သရဲနီအတွက်နူးညံ့သိမ်မွေ့လွန်းတဲ့ ကစားသမားကို ဖာဂူဆန်ပြောကြားလာ

တစ်ခါတုန်းကဆာအဲလက်စ်ဖာဂူဆန်ကအိုဝင်ဟားဂရေ့ဗ်ကိုမန်ယူအတွက်ကစားရန်နူးညံ့သိမ်မွေ့လွန်းကြောင်းပြောကြားခဲ့ဖူးပါတယ်။

အိုဝင်ဟားဂရေ့ဗ်ဟာ၂၀၀၇ခုနှစ်မှာဘိုင်ယန်မြူးနစ်မှပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး၂၀၀၈ခုနှစ်တွင်ပရီးမီးယားလိဂ်နှင့်ချန်ပီယံလိဂ်ဖလားတို့တပြိုင်တည်းဆွတ်ခူးနိုင်ခဲ့ပါတယ်။

သူဟာမန်ယူတွင်ကစားစဉ်ကာလအတွင်းတွင်ဒဏ်ရာပြဿနာများစွာကြုံဆုံခဲ့ရပြီး၂၀၁၁ခုနှစ်စာချုပ်သက်တမ်းကုန်ဆုံးချိန်တွင်ထွက်ခွာခဲ့ပါတယ်။

ဖာဂူဆန်က “ဒီနေ့မနက်ဘယ်လိုအခြေအနေရှိလဲလို့ကျုပ်ကမေးလိုက်ရင်သူကအားလုံးအဆင်ပြေတယ်ဘော့စ်လို့သူဖြေလိမ့်မယ်။ဒါပေမယ့်ကျုပ်ဆိုသူ့လိုပြောမှာမဟုတ်ဘူး။အဲဒီလိုမျိုးခံစားရတယ်။သူ့ကိုကျုပ်ခေါ်ယူကတည်းကသူနဲ့ပတ်သက်ပြီးမကြိုက်တာတစ်ချို့ရှိတယ်။ခေါင်းဆောင်တိုင်းမှာပင်ကိုစရိုက်တစ်ခုခုရှိရမယ်။ကျုပ်ကတော့အရမ်းနူးညံ့လွန်းတယ်။အိုးထရက်ဖို့ဒ်သို့ဆေးကုသဖို့သူလာတုန်းကလည်းသူ့ကိုသံသယဝင်ခဲ့ဖူးတယ်။သူကအရမ်းအရမ်းကိုနူးညံ့သိမ်မွေ့လွန်းတယ်”လို့ပြောကြားခဲ့ပါတယ်။

ဟားဂရေ့ဗ်ဟာမန်ယူသို့ရောက်ရှိတဲ့ပထမရာသီမှာအဓိကကစားသမားအဖြစ်ကစားခဲ့ရပြီးချဲလ်ဆီးနှင့်ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာပွဲထွက်ကစားခဲ့ပါတယ်။

ဒါ့အပြင်ဖာဂူဆန်ကအိုဝင်ဟားဂရေ့ဗ်မှာအလယ်တန်းတွင်သာမကနေရာစုံတွင်ကစားနိုင်စွမ်းရှိတဲ့စွယ်စုံရကစားသမားဖြစ်ကြောင်းလည်းပြောကြားခဲ့ပါတယ်။

ဖာဂူဆန်က “ညာနောက်ခံလူ၊ညာတောင်ပံ၊ဗဟိုအလယ်တန်းနေရာမှာလည်းကစားနိုင်တယ်။ချဲလ်ဆီးနဲ့၂၀၀၈ချန်ပီယံလိဂ်ဗိုလ်လုပွဲတုန်းကသူ့ကိုညာတောင်ပံမှာသုံးခဲ့တယ်။အစတုန်းကကျုပ်တို့အသင်းဟာချဲလ်ဆီးရဲ့အလယ်တန်းကစားသမားသုံးဦးကြောင့်ရုန်းကန်ခဲ့ရတယ်။ဒါကြောင့်သူ့ကိုကွင်းလယ်သို့သွင်းပြီးရွန်းနီကိုညာခြမ်းသို့ပို့လိုက်တယ်။အလုပ်လည်းဖြစ်ခဲ့တယ်။သူ့ကတော်တော်တန်ဖိုးရှိတဲ့သူပါ။ဒါပေမယ့်သူ့ရဲ့ဒဏ်ရာကြောင့်ပွဲကစားရမှုနည်းမှုကအားလုံးကိုဆုံးရှုံးခဲ့ရတယ်”လို့ပြောကြားခဲ့ပါတယ်။

zawgyi

သရဲနီအတြက္ႏူးညံ့သိမ္ေမြ႕လြန္းတဲ့ ကစားသမားကို ဖာဂူဆန္ေျပာၾကားလာ

တစ္ခါတုန္းကဆာအဲလက္စ္ဖာဂူဆန္ကအိုဝင္ဟားဂေရ႕ဗ္ကိုမန္ယူအတြက္ကစားရန္ႏူးညံ့သိမ္ေမြ႕လြန္းေၾကာင္းေျပာၾကားခဲ့ဖူးပါတယ္။

အိုဝင္ဟားဂေရ႕ဗ္ဟာ၂၀၀၇ခုႏွစ္မွာဘိုင္ယန္ျမဴးနစ္မွေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ၿပီး၂၀၀၈ခုႏွစ္တြင္ပရီးမီးယားလိဂ္ႏွင့္ခ်န္ပီယံလိဂ္ဖလားတို႔တၿပိဳင္တည္းဆြတ္ခူးႏိုင္ခဲ့ပါတယ္။

သူဟာမန္ယူတြင္ကစားစဥ္ကာလအတြင္းတြင္ဒဏ္ရာျပႆနာမ်ားစြာႀကဳံဆုံခဲ့ရၿပီး၂၀၁၁ခုႏွစ္စာခ်ဳပ္သက္တမ္းကုန္ဆုံးခ်ိန္တြင္ထြက္ခြာခဲ့ပါတယ္။

ဖာဂူဆန္က “ဒီေန႔မနက္ဘယ္လိုအေျခအေနရွိလဲလို႔က်ဳပ္ကေမးလိုက္ရင္သူကအားလုံးအဆင္ေျပတယ္ေဘာ့စ္လို႔သူေျဖလိမ့္မယ္။ဒါေပမယ့္က်ဳပ္ဆိုသူ႔လိုေျပာမွာမဟုတ္ဘူး။အဲဒီလိုမ်ိဳးခံစားရတယ္။သူ႔ကိုက်ဳပ္ေခၚယူကတည္းကသူနဲ႔ပတ္သက္ၿပီးမႀကိဳက္တာတစ္ခ်ိဳ႕ရွိတယ္။ေခါင္းေဆာင္တိုင္းမွာပင္ကိုစ႐ိုက္တစ္ခုခုရွိရမယ္။က်ဳပ္ကေတာ့အရမ္းႏူးညံ့လြန္းတယ္။အိုးထရက္ဖို႔ဒ္သို႔ေဆးကုသဖို႔သူလာတုန္းကလည္းသူ႔ကိုသံသယဝင္ခဲ့ဖူးတယ္။သူကအရမ္းအရမ္းကိုႏူးညံ့သိမ္ေမြ႕လြန္းတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ဟားဂေရ႕ဗ္ဟာမန္ယူသို႔ေရာက္ရွိတဲ့ပထမရာသီမွာအဓိကကစားသမားအျဖစ္ကစားခဲ့ရၿပီးခ်ဲလ္ဆီးႏွင့္ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာပြဲထြက္ကစားခဲ့ပါတယ္။

ဒါ့အျပင္ဖာဂူဆန္ကအိုဝင္ဟားဂေရ႕ဗ္မွာအလယ္တန္းတြင္သာမကေနရာစုံတြင္ကစားႏိုင္စြမ္းရွိတဲ့စြယ္စုံရကစားသမားျဖစ္ေၾကာင္းလည္းေျပာၾကားခဲ့ပါတယ္။

ဖာဂူဆန္က “ညာေနာက္ခံလူ၊ညာေတာင္ပံ၊ဗဟိုအလယ္တန္းေနရာမွာလည္းကစားႏိုင္တယ္။ခ်ဲလ္ဆီးနဲ႔၂၀၀၈ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတုန္းကသူ႔ကိုညာေတာင္ပံမွာသုံးခဲ့တယ္။အစတုန္းကက်ဳပ္တို႔အသင္းဟာခ်ဲလ္ဆီးရဲ႕အလယ္တန္းကစားသမားသုံးဦးေၾကာင့္႐ုန္းကန္ခဲ့ရတယ္။ဒါေၾကာင့္သူ႔ကိုကြင္းလယ္သို႔သြင္းၿပီး႐ြန္းနီကိုညာျခမ္းသို႔ပို႔လိုက္တယ္။အလုပ္လည္းျဖစ္ခဲ့တယ္။သူ႔ကေတာ္ေတာ္တန္ဖိုးရွိတဲ့သူပါ။ဒါေပမယ့္သူ႔ရဲ႕ဒဏ္ရာေၾကာင့္ပြဲကစားရမႈနည္းမႈကအားလုံးကိုဆုံးရႈံးခဲ့ရတယ္”လို႔ေျပာၾကားခဲ့ပါတယ္။