒါပေမဲ့ကမ္ဘာ့ဖလားအိမ်ရှင်ကာတာနိုင်ငံက မွတ်စလင်နိုင်ငံဖြစ်ပြီးလိင်တူဆက်ဆံမှုကိုရာဇဝတ်မှုအဖြစ်သတ်မှတ်ကာထောင်ဒဏ်၅နှစ်အထိချမှတ်နေပါတယ်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်မှတာဝန်ရှိသူများဟာယနေ့ညအီရန်နှင့်ပွဲမတိုင်မီ Match Commissioner နှင့်တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ရာ One Love အသင်းခေါင်းဆောင်လက်ပတ်မှာဖီဖာရဲ့စည်းမျဉ်းစည်းကမ်းကိုချိုးဖောက်ရာရောက်နေကြောင်းသတိပေးသွားပါတယ်။

ဒါ့အပြင် Match Commissioner ကယနေ့ညအီရန်နှင့်ပွဲမတိုင်မီအင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်းမှာ One Love အသင်းခေါင်းဆောင်ဝတ်ဆင်ထားပါက ပွဲမတိုင်မီတွင်အဝါကတ်ပြသခံရနိုင်တဲ့အပြင်ဥမင်လှိုဏ်ခေါင်းအတွင်းတွင်ပင်ဖီဖာတာဝန်ရှိသူများရဲ့အတင်းဆွဲချွတ်ခံရနိုင်ကြောင်း သတိပေးခဲ့ပါတယ်။

ဒါပေမဲ့လည်းအင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်း၊ဂျာမနီအသင်းခေါင်းဆောင်မန်နူရယ်နူအာ၊နယ်သာလန်အသင်းခေါင်းဆောင်ဗန်ဒိုက်တို့ကလည်းမည်သည့်ပြဿနာကြုံလာပါစေ One Love အသင်းခေါင်းဆောင်လက်ပတ်ကိုဝတ်ဆင်ကစားလာမည်ဖြစ်ကြောင်းဆိုထားသလို ဘောလုံးအဖွဲ့ချုပ်ကလည်းအပြည့်အဝထောက်ခံနေကြောင်းဆိုထားပါတယ်။

ZawGyi

One Love အသင္းေခါင္းေဆာင္လက္ပတ္ေၾကာင့္ ပြဲမစတင္မီတြင္ပင္ အဝါကတ္ျပသခံႏိုင္ရတဲ့ ဟယ္ရီကိန္းႏွင့္အျခားအသင္းေခါင္းေဆာင္မ်ား

၂၀၂၂ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ One Love အသင္းေခါင္းေဆာင္လက္ပတ္ဝတ္ဆင္တဲ့လက္ေ႐ြးစင္အသင္းေခါင္းေဆာင္မ်ားဟာကမာၻ႔ဖလားပြဲမစတင္မီတြင္ပင္ဥမင္လႈိဏ္ေခါင္းအတြင္းမွာပင္အဝါကတ္ျပသျခင္းခံရမယ့္အျပင္ဒဏ္႐ိုက္ျခင္းခံရမယ့္အေရးႏွင့္ရင္ဆိုင္ေနရပါတယ္။

အဂၤလန္အသင္းေခါင္းေဆာင္ဟယ္ရီကိန္း၊ဂ်ာမနီအသင္းေခါင္းေဆာင္မန္ႏူရယ္ႏူအာ၊ေဝးလ္အသင္းေခါင္းေဆာင္ဂါရတ္ေဘးလ္၊ဘယ္လ္ဂ်ီယံအသင္းေခါင္းေဆာင္ေအဒင္ဟာဇက္၊နယ္သာလန္အသင္းေခါင္းေဆာင္ဗာဂယ္ဗန္ဒိုက္၊ဒိန္းမတ္အသင္းေခါင္းေဆာင္ဆိုင္မြန္ခါယာတို႔ဟာကနယ္သာလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕LGBT+ အသိုင္းအဝိုင္းကိုေထာက္ခံအားေပးတဲ့အေနျဖင့္ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ One Love အသင္းေခါင္းေဆာင္လက္ပတ္ကိုဝတ္ဆင္လာၾကပါမယ္။

ဒါေပမဲ့ကမာၻ႔ဖလားအိမ္ရွင္ကာတာႏိုင္ငံက မြတ္စလင္ႏိုင္ငံျဖစ္ၿပီးလိင္တူဆက္ဆံမႈကိုရာဇဝတ္မႈအျဖစ္သတ္မွတ္ကာေထာင္ဒဏ္၅ႏွစ္အထိခ်မွတ္ေနပါတယ္။

အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္မွတာဝန္ရွိသူမ်ားဟာယေန႔ညအီရန္ႏွင့္ပြဲမတိုင္မီ Match Commissioner ႏွင့္ေတြ႕ဆုံေဆြးေႏြးမႈျပဳလုပ္ခဲ့ရာ One Love အသင္းေခါင္းေဆာင္လက္ပတ္မွာဖီဖာရဲ႕စည္းမ်ဥ္းစည္းကမ္းကိုခ်ိဳးေဖာက္ရာေရာက္ေနေၾကာင္းသတိေပးသြားပါတယ္။

ဒါ့အျပင္ Match Commissioner ကယေန႔ညအီရန္ႏွင့္ပြဲမတိုင္မီအဂၤလန္အသင္းေခါင္းေဆာင္ဟယ္ရီကိန္းမွာ One Love အသင္းေခါင္းေဆာင္ဝတ္ဆင္ထားပါက ပြဲမတိုင္မီတြင္အဝါကတ္ျပသခံရႏိုင္တဲ့အျပင္ဥမင္လႈိဏ္ေခါင္းအတြင္းတြင္ပင္ဖီဖာတာဝန္ရွိသူမ်ားရဲ႕အတင္းဆြဲခြၽတ္ခံရႏိုင္ေၾကာင္း သတိေပးခဲ့ပါတယ္။

ဒါေပမဲ့လည္းအဂၤလန္အသင္းေခါင္းေဆာင္ဟယ္ရီကိန္း၊ဂ်ာမနီအသင္းေခါင္းေဆာင္မန္ႏူရယ္ႏူအာ၊နယ္သာလန္အသင္းေခါင္းေဆာင္ဗန္ဒိုက္တို႔ကလည္းမည္သည့္ျပႆနာႀကဳံလာပါေစ One Love အသင္းေခါင္းေဆာင္လက္ပတ္ကိုဝတ္ဆင္ကစားလာမည္ျဖစ္ေၾကာင္းဆိုထားသလို ေဘာလုံးအဖြဲ႕ခ်ဳပ္ကလည္းအျပည့္အဝေထာက္ခံေနေၾကာင္းဆိုထားပါတယ္။