
လာမယ့်နွေရာသီတွင် ချဲလ်ဆီးသို့ ပြောင်းရွှေ့ရန် အကြိုစာချုပ်ချုပ်ဆိုလိုက်တဲ့ လိုက်ဇစ်စတားအန်ကန်ကူ
ခရစ္စတိုဖာအန်ကန်ကူဟာလာမယ့်နွေရာသီတွင်ချဲလ်ဆီးသို့ပြောင်းရွှေ့ရန်အကြိုစာချုပ်ချုပ်ဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့အပတ်တုန်းကရက်ဘူးလ်လိုက်ဇစ်စတားအန်ကန်ကူဟာလာမယ့်နွေရာသီတွင်ချဲလ်ဆီးသို့ပြောင်းရွှေ့ရေးအကြိုစာချုပ်ချုပ်ဆိုရန်အတွက်ဂျာမနီတွင်ဆေးစစ်ဆေးမှုခံယူခဲ့ပါတယ်။ ယနေ့တွင် The Athletic ကအန်ကန်ကူမှာလာမယ့်နွေရာသီတွင်ချဲလ်ဆီးသို့ပြောင်းရန်အတွက်အကြိုစာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်းဖော်ပြလာပါတယ်။ အနောက်လန်ဒန်ကလပ်ဟာအန်ကန်ကူအတွက်ပြောင်းရွှေ့ကြေးယူရိုသန်း၆၀(ပေါင်၅၂.၇သန်း)ပေးရမှာဖြစ်ပါတယ်။ အန်ကန်ကူဟာလိုက်ဇစ်နှင့်၂၀၂၆ခုနှစ်အထိစာချုပ်ချုပ်ဆိုထားသူဖြစ်ပြီးသူ့စာချုပ်ဖျက်သိမ်းကြေးအချက်မှာလာမယ့်နွေမှစတင်အကြုံးဝင်လာမှာလည်းဖြစ်ပါတယ်။ ချဲလ်ဆီးဟာလာမယ့်နွေရာသီတွင်အန်ကန်ကူကိုခေါ်ယူရေးအခြားကလပ်များကလပ်အပြိုင်ကြိုးစားလာနိုင်မှုနဲ့အတူ ယခုကဲ့သို့ စောစောစီးစီးပင်အကြိုစာချုပ်ချုပ်ဆိုလိုက်တာလည်းဖြစ်ပါတယ်။ အန်ကန်ကူဟာ၂၀၁၉ခုနှစ်တွင်ပီအက်စ်ဂျီမှလိုက်ဇစ်သို့ပြောင်းရွှေ့လာပြီးနောက် လိုက်ဇစ်အတွက်၁၄၈ပွဲကစားခဲ့ရာမှာ၅၅ဂိုးသွင်းယူပြီး၄၈ကြိမ်ဖန်တီးပေးထားပါတယ်။ သူဟာမတ်လတုန်းကပြင်သစ်အတွက်စတင်ကစားခွင့်ရရှိထားပြီး ယခုအခါ ၈ပွဲကစားထားပြီးဖြစ်ပါတယ်။ သူဟာလာမယ့်နိုဝင်ဘာလတွင်စတင်ကျင်းပမယ့် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်းပြင်သစ်အသင်းနှင့်အတူပါဝင်လာဖို့ရှိနေပါတယ်။ ZawGyi လာမယ့်နွေရာသီတွင် ချဲလ်ဆီးသို့ ပြောင်းရွှေ့ရန် အကြိုစာချုပ်ချုပ်ဆိုလိုက်တဲ့ လိုက်ဇစ်စတားအန်ကန်ကူ ခရစ္စတိုဖာအန်ကန်ကူဟာလာမယ့်နွေရာသီတွင်ချဲလ်ဆီးသို့ပြောင်းရွှေ့ရန်အကြိုစာချုပ်ချုပ်ဆိုလိုက်ပါတယ်။ […]