ကာဒစ်ဇ်ကိုအကြိုက်တွေ့မိတယ်

အင်္ဂါည စပိန်လာလီဂါ ပွဲစဉ်-၃၆ ပွဲကြိုသုံးသပ်ချက်

အိုဆာဆူနာ နှင့် ကာဒစ်ဇ် (၁၁း၃၀)(သတိုး- မှော်ဘီ)

အိုဆာဆူနာရောကာဒစ်ဇ်ပါနှစ်သင်းစလုံးတန်းတင်ကျန်ရစ်တာကြာပြီဖြစ်ပြီး အမှတ်လိုအပ်ချက်မရှိကြတော့ပါဘူး။ဒါကြောင့်လက်ရှိခြေစွမ်းအပေါ်ပဲ အဓိကထားစဉ်းစားသုံးသပ်ရပါမယ်။

အိုဆာဆူနာဟာလက်ရှိမှာခံစစ်နဲ့ကွင်းလယ်ပိုင်းယိုယွင်းလွန်းနေပြီးတိုက်စစ်ကဘယ်လောက်ဂိုးသွင်းသွင်းပလိုင်းပေါက်နဲ့ဖားကောက်သလိုဖြစ်နေရတဲ့အသင်းပါ။အိုဆာဆူနာရဲ့စုဖွဲ့မှုနဲ့စိတ်ဓာတ်ပိုင်းကလည်းသိပ်ပြီးယုံကြည်ချင်စရာမကောင်းဘူး။

ကာဒစ်ဇ်ကတော့ခြေစွမ်းနဲ့စိတ်ဓာတ်ပိုင်းအကောင်းဆုံးအခြေအနေပိုင်ဆိုင်ထားပြီးအခုနောက်ပိုင်းနိုင်ပွဲတွေလည်းဆက်တိုက်ရရှိလာနေပါပြီ။ကာဒစ်ဇ်ရဲ့မာဂုဏ်မြင့်မားနေမှုကြောင့်အိမ်ကွင်းဆိုပေမယ့်လည်းအိုဆာဆူနာအနိုင်ရဖို့မဖြစ်နိုင်ပါဘူး။သရေတစ်မှတ်ယူနိုင်ရင်ပဲ ၇၀ အကျိုးအမြတ်ရရှိမယ့်ကာဒစ်ဇ်ကိုအကြိုက်တွေ့မိတယ်။

zawgyi




