OnlyFans အကောင့်ဖွင့်လှစ်လာတဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ကွင်းအတွင်း ဝတ်လစ်စလစ်ဖြင့် ပြေးခဲ့တဲ့ အမေရိကန် Influencer

အမေရိကန် influencer နှင့်အများပြည်သူများနှင့်ဆိုင်တဲ့နေရာများတွင်ဝတ်လစ်စလစ်ဖြင့်ပြေးလွှားသူကန်စလေဝိုလန်စကီးဟာကိုယ်ပိုင် OnlyFans အကောင့်ဖွင့်လှစ်လာခဲ့ပြီဖြစ်ပါတယ်။

အသက်၂၆နှစ်ရှိအမျိုးသမီးဟာ၂၀၁၉ချန်ပီယံလိဂ်ဗိုလ်လုပွဲတုန်းကကွင်းအတွင်းသို့ဝတ်လစ်စလစ်ဖြင့်ကွင်းအတွင်းပြေးလွှားဝင်ရောက်မှုကြောင့်တစ်ကမ္ဘာလုံးရဲ့အာရုံစိုက်ခြင်းခံခဲ့ရသူလည်းဖြစ်ပါတယ်။

သူမဟာအနက်ရောင် V ပုံသဏ္ဍာန်ရေကူးဝတ်စုံဝတ်ဆင်ထားပြီးလီဗာပူးနှင့်စပါးစ်ကစားသမားများအကြားပြေးလွှားခဲ့ပါတယ်။

သူမဟာယင်းလုပ်ရပ်ကြောင့်အချုပ်ခန်းထဲမှာတစ်ညနေခဲ့ရပါတယ်။

သူမဟာချစ်သူပိုင်ဆိုင်တဲ့ပုရိသအကြိုက်ဝက်ဘ်ဆိုက်ကိုပရိုမိုးရှင်းဆင်းတဲ့အနေဖြင့်ကွင်းအတွင်းဝတ်လစ်စလစ်ဖြင့်ပြေးလွှားခဲ့တာလည်းဖြစ်ပါတယ်။

သူမဟာယင်းနောက်ပိုင်းတွင်ဆိုရှယ်မီဒီယာတွင်အလွန်အောင်မြင်လာခဲ့ပြီး အင်စတာဂရမ်တွင် Follower ၃.၆ သန်းပိုင်ဆိုင်ထားသလို ကိုယ်ပိုင်အဝတ်အစား Brand များလည်းထုတ်လုပ်ကာအောင်မြင်လာခဲ့ပါတယ်။

ဒါပေမဲ့ယခုလေးနှစ်အကြာမှာတော့သူမဟာကိုယ်တိုင် OnlyFans အကောင့်ဖွင့်လှစ်လာပါတယ်။

ZawGyi







