အမှတ်ရအောင်ယူမယ့် အလာဗက်စ်ကိုကြိုက်တယ်

ကြာသပတေးည စပိန်လာလီဂါ ပွဲစဉ်-၁၆ ပွဲကြိုသုံးသပ်ချက်

အိုဆာဆူနာ နှင့် အလာဗက်စ် (ည ၉:၄၅)(သတိုး- မှော်ဘီ)

တန်းဆင်းဇုန်ထဲကရုန်းထွက်ဖို့ အိုဆာဆူနာကြိုးစားကစားပေမယ့်လည်းရလဒ်ဆိုးတွေကြားတစ်ဝဲလည်လည်ဖြစ်နေရဆဲပါပဲ။ရွန်ကာဂလီယာ၊ တော်ရို၊ အဗီလာ၊ ဂျိုနီတို့ ဒဏ်ရာရရှိနေကြပြီးပီရက်ဇ်လည်းပွဲပယ်ခံထားရတာကြောင့်အိုဆာဆူနာရဲ့အနေအထားကယုံကြည်ချင်စရာမကောင်းဘူး။

ခံစစ်ယိုယွင်းလွန်းတာကြောင့်လည်းအိုဆာဆူနာမှာအိမ်ကွင်းမာဂုဏ်ဆိုတာတွေတောင်မရှိတော့ပါဘူး။အလာဗက်စ်ကတော့ လာလီဂါနောက်ဆုံး ၉ပွဲမှာ ရှုံးပွဲ ၂ပွဲသာရင်ဆိုင်ထားရတဲ့အသင်းပါ။

ဘက်တာဂလီယာပွဲပယ်ထိထားလို့ကွင်းလယ်အားပျော့နိုင်ပေမယ့်လည်း ပြိုင်ဘက်အိုဆာဆူနာကလည်းအားကောင်းမောင်းသန်မရှိလို့အလာဗက်စ်ခြေရည်တူယှဉ်ကစားနိုင်ပါလိမ့်မယ်။

သရေဆိုရင် ၃၅ နစ်နာရမယ်ဆိုပြီးအိုဆာဆူနာကအကျောပေးထားတာဟာသိပ်တော့မထူးဆန်းလှဘူး။ အိမ်ရှင်အားသာချက်ရှိလို့အကျောပေးတာပါ။လက်ရှိအခြေအနေအရ အိုဆာဆူနာနိုင်ပွဲရဖို့အချိန်မတန်သေးပါဘူး။အမှတ်ရအောင်ယူမယ့်အလာဗက်စ်ကိုကြိုက်တယ်။

zawgyi




