
အသင်းပြောင်းခွင့်ငြင်းပယ်ခံရပြီးနောက် မော်ရင်ဟိုရဲ့ရိုးမားကို တရားစွဲလာတော့မဲ့ ဇာနီအိုလီ
နီကိုလိုဇာနီအိုလီဟာပြီးခဲ့တဲ့ရက်သတ္တပတ်များတွင်သူ့အပေါ်ဆက်ဆံခဲ့မှုများအတွက်ရိုးမားအသင်းကိုတရားစွဲလာတော့မှာဖြစ်ပါတယ်။ အသက်၂၃နှစ်ရှိအီတလီအလယ်တန်းကစားသမားဟာအသင်းပြောင်းခွင့်တောင်းဆိုပြီးနောက်ဇန်နဝါရီလလယ်ပိုင်းမှစတင်ကာအသင်းရဲ့လူစာရင်းတွင်ချန်လှပ်ခြင်းခံလာခဲ့ရပါတယ်။ ဒါပေမဲ့သူဟာဘုန်းမောက်အသင်းသို့ပြောင်းရန်ငြင်းဆိုခဲ့ပါတယ်။ရိုးမားဟာဘုန်းမောက်ဘက်ကပေါင်၂၆သန်းဖြင့်ကမ်းလှမ်းမှုကိုမလက်ခံမှုအတွက်ကစားသမားအပေါ်အကြီးအကျယ်ဒေါသထွက်ခဲ့ပြီးကစားသမားမှာလည်းပရိသတ်များရဲ့ဒေါသနှင့်ရင်ဆိုင်ခဲ့ရပါတယ်။ ယခုအခါ ll Messaggero ရဲ့ဖော်ပြမှုအရဇာနီအိုလီရဲ့မိသားစုဝင်များဟာရှေ့နေများနှင့်တိုင်ပင်ကာရိုးမားကိုတရားစွဲရန်စီစဉ်နေကြောင်းသိရပါတယ်။ ဇာနီအိုလီရဲ့မိသားစုဝင်များက သူတို့သားကိုမီဒီယာမှတဆင့် စိတ်ပိုင်းဆိုင်ရာဖိအားပေးမှု၊အနိုင်ကျင့်မှုတို့ဖြင့်တရားစွဲဆိုရန်စီစဉ်နေပါတယ်။ ဇာနီအိုလီနှင့်မိခင်ဖြစ်သူတို့ဟာနေအိမ်ရှေ့ခြံစည်းရိုးတွင်ရိုးမားပရိသတ်များရဲ့ခြိမ်းခြောက်စာရေးသားခြင်းလည်းခံခဲ့ရပါတယ်။ အီတလီလက်ရွေးစင်အသင်းအတွက်၁၁ပွဲကစားထားတဲ့ဇာနီအိုလီဟာဇန်နဝါရီလ၁၂ရက်နေ့တုန်းကဂျီနိုအာနှင့်ပွဲတွင်၈၆မိနစ်ကစားပြီးနောက်ပိုင်းတွင်ပွဲကစားခွင့်မရလာခဲ့ပါဘူး။ သူဟာရိုးမားနှင့်၂၀၂၄ခုနှစ်၊ဇွန်လအထိစာချုပ်ချုပ်ဆိုထားသူဖြစ်ပါတယ်။ ZawGyi အသင္းေျပာင္းခြင့္ျငင္းပယ္ခံရၿပီးေနာက္ ေမာ္ရင္ဟိုရဲ႕႐ိုးမားကို တရားစြဲလာေတာ့မဲ့ ဇာနီအိုလီ နီကိုလိုဇာနီအိုလီဟာၿပီးခဲ့တဲ့ရက္သတၱပတ္မ်ားတြင္သူ႔အေပၚဆက္ဆံခဲ့မႈမ်ားအတြက္႐ိုးမားအသင္းကိုတရားစြဲလာေတာ့မွာျဖစ္ပါတယ္။ အသက္၂၃ႏွစ္ရွိအီတလီအလယ္တန္းကစားသမားဟာအသင္းေျပာင္းခြင့္ေတာင္းဆိုၿပီးေနာက္ဇန္နဝါရီလလယ္ပိုင္းမွစတင္ကာအသင္းရဲ႕လူစာရင္းတြင္ခ်န္လွပ္ျခင္းခံလာခဲ့ရပါတယ္။ ဒါေပမဲ့သူဟာဘုန္းေမာက္အသင္းသို႔ေျပာင္းရန္ျငင္းဆိုခဲ့ပါတယ္။႐ိုးမားဟာဘုန္းေမာက္ဘက္ကေပါင္၂၆သန္းျဖင့္ကမ္းလွမ္းမႈကိုမလက္ခံမႈအတြက္ကစားသမားအေပၚအႀကီးအက်ယ္ေဒါသထြက္ခဲ့ၿပီးကစားသမားမွာလည္းပရိသတ္မ်ားရဲ႕ေဒါသႏွင့္ရင္ဆိုင္ခဲ့ရပါတယ္။ ယခုအခါ ll Messaggero ရဲ႕ေဖာ္ျပမႈအရဇာနီအိုလီရဲ႕မိသားစုဝင္မ်ားဟာေရွ႕ေနမ်ားႏွင့္တိုင္ပင္ကာ႐ိုးမားကိုတရားစြဲရန္စီစဥ္ေနေၾကာင္းသိရပါတယ္။ […]