ပြင်သစ်နည်းပြအဖြစ် ဒက်ချမ့် ဆက်ရှိမည်ဟု ပြင်သစ်အတည်ပြု

July 9, 2021 playmaker 0

ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌနိုရယ်လီဂရက်ကဒီဒီယာဒက်ချမ့်မှာပြင်သစ်နည်းပြအဖြစ်၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးအထိဆက်ရှိနေမှာဖြစ်ကြောင်းအတည်ပြုလာပါတယ်။ ဒီဒီယာဒက်ချမ့်ဦးဆောင်တဲ့ပြင်သစ်အသင်းဟာယူရို၂၀၂၀ပြိုင်ပွဲကိုချန်ပီယံဖြစ်ရန်ရေပန်းအစားဆုံးအသင်းအဖြစ်ပြိုင်ပွဲဝင်ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့်၎င်းတို့ဟာယူရို၂၀၂၀ပြိုင်ပွဲ၁၆သင်းရှုံးထွက်အဆင့်ပွဲစဉ်တွင်ဆွစ်ဇာလန်ကိုပင်နယ်တီအဆုံးအဖြတ်ဖြင့်ရှုံးနိမ့်ကာပြိုင်ပွဲမှစောစောစီးစီးထွက်ခွာခဲ့ရပါတယ်။ ယူရိုမှစောစောစီးစီးထွက်ခွာခဲ့ရမှုနဲ့အတူဒမ်ချမ့်မှပြင်သစ်နည်းပြရာထူးမှထွက်ခွာရမယ်လို့သတင်းထွက်လာခဲ့ပါတယ်။ဒါပေမယ့်နိုရယ်လီဂရက်ကဒက်ချမ့်မှာလာမယ့်နိုင်ငံတကာပြိုင်ပွဲကြီးအထိပြင်သစ်ကိုဦးဆောင်သွားမှာဖြစ်ကြောင်းအတည်ပြုလာပါတယ်။ ဒက်ချမ့်နဲ့အနာဂတ်နဲ့ပတ်သက်ပြီးမေးမြန်းလာမှုအားလီဂရက်က “အဖြေက Yes ပါ။ဗုဒ္ဓဟူးနေ့တုန်းကဂူအမ်ဂမ့်မှာသူနဲ့တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။သုံးမိနစ်အတွင်းမှာဘဲအဖြေရခဲ့ပါတယ်။သူကလည်းအတောင့်တင်းဆုံးပုံစံနဲ့ဆက်ရှိပါမယ်။ကျွန်တော်တို့လည်းဒီအတိုင်းပါပဲ။ကျွန်တော်တို့ဘာလုပ်ရမယ်။ဘာလုပ်နေတယ်ဆိုတာနဲ့ပတ်သက်ပြီးအငြင်းအခုံမရှိခဲ့ပါဘူး”လို့ Le Figaro သို့ပြောကြားသွားပါတယ်။ ပြင်သစ်အသင်းခေါင်းဆောင်ဟာ၂၀၁၂ခုနှစ်တွင်ပြင်သစ်အသင်းကိုကိုင်တွယ်ပြီးနောက်၂၀၁၈ကမ္ဘာ့ဖလားချန်ပီယံဖြစ်အောင်ဦးဆောင်ပေးထားပါတယ်။သူဟာပြင်သစ်ကိုယူရို၂၀၁၆ဗိုလ်လုပွဲသို့လည်းပို့ဆောင်ပေးခဲ့သူဖြစ်ပါတယ်။ ZawGyi ျပင္သစ္နည္းျပအျဖစ္ ဒက္ခ်မ့္ ဆက္ရွိမည္ဟု ျပင္သစ္အတည္ျပဳ ျပင္သစ္ေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠဌႏိုရယ္လီဂရက္ကဒီဒီယာဒက္ခ်မ့္မွာျပင္သစ္နည္းျပအျဖစ္၂၀၂၂ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးအထိဆက္ရွိေနမွာျဖစ္ေၾကာင္းအတည္ျပဳလာပါတယ္။ ဒီဒီယာဒက္ခ်မ့္ဦးေဆာင္တဲ့ျပင္သစ္အသင္းဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲကိုခ်န္ပီယံျဖစ္ရန္ေရပန္းအစားဆုံးအသင္းအျဖစ္ၿပိဳင္ပြဲဝင္ခဲ့ရတာျဖစ္ပါတယ္။ ဒါေပမယ့္၎တို႔ဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲ၁၆သင္းရႈံးထြက္အဆင့္ပြဲစဥ္တြင္ဆြစ္ဇာလန္ကိုပင္နယ္တီအဆုံးအျဖတ္ျဖင့္ရႈံးနိမ့္ကာၿပိဳင္ပြဲမွေစာေစာစီးစီးထြက္ခြာခဲ့ရပါတယ္။ ယူ႐ိုမွေစာေစာစီးစီးထြက္ခြာခဲ့ရမႈနဲ႔အတူဒမ္ခ်မ့္မွျပင္သစ္နည္းျပရာထူးမွထြက္ခြာရမယ္လို႔သတင္းထြက္လာခဲ့ပါတယ္။ဒါေပမယ့္ႏိုရယ္လီဂရက္ကဒက္ခ်မ့္မွာလာမယ့္ႏိုင္ငံတကာၿပိဳင္ပြဲႀကီးအထိျပင္သစ္ကိုဦးေဆာင္သြားမွာျဖစ္ေၾကာင္းအတည္ျပဳလာပါတယ္။ ဒက္ခ်မ့္နဲ႔အနာဂတ္နဲ႔ပတ္သက္ၿပီးေမးျမန္းလာမႈအားလီဂရက္က “အေျဖက Yes ပါ။ဗုဒၶဟူးေန႔တုန္းကဂူအမ္ဂမ့္မွာသူနဲ႔ေတြ႕ဆုံေဆြးေႏြးခဲ့ၾကပါတယ္။သုံးမိနစ္အတြင္းမွာဘဲအေျဖရခဲ့ပါတယ္။သူကလည္းအေတာင့္တင္းဆုံးပုံစံနဲ႔ဆက္ရွိပါမယ္။ကြၽန္ေတာ္တို႔လည္းဒီအတိုင္းပါပဲ။ကြၽန္ေတာ္တို႔ဘာလုပ္ရမယ္။ဘာလုပ္ေနတယ္ဆိုတာနဲ႔ပတ္သက္ၿပီးအျငင္းအခုံမရွိခဲ့ပါဘူး”လို႔ […]

အက်သလက်တီကိုနှင့် ၂၀၂၄ ခုနှစ်အထိ ဆီမြွန်နီ စာချုပ်သစ်ချုပ်ဆို

July 9, 2021 playmaker 0

ဒီယေဂိုဆီမြွန်နီဟာအက်သလက်တီကိုမက်ဒရစ်နှင့်စာချုပ်သစ်ချုပ်ဆိုလိုက်ပါတယ်။အာဂျင်တီးနားလူမျိုးနည်းပြဟာစာချုပ်သစ်ကြောင့်စပိန်ထိပ်သီးကလပ်တွင်၂၀၂၄ခုနှစ်အထိရှိနေပါမယ်။ ဒါ့အပြင်ဆီမြွန်နီနှင့်အတူသူ့ရဲ့နည်းပြအဖွဲ့ဝင်များဖြစ်ကြတဲ့အော်စကာအော်တေဂါ၊ပါဘလိုဗာစယ်လုန်း၊နယ်ဆင်ဗီဗက်စ်၊ဟာနန်ဘွန်ဗန်ဗီနီတို့ဟာလည်းသုံးနှစ်စာချုပ်သစ်ချုပ်ဆိုခဲ့ကြပါတယ်။ ဒီယေဂိုဆီမြွန်နီဟာ၂၀၁၁ခုနှစ်တွင်အက်သလက်တီကိုအား၂၀၁၁ခုနှစ်တွင်ကိုင်တွယ်ပြီးနောက်ဆုဖလား၈လုံးရရှိအောင်ဦးဆောင်ကာအက်သလက်တီကိုသမိုင်းတွင်အအောင်မြင်ဆုံးနည်းပြအဖြစ်ရပ်တည်နေပါတယ်။ သူဟာအက်သလက်တီကိုနှင့်အတူလာလီဂါဖလား၊ယူရိုပါလိဂ်၊ယူအီးအက်ဖ်အေစူပါဖလား၊ကိုပါဒယ်ရေးတို့ဆွတ်ခူးထားတဲ့အပြင်ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့လည်းနှစ်ကြိမ်တက်ရောက်ထားနိုင်ပါတယ်။ အက်သလက်တီကိုဟာ၂၀၂၀-၂၁ဘောလုံးရာသီတွင်လည်းလာလီဂါဖလားဆွတ်ခူးနိုင်ခဲ့ကာရာသီသစ်မှာချန်ပီယံဘွဲ့ကာကွယ်ရေးကြိုးပမ်းရပါမယ်။ ZawGyi အက္သလက္တီကိုႏွင့္ ၂၀၂၄ ခုႏွစ္အထိ ဆီႁမြန္နီ စာခ်ဳပ္သစ္ခ်ဳပ္ဆို ဒီေယဂိုဆီႁမြန္နီဟာအက္သလက္တီကိုမက္ဒရစ္ႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုက္ပါတယ္။အာဂ်င္တီးနားလူမ်ိဳးနည္းျပဟာစာခ်ဳပ္သစ္ေၾကာင့္စပိန္ထိပ္သီးကလပ္တြင္၂၀၂၄ခုႏွစ္အထိရွိေနပါမယ္။ ဒါ့အျပင္ဆီႁမြန္နီႏွင့္အတူသူ႔ရဲ႕နည္းျပအဖြဲ႕ဝင္မ်ားျဖစ္ၾကတဲ့ေအာ္စကာေအာ္ေတဂါ၊ပါဘလိုဗာစယ္လုန္း၊နယ္ဆင္ဗီဗက္စ္၊ဟာနန္ဘြန္ဗန္ဗီနီတို႔ဟာလည္းသုံးႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့ၾကပါတယ္။ ဒီေယဂိုဆီႁမြန္နီဟာ၂၀၁၁ခုႏွစ္တြင္အက္သလက္တီကိုအား၂၀၁၁ခုႏွစ္တြင္ကိုင္တြယ္ၿပီးေနာက္ဆုဖလား၈လုံးရရွိေအာင္ဦးေဆာင္ကာအက္သလက္တီကိုသမိုင္းတြင္အေအာင္ျမင္ဆုံးနည္းျပအျဖစ္ရပ္တည္ေနပါတယ္။ သူဟာအက္သလက္တီကိုႏွင့္အတူလာလီဂါဖလား၊ယူ႐ိုပါလိဂ္၊ယူအီးအက္ဖ္ေအစူပါဖလား၊ကိုပါဒယ္ေရးတို႔ဆြတ္ခူးထားတဲ့အျပင္ခ်န္ပီယံလိဂ္ဗိုလ္လုပြဲသို႔လည္းႏွစ္ႀကိမ္တက္ေရာက္ထားႏိုင္ပါတယ္။ အက္သလက္တီကိုဟာ၂၀၂၀-၂၁ေဘာလုံးရာသီတြင္လည္းလာလီဂါဖလားဆြတ္ခူးႏိုင္ခဲ့ကာရာသီသစ္မွာခ်န္ပီယံဘြဲ႕ကာကြယ္ေရးႀကိဳးပမ္းရပါမယ္။

ယူရိုချန်ပီယံဖြစ်လျှင် ရရှိလာမယ့် အပိုဆုကြေးငွေ ပေါင် ၉.၅သန်းကို NHS သို့ လှူဒါန်းသွားမယ့် အင်္ဂလန်စတားများ

July 9, 2021 playmaker 0

အင်္ဂလန်စတားများဟာလာမယ့်တနင်္ဂနွေနေ့မှာဝင်ဘာလေကွင်းမှာအီတလီကိုအနိုင်ရရှိကာယူရိုချန်ပီယံဖြစ်လျှင်ရရှိလာမယ့်သူတို့ရဲ့ယူရိုအပိုဆုကြေးငွေများကို NHS သို့လှူဒါန်းရန်စီစဉ်နေကြောင်းသိရပါတယ်။ ဂါရတ်ဆောက်ဂိတ်ဦးဆောင်တဲ့အင်္ဂလန်ဟာဗုဒ္ဓဟူးနေ့တုန်းကဒိန်းမတ်ကို၂-၁ဂိုးဖြင့်သမိုင်းဝင်နိုင်ပွဲရရှိပြီး၅၅နှစ်အတွင်းပထမဆုံးအကြိမ်အဖြစ်ဗိုလ်လုပွဲသို့တက်ရောက်နိုင်ခဲ့ပါတယ်။ အင်္ဂလန်စတားများဟာလာမယ့်တနင်္ဂနွေနေ့တွင်အီတလီကိုအနိုင်ရရှိကာယူရို၂၀၂၀ချန်ပီယံဖြစ်ပါကအပိုဆုကြေးငွေပေါင်၉.၅သန်းအထိရရှိလာပါမယ်။ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဟာလာမယ့်တနင်္ဂနွေနေ့တွင်သမိုင်းဝင်အောင်ပွဲကြီးရရှိပါက ဆုကြေးငွေပေါင်၂၄သန်းအထိရရှိလာဖို့ရှိပါတယ်။ယင်းမှ၄၀ရာခိုင်နှုန်းကို ကစားသမား၂၆ဦးတို့ကဆုကြေးငွေအဖြစ်ရရှိပါမယ်။ အင်္ဂလန်ကစားသမားများဟာအင်္ဂလန်အသင်းချန်ပီယဲံဖြစ်ကာဆုကြေးငွေပေါင်၉.၅သန်းရရှိပါက NHS (The National Health Service)သို့လှူဒါန်းရန်ဆွေးနွေးနေကြပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့မေလတုန်းကအင်္ဂလန်ကစားသမားများက၎င်းတို့ရဲ့ပွဲကစားကြေးဆုကြေးငွေများကိုလှူဒါန်းရန်စီစဉ်ထားကြောင်းပြောကြားထားပြီးလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့၂၀၂၀ခုနှစ်၊ဧပြီလတုန်းကမန်ယူအသင်းခေါင်းဆောင်မက်ဂွိုင်းယား၊လီဗာပူးအသင်းခေါင်းဆောင်ဟင်ဒါဆင်တို့ဟာအခြားပရီးမီးယားလိဂ်အသင်းခေါင်းဆောင်များနှင့်အတူ NHS သို့ပေါင်၄သန်းအထိလှူဒါန်းခဲ့ပြီးလည်းဖြစ်ပါတယ်။ NHS ဟာကိုဗစ်ကာလအတွင်းတွင်ရှေ့တန်းမှတိုက်ပွဲဝင်ခဲ့ကြသူများဖြစ်ပြီးဗြိတိန်တစ်နိုင်ငံလုံးရဲ့သူရဲကောင်းများအဖြစ်သတ်မှတ်ခံနေရသူများလည်းဖြစ်ပါတယ်။ ZawGyi ယူ႐ိုခ်န္ပီယံျဖစ္လွ်င္ ရရွိလာမယ့္ အပိုဆုေၾကးေငြ ေပါင္ […]

အေစီမီလန်သို့ ၂ နှစ်စာချုပ်ဖြင့် ပြောင်းရန် ဂျရူးသဘောတူညီမှုရရှိ

July 9, 2021 playmaker 0

ချဲလ်ဆီးတိုက်စစ်မှူးအိုလီဗီယာဂျရူးဟာအီတလီထိပ်သီးကလပ်အေစီမီလန်သို့၂နှစ်စာချုပ်ဖြင့်ပြောင်းရွှေ့ကစားရန်သဘောတူညီမှုရရှိခဲ့ကြောင်း အီတလီမီဒီယာများရဲ့ဖော်ပြချက်အရသိရပါတယ်။ ဂီရူးဟာပြီးခဲ့တဲ့အပတ်တုန်းကပြင်သစ်အသင်း ယူရို၂၀၂၀ပြိုင်ပွဲမှထွက်ခွာခဲ့ရပြီးနောက် အပန်းဖြေလျက်ရှိပါတယ်။ သူဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကချဲလ်ဆီးအတွက်ပြိုင်ပွဲအရပ်ရပ်မှာ၃၁ပွဲကစားကာ၁၁ဂိုးသွင်းယူခဲ့ပါတယ်။ သူဟာပြီးခဲ့တဲ့နှစ်များအတွင်းမှာဆက်တိုက်ခြေစွမ်းပြကစားနိုင်ခဲ့သော်လည်းချဲလ်ဆီးတွင်နေရာရရှိရေးအာမခံချက်မရှိမှုနဲ့အတူစတမ်းဖို့ဒ်ဘရစ်ချ်မှထွက်ခွာရန်နီးစပ်လာခဲ့သူဖြစ်ပါတယ်။အထူးသဖြင့်သူဟာပြီးခဲ့တဲ့နှစ်နွေတုန်းကအင်တာသို့ရောက်လုနီးပါးဖြစ်ခဲ့ပါတယ်။ သူဟာချဲလ်ဆီးနှင့်အတူချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်ပြီးနောက်တစ်နှစ်သစ်ချုပ်ဆိုခဲ့သူဖြစ်ပါတယ်။ဒါပေမယ့်သူဟာစာချုပ်အတွင်းမှာနိုင်ငံခြားကလပ်တစ်ခုသို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ထွက်ခွာနိုင်တဲ့အချက်ပါဝင်ပါတယ်။ ယခုအခါသူဟာအေစီမီလန်သို့တစ်နှစ်လုပ်ခယူရို၃.၅သန်းတန်၂နှစ်စာချုပ်ဖြင့်ပြောင်းရန်သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ပါတယ်။သူ့ရဲ့အေစီမီလန်စာချုပ်တွင်အောင်မြင်မှု၊ခြေစွမ်းတို့အပေါ်မူတည်ကာအပိုဆုကြေးရရှိမယ့်အချက်ကိုလည်းထည့်သွင်းချုပ်ဆိုထားပါတယ်။ တစ်ဖက်တွင်ချဲလ်ဆီးဟာဒေါ့မွန်တိုက်စစ်မှူးအာလင်းဟာလန်းကိုပေါင်သန်း၁၅၀ဖြင့်ခေါ်ယူရန်ကြိုးပမ်းနေကြောင်းသိရပါတယ်။ ZawGyi ေအစီမီလန္သို႔ ၂ ႏွစ္စာခ်ဳပ္ျဖင့္ ေျပာင္းရန္ ဂ်႐ူးသေဘာတူညီမႈရရွိ ခ်ဲလ္ဆီးတိုက္စစ္မႉးအိုလီဗီယာဂ်႐ူးဟာအီတလီထိပ္သီးကလပ္ေအစီမီလန္သို႔၂ႏွစ္စာခ်ဳပ္ျဖင့္ေျပာင္းေ႐ႊ႕ကစားရန္သေဘာတူညီမႈရရွိခဲ့ေၾကာင္း အီတလီမီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရသိရပါတယ္။ ဂီ႐ူးဟာၿပီးခဲ့တဲ့အပတ္တုန္းကျပင္သစ္အသင္း ယူ႐ို၂၀၂၀ၿပိဳင္ပြဲမွထြက္ခြာခဲ့ရၿပီးေနာက္ အပန္းေျဖလ်က္ရွိပါတယ္။ သူဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကခ်ဲလ္ဆီးအတြက္ၿပိဳင္ပြဲအရပ္ရပ္မွာ၃၁ပြဲကစားကာ၁၁ဂိုးသြင္းယူခဲ့ပါတယ္။ သူဟာၿပီးခဲ့တဲ့ႏွစ္မ်ားအတြင္းမွာဆက္တိုက္ေျခစြမ္းျပကစားႏိုင္ခဲ့ေသာ္လည္းခ်ဲလ္ဆီးတြင္ေနရာရရွိေရးအာမခံခ်က္မရွိမႈနဲ႔အတူစတမ္းဖို႔ဒ္ဘရစ္ခ်္မွထြက္ခြာရန္နီးစပ္လာခဲ့သူျဖစ္ပါတယ္။အထူးသျဖင့္သူဟာၿပီးခဲ့တဲ့ႏွစ္ေႏြတုန္းကအင္တာသို႔ေရာက္လုနီးပါးျဖစ္ခဲ့ပါတယ္။ သူဟာခ်ဲလ္ဆီးႏွင့္အတူခ်န္ပီယံလိဂ္ဖလားဆြတ္ခူးႏိုင္ၿပီးေနာက္တစ္ႏွစ္သစ္ခ်ဳပ္ဆိုခဲ့သူျဖစ္ပါတယ္။ဒါေပမယ့္သူဟာစာခ်ဳပ္အတြင္းမွာႏိုင္ငံျခားကလပ္တစ္ခုသို႔အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ထြက္ခြာႏိုင္တဲ့အခ်က္ပါဝင္ပါတယ္။ ယခုအခါသူဟာေအစီမီလန္သို႔တစ္ႏွစ္လုပ္ခယူ႐ို၃.၅သန္းတန္၂ႏွစ္စာခ်ဳပ္ျဖင့္ေျပာင္းရန္သေဘာတူညီမႈရရွိသြားခဲ့ၿပီျဖစ္ပါတယ္။သူ႔ရဲ႕ေအစီမီလန္စာခ်ဳပ္တြင္ေအာင္ျမင္မႈ၊ေျခစြမ္းတို႔အေပၚမူတည္ကာအပိုဆုေၾကးရရွိမယ့္အခ်က္ကိုလည္းထည့္သြင္းခ်ဳပ္ဆိုထားပါတယ္။ […]

ဘာစီလိုနာတွင် မက်ဆီပြီးလျှင် အချမ်းသာဆုံးကစားသမားအဖြစ် မာတင်ဘရစ်ဝေး ရပ်တည်နေ

July 9, 2021 playmaker 0

မာတင်ဘရစ်ဝေးဟာဘာစီလိုနာသမိုင်းမှာအံ့ဩစရာအကောင်းဆုံးခေါ်ယူခံရသူတစ်ဦး ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ဒါပေမယ့်ပိုပြီးတော့အံ့ဩစရာကောင်းတာကတော့ဘာစီလိုနာမှာမက်ဆီပြီးလျှင်အချမ်းသာဆုံးကစားသမာအးဖြစ်ရပ်တည်နေတာပါ။ ဘာစီလိုနာဟာတိုက်စစ်ပိုင်းအတွက်အရေးတကြီးလိုအပ်ချက်အဖြစ် မစ်ဒယ်ဘရော့တွင်ကျရှုံးခဲ့တဲ့ဒိန်းမတ်တိုက်စစ်မှူးကိုခေါ်ယူခဲ့တာပါ။ ဘာစီလိုနာဟာ၂၀၂၀ခုနှစ်၊ဖေဖော်ဝါရီလတုန်းကတိုက်စစ်မှူးအရေးပေါ်လိုအပ်နေတာကြောင့်မာတင်ဘရစ်ဝေးကိုခေါ်ယူခဲ့တာဖြစ်ပါတယ်။မာတင်ဘရစ်ဝေးဟာဘာစီလိုနာကစားသမားအဖြစ်မိတ်ဆက်ပွဲပြုလုပ်ရာမှာဘောလုံးကျွမ်းကျင်မှုပြသရာမှာလွဲမှားမှုတွေဖြစ်ပြီးအရှက်ကွဲခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့်သူဟာဘာစီလိုနာသို့ရောက်လာပြီးနောက်ပိုင်းမှာကလပ်အတွက်၅၃ပွဲအထိ ကစားခွင့်ရရှိထားပါတယ်။ သူဟာယူရို၂၀၂၀ပြိုင်ပွဲမှာဒိန်းမတ်ကိုဆီမီးဖိုင်နယ်သို့ရောက်အောင်အဓိကနေရာကူညီနိုင်ခဲ့ပါတယ်။ဒါပေမယ့်ဘာစီလိုနာဟာအရေးပေါ်ငွေကြေးလိုအပ်ချက်ကြောင့်မာတင်ဘရစ်ဝေးကိုရောင်းချသွားဖို့ရှိနေပါတယ်။ Forbes ရဲ့ဖော်ပြချက်အရနူးကမ့်မှာဒိန်းမတ်တိုက်စစ်မှူးထက်ကြွယ်ဝချမ်းသာသူအဖြစ် လီယွန်နယ်မက်ဆီတစ်ဦးတည်းသာရှိကြောင်းသိရပါတယ်။မက်ဆီဟာတစ်ပတ်လုပ်ခယူရို၁.၃၆သန်းရရှိနေမှုနဲ့အတူဘာစီလိုနာမှာအချမ်းသာဆုံးကစားသမားအဖြစ်ရပ်တည်နေတာအံ့ဩစရာတော့မဟုတ်ပါဘူး။ ဒါပေမယ့်ဘရစ်ဝေးဟာလည်းကောင်းမွန်တဲ့ရင်းနှီးမြှပ်နှံမှုများလုပ်ဆောင်ထားမှုနဲ့အတူ ဘာစီလိုနာမှာလုပ်ခမြင့်မြင့်မားမားမရပေမယ့်လည်းဒုတိယအချမ်းသာဆုံးကစားသမားအဖြစ်ရပ်တည်နေပါတယ်။ ပြောရမယ်ဆိုရင်သူဟာ၂၀၁၇ခုနှစ်တုန်းက အိမ်ခြံမြေစီးပွားရေးမှာဒေါ်လာ၈၅၀၀၀၀ ရင်းနှီးမြှပ်နှံမှုပြုလုပ်ခဲ့ပါတယ်။ သူ့ရဲ့ရင်းနှီးမြှပ်နှံမှုပြုလုပ်မှုကကောင်းမွန်တဲ့ရွေးချယ်မှုဖြစ်ခဲ့ပါတယ်။ယခုအခါမှာဘရစ်ဝေးရဲ့လုပ်ငန်းဟာတန်ဖိုးဒေါ်လာ၂၅၀,၀၀၀,၀၀၀ အထိရှိနေပြီဖြစ်ပါတယ်။ မစ်ဒယ်ဘရော့မှာကစားစဉ်ကပွဲ၄၀ကစားရာမှာ၉ဂိုးတည်းသာသွင်းနိုင်ခဲ့တဲ့သူဟာသူ့ဇနီးသည်နှင့်အတူအဝတ်အစားထုတ်လုပ်ရေးလုပ်ငန်းလည်းလုပ်ဆောင်ထားသလို ဘာစီလိုနာမှာစားသောက်ဆိုင်တစ်ဆိုင်လည်းဖွင့်လှစ်ထားပါတယ်။ မက်ဆီဟာယခုလအစောပိုင်းတုန်းကဘာစီလိုနာနှင့်စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီးဖြစ်ပါတယ်။ဒါကြောင့်ဘရစ်ဝေးကိုဘာစီလိုနာရဲ့အချမ်းသာဆုံးကစားသမားလို့တောင်ပြောလို့ရပါတယ်။ တကယ်လို့များဘာစီလိုနာအနေဖြင့်မက်ဆီကိုစာချုပ်သစ်ချုပ်ဆိုဖို့အတွက်ငွေကြေးအခက်အခဲပြဿနာတွေရှိနေတယ်ဆိုရင် ဘရစ်ဝေးဆီကအကူအညီတောင်းမယ်ဆိုရင်တောင်တောင်းလို့ရပါသေးတယ်။ ZawGyi ဘာစီလိုနာတြင္ […]

အင်္ဂလန်အသင်း ယူရို ၂၀၂၀ ချန်ပီယံဖြစ်လျှင် ဆောက်ဂိတ်နှင့်စတာလင်း သူရဲကောင်းဘွဲ့ချီးမြှင့်ခံရမည်

July 9, 2021 playmaker 0

ယူရို၂၀၂၀ဆီမီးဖိုင်နယ်တွင်ဒိန်းမတ်ကို၂-၁ဂိုးဖြင့်အနိုင်ရရှိကာယူရိုဗိုလ်လုပွဲသို့တက်ရောက်ပြီးနောက်အင်္ဂလန်ပရိသတ်များကယူရိုချန်ပီယံဖြစ်လျှင်နည်းပြဂါရတ်ဆောက်ဂိတ်ကိုဆာဘွဲ့ချီးမြှင့်ရန်တောင်းဆိုခဲ့ကြပါတယ်။ ယခုအခါအင်္ဂလန်နိုင်ငံရေးအသိုင်းအဝိုင်းကလည်းအင်္ဂလန်အသင်း ယူရို၂၀၂၀ချန်ပီယံဖြစ်လျှင်နည်းပြဆောက်ဂိတ်နှင့်ရာဟမ်းစတာလင်းအပါအဝင်အင်္ဂလန်မှစတားကစားသမားအချို့တို့ကိုဆာဘွဲ့ချီးမြှင့်ရန်အလေးအနက်ထားစဉ်းစားနေကြပြီဖြစ်ပါတယ်။ အင်္ဂလန်ဟာဝင်ဘာလေကွင်းတွင်ဒိန်းမတ်ကို၂-၁ဂိုးဖြင့်အနိုင်ရရှိကာယူရို၂၀၂၀ပြိုင်ပွဲဗိုလ်လုပွဲသို့တက်ရောက်ထားနိုင်ပါတယ်။ ဆောက်ဂိတ်ရဲ့အင်္ဂလန်အသင်းဟာယူရို၂၀၂၀ပြိုင်ပွဲမှာပေးဂိုး၁ဂိုးတည်းသာရှိထားပြီးဗိုလ်လုပွဲသို့တက်ထားတာဖြစ်ပြီးဗိုလ်လုပွဲမှာအီတလီနှင့်ရင်ဆိုင်ရပါမယ်။ အင်္ဂလန်အသင်းမှာဟယ်ရီမက်ဂွိုင်းယား၊ဟယ်ရီကိန်းနှင့်စတာလင်းတို့ခြေစွမ်းပြကစားနေပါတယ်။ အထူးသဖြင့်ရာဟမ်းစတာလင်းဟာယူရို၂၀၂၀ပြိုင်ပွဲမှာသုံးဂိုးသွင်းယူထားတဲ့အပြင်ဗိုလ်လုပွဲသို့တက်ရောက်နိုင်မယ့်အရေးပါတဲ့ပင်နယ်တီရရှိစေခဲ့သူလည်းဖြစ်ပါတယ်။ ဒါကြောင့်လည်းအင်္ဂလန်အာဏာပိုင်များကတနင်္ဂနွေနေ့တွင်အီတလီကိုအနိုင်ရရှိကာ၅၅နှစ်အတွင်းပထမဆုံးဆုဖလားကိုဆွတ်ခူးနိုင်ပါကနည်းပြဆောက်ဂိတ်၊စတာလင်းတို့အပြင်စတားကစားသမားအချို့တို့ကိုဆာဘွဲ့ချီးမြှင့်ရန်စဉ်းစားနေတာလည်းဖြစ်ပါတယ်။ အင်္ဂလန်အသင်းမှစတာလင်း၊မားကပ်စ်ရပ်ဖို့ဒ်နှင့်ဟင်ဒါဆင်တို့ဟာ ဗြိတိန်ဘုရင်မကြီးချီးမြှင့်တဲ့ MBE ဘွဲ့ကိုရရှိထားပြီးဖြစ်တဲ့ကစားသမားများလည်းဖြစ်ကြပါတယ်။ အင်္ဂလန်အာဏာပိုင်တို့ကလာမယ့်တနင်္ဂနွေနေ့ဗိုလ်လုပွဲတွင်အီတလီရှုံးနိမ့်ကာဒုတိယဖြင့်သာကျေနပ်ရပါကလည်းအင်္ဂလန်နည်းပြဆောက်ဂိတ်နှင့်စတားကစားသမားအချို့တို့ကိုအနည်းဆုံး MBE ဘွဲ့ချီးမြှင့်သွားဖို့တော့ရှိနေပါတယ်။ ZawGyi အဂၤလန္အသင္း ယူ႐ို ၂၀၂၀ ခ်န္ပီယံျဖစ္လွ်င္ ေဆာက္ဂိတ္ႏွင့္စတာလင္း သူရဲေကာင္းဘြဲ႕ခ်ီးျမႇင့္ခံရမည္ ယူ႐ို၂၀၂၀ဆီမီးဖိုင္နယ္တြင္ဒိန္းမတ္ကို၂-၁ဂိုးျဖင့္အႏိုင္ရရွိကာယူ႐ိုဗိုလ္လုပြဲသို႔တက္ေရာက္ၿပီးေနာက္အဂၤလန္ပရိသတ္မ်ားကယူ႐ိုခ်န္ပီယံျဖစ္လွ်င္နည္းျပဂါရတ္ေဆာက္ဂိတ္ကိုဆာဘြဲ႕ခ်ီးျမႇင့္ရန္ေတာင္းဆိုခဲ့ၾကပါတယ္။ ယခုအခါအဂၤလန္ႏိုင္ငံေရးအသိုင္းအဝိုင္းကလည္းအဂၤလန္အသင္း ယူ႐ို၂၀၂၀ခ်န္ပီယံျဖစ္လွ်င္နည္းျပေဆာက္ဂိတ္ႏွင့္ရာဟမ္းစတာလင္းအပါအဝင္အဂၤလန္မွစတားကစားသမားအခ်ိဳ႕တို႔ကိုဆာဘြဲ႕ခ်ီးျမႇင့္ရန္အေလးအနက္ထားစဥ္းစားေနၾကၿပီျဖစ္ပါတယ္။ […]

ဒိန်းမတ်ကို အနိုင်ရရှိတဲ့ပွဲစဉ်မှ ဖြစ်ရပ်အတွက် အင်္ဂလန်ကို ယူအီးအက်ဖ်အေစွဲချက်တင်

July 9, 2021 playmaker 0

ယူအီးအက်ဖ်အေဟာဗုဒ္ဓဟူးနေ့ညတုန်းကဒိန်းမတ်အားအနိုင်ရရှိတဲ့ယူရို၂၀၂၀ပြိုင်ပွဲဆီမီးဖိုင်နယ်ပွဲစဉ်တွင်ဒိန်းမတ်ဂိုးသမားရှမိုက်ကယ်ရဲ့မျက်နှာကို ပရိသတ်တစ်ဦးကလေဆာဖြင့်ထိုးမှုအတွက်အင်္ဂလန်ကိုစွဲချက်တင်လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့ကဝင်ဘာလေကွင်းပွဲစဉ်တွင်ဟယ်ရီကိန်းကစတာလင်းကြောင့်ရရှိတဲ့အငြင်းပွားဖွယ်ရာပင်နယ်တီအားကန်သွင်းရန်ပြင်ဆင်နေစဉ်ပရိသတ်တစ်ဦးကရှမိုက်ကယ်ရဲ့မျက်နှာကိုလေဆာဖြင့်ထိုးခဲ့တာဖြစ်ပါတယ်။ ရှမိုက်ကယ်ဟာအင်္ဂလန်ပရိသတ်ရဲ့လေဆာဖြင့်မျက်နှာထိုးခြင်းခံခဲ့ရပေမယ့်ဟယ်ရီကိန်းရဲ့ပင်နယ်တီကိုကာကွယ်နိုင်ခဲ့ပါတယ်။ဟယ်ရီကိန်းဟာရှမိုက်ကယ်ပုတ်ထုတ်လိုက်တဲ့ဘောလုံးကိုပြန်ပိတ်ကာအင်္ဂလန်အား၂-၁ဂိုးဖြင့်အနိုင်ရရှိကာဗိုလ်လုပွဲသို့တက်စေမယ့်ဂိုးကိုသွင်းယူခဲ့ပါတယ်။ ဒါ့အပြင်အင်္ဂလန်ဟာဒိန်းမတ်အသင်း နိုင်ငံတော်သီချင်းသီဆိုနေစဉ်အနှောက်အယှက်ပေးမှု၊မီးရှူးမီးပန်းမှုလွှတ်မှုတို့အတွက်လည်းစွဲချက်တင်ခြင်းခံခဲ့ရပါတယ်။ အင်္ဂလန်အသင်းဟာလာမယ့်တနင်္ဂနွေနေ့မှာအီတလီအသင်းနှင့်ယူရို၂၀၂၀ဗိုလ်လုပွဲရင်ဆိုင်ကစားရပါမယ်။ ZawGyi ဒိန္းမတ္ကို အႏိုင္ရရွိတဲ့ပြဲစဥ္မွ ျဖစ္ရပ္အတြက္ အဂၤလန္ကို ယူအီးအက္ဖ္ေအစြဲခ်က္တင္ ယူအီးအက္ဖ္ေအဟာဗုဒၶဟူးေန႔ညတုန္းကဒိန္းမတ္အားအႏိုင္ရရွိတဲ့ယူ႐ို၂၀၂၀ၿပိဳင္ပြဲဆီမီးဖိုင္နယ္ပြဲစဥ္တြင္ဒိန္းမတ္ဂိုးသမားရွမိုက္ကယ္ရဲ႕မ်က္ႏွာကို ပရိသတ္တစ္ဦးကေလဆာျဖင့္ထိုးမႈအတြက္အဂၤလန္ကိုစြဲခ်က္တင္လိုက္ပါတယ္။ ဗုဒၶဟူးေန႔ကဝင္ဘာေလကြင္းပြဲစဥ္တြင္ဟယ္ရီကိန္းကစတာလင္းေၾကာင့္ရရွိတဲ့အျငင္းပြားဖြယ္ရာပင္နယ္တီအားကန္သြင္းရန္ျပင္ဆင္ေနစဥ္ပရိသတ္တစ္ဦးကရွမိုက္ကယ္ရဲ႕မ်က္ႏွာကိုေလဆာျဖင့္ထိုးခဲ့တာျဖစ္ပါတယ္။ ရွမိုက္ကယ္ဟာအဂၤလန္ပရိသတ္ရဲ႕ေလဆာျဖင့္မ်က္ႏွာထိုးျခင္းခံခဲ့ရေပမယ့္ဟယ္ရီကိန္းရဲ႕ပင္နယ္တီကိုကာကြယ္ႏိုင္ခဲ့ပါတယ္။ဟယ္ရီကိန္းဟာရွမိုက္ကယ္ပုတ္ထုတ္လိုက္တဲ့ေဘာလုံးကိုျပန္ပိတ္ကာအဂၤလန္အား၂-၁ဂိုးျဖင့္အႏိုင္ရရွိကာဗိုလ္လုပြဲသို႔တက္ေစမယ့္ဂိုးကိုသြင္းယူခဲ့ပါတယ္။ ဒါ့အျပင္အဂၤလန္ဟာဒိန္းမတ္အသင္း ႏိုင္ငံေတာ္သီခ်င္းသီဆိုေနစဥ္အေႏွာက္အယွက္ေပးမႈ၊မီးရႉးမီးပန္းမႈလႊတ္မႈတို႔အတြက္လည္းစြဲခ်က္တင္ျခင္းခံခဲ့ရပါတယ္။ အဂၤလန္အသင္းဟာလာမယ့္တနဂၤေႏြေန႔မွာအီတလီအသင္းႏွင့္ယူ႐ို၂၀၂၀ဗိုလ္လုပြဲရင္ဆိုင္ကစားရပါမယ္။

ဗြိတိန်ဝန်ကြီးချုပ်ဘိုရစ်ဂျွန်ဆင်ကြောင့် အင်္ဂလန်အသင်း ဗိုလ်လုပွဲသို့ တက်မယ့် ပင်နယ်တီ ရရှိခဲ့ခြင်းဖြစ်

July 9, 2021 playmaker 0

အီတလီမီဒီယာများကအင်္ဂလန်အသင်းမှာယူရို၂၀၂၀ဗိုလ်လုပွဲသို့တက်ရောက်နိုင်မယ့်ပင်နယ်တီအားရရှိခဲ့ခြင်းမှာဗြိတိန်ဝန်ကြီးချုပ်ဘိုရစ်ဂျွန်ဆင်ကြောင့်ဖြစ်ကြောင်းစွပ်စွဲရေးသားလာပါတယ်။ ဗုဒ္ဓဟူးနေ့ညတုန်းကအင်္ဂလန်နှင့်ဒိန်းမတ်တို့ရဲ့ယူရို၂၀၂၀ပြိုင်ပွဲဆီမီးဖိုင်နယ်ပွဲစဉ်ရဲ့အချိန်ပိုတွင်စတာလင်းကိုဧရိယာအတွင်းမှာလှဲချတယ်ဆိုပြီးအင်္ဂလန်တို့ပင်နယ်တီရရှိပါတယ်။ ယင်းပင်နယ်တီကိုဟယ်ရီကိန်းကန်သွင်းရာမှာဒိန်းမတ်ဂိုးသမားရှမိုက်ကယ်ကာကွယ်ခဲ့ပေမယ့်ပြန်အံထွက်လာတဲ့ဘောလုံးကိုပိတ်သွင်းခဲ့ကာအင်္ဂလန်က၂-၁ဂိုးဖြင့်ဒိန်းမတ်ကိုအနိုင်ရရှိပြီးယူရို၂၀၂၀ဗိုလ်လုပွဲသို့တက်ရောက်ခဲ့ပါတယ်။ ချဲလ်ဆီးနှင့်မန်ယူနည်းပြဟောင်းမော်ရင်ဟိုနှင့်အာဆင်နယ်နည်းပြဟောင်းအာစင်ဝင်းဂါးတို့ကယင်းပင်နယ်တီမှာမပေးသင့်တဲ့ပင်နယ်တီဖြစ်ကြောင်းဆိုထားကြပါတယ်။ တစ်ဖက်တွင်အီတလီမီဒီယာများကလည်းအင်္ဂလန်အသင်း ဗိုလ်လုပွဲသို့တက်ရောက်လာမှုအပေါ်မပျော်မရွှင်ဖြစ်နေပါတယ်။အီတလီဟာလာမယ့်တနင်္ဂနွေနေ့မှာအင်္းလန်နှင့်ယူရို၂၀၂၀ဗိုလ်လုပွဲကစားရပါမယ်။ Gazzetta dello Sport ကယင်းပင်နယ်တီမှာဘိုရစ်ဂျွန်ဆင်ကဥရောပစူပါလိဂ်ပြိုင်ပွဲအဆုံးသတ်ရေးအတွက်ပါဝင်လုပ်ဆောင်မှုအတွက်ယူအီးအက်ဖ်အေရဲ့မျက်နှာပေးမှုကြောင့်ရရှိလာခြင်းဖြစ်ကြောင်းစွပ်စွဲလာပါတယ်။ ဥရောပစူပါလိဂ်အားကျင်းပမည်ဖြစ်ကြောင်းကြေညာလာချိန်တွင်ဘိုရစ်ဂျွန်ဆင်ဟာယင်းပြိုင်ပွဲအစီအစဉ်ကိုအကြီးအကျယ်ကန့်ကွက်ခဲ့သူလည်းဖြစ်ပါတယ်။ဂျွန်ဆင်ကလူသိရှင်ကြားကွန့်ကွက်မှုနဲ့အတူပရီးမီးယားလိဂ်ခြောက်သင်းလုံးကနုတ်ထွက်ခဲ့ကြပါတယ်။ ဒါ့အပြင်ဒိန်းမတ်သတင်းစာများကလည်းယူအီးအက်ဖ်အေမှာအင်္ဂလန်အသင်းကိုယူရို၂၀၂၀ပြိုင်ပွဲအားချန်ပီယံဖြစ်စေလိုနေကြောင်းနှင့်အင်္ဂလန်အသင်းရရှိတဲ့ပင်နယ်တီကို VAR ဖြင့်မစစ်ဆေးခဲ့မှုမှာမေးခွန်းထုတ်စရာရှိကြောင်းရေးသားနေပါတယ်။ အင်္ဂလန်အသင်းဟာသူတို့ရဲ့ယူရို၂၀၂၀ပြိုင်ပွဲမှာပွဲ၇ပွဲမှ၆ပွဲကိုဝင်ဘာလေကွင်းတွင်ကစားရပါမယ်။ ZawGyi ၿဗိတိန္ဝန္ႀကီးခ်ဳပ္ဘိုရစ္ဂြၽန္ဆင္ေၾကာင့္ အဂၤလန္အသင္း ဗိုလ္လုပြဲသို႔ တက္မယ့္ ပင္နယ္တီ ရရွိခဲ့ျခင္းျဖစ္ အီတလီမီဒီယာမ်ားကအဂၤလန္အသင္းမွာယူ႐ို၂၀၂၀ဗိုလ္လုပြဲသို႔တက္ေရာက္ႏိုင္မယ့္ပင္နယ္တီအားရရွိခဲ့ျခင္းမွာၿဗိတိန္ဝန္ႀကီးခ်ဳပ္ဘိုရစ္ဂြၽန္ဆင္ေၾကာင့္ျဖစ္ေၾကာင္းစြပ္စြဲေရးသားလာပါတယ္။ ဗုဒၶဟူးေန႔ညတုန္းကအဂၤလန္ႏွင့္ဒိန္းမတ္တို႔ရဲ႕ယူ႐ို၂၀၂၀ၿပိဳင္ပြဲဆီမီးဖိုင္နယ္ပြဲစဥ္ရဲ႕အခ်ိန္ပိုတြင္စတာလင္းကိုဧရိယာအတြင္းမွာလွဲခ်တယ္ဆိုၿပီးအဂၤလန္တို႔ပင္နယ္တီရရွိပါတယ္။ ယင္းပင္နယ္တီကိုဟယ္ရီကိန္းကန္သြင္းရာမွာဒိန္းမတ္ဂိုးသမားရွမိုက္ကယ္ကာကြယ္ခဲ့ေပမယ့္ျပန္အံထြက္လာတဲ့ေဘာလုံးကိုပိတ္သြင္းခဲ့ကာအဂၤလန္က၂-၁ဂိုးျဖင့္ဒိန္းမတ္ကိုအႏိုင္ရရွိၿပီးယူ႐ို၂၀၂၀ဗိုလ္လုပြဲသို႔တက္ေရာက္ခဲ့ပါတယ္။ […]

ပိုပြီးသေချာတာကပီရူးပါ

July 8, 2021 playmaker 0

စနေနံနက် ကိုပါအမေရိကဖလား တတိယနေရာလုပွဲ ပွဲကြိုသုံးသပ်ချက် ကိုလံဘီယာ နှင့် ပီရူး ( နံနက် ၆း၃၀)(မြန်မာပြည်ဂုရု) ကိုလံဘီယာဟာဆီမီးဖိုင်နယ်မှာအာဂျင်တီးနားကိုပင်နယ်ဒီအဆုံးအဖြတ်နဲ့အရေးနိမ့်ခဲ့ရတဲ့အသင်းပါ။ပီရူးကလည်းဆီမီးမှာအိမ်ရှင်ဘရာဇီးကို အရေးနိမ့်ခဲ့တာဖြစ်တယ်။ ပြိုင်ပွဲတစ်လျှောက်ဖြတ်သန်းလာမှုကိုကြည့်ရင် ပီရူးရဲ့ရလဒ်တွေကကိုလံဘီယာထက်ပိုပြီးအားရစရာကောင်းနေတာတွေ့ရပါလိမ့်မယ်။ပီရူးရဲ့အားနည်း ချက်ကခံစစ်ယိုယွင်းမှုဖြစ်ပြီးတိုက်စစ်ပိုင်းကတော့ဘယ်လိုပြိုင်ဘက်မျိုးကိုမဆိုထိုးဖောက်ဂိုးသွင်းနိုင်စွမ်းရှိပါတယ်။ ကိုလံဘီယာကတော့အမှားများတဲ့ခံစစ်ကြောင်းနဲ့ အားများတဲ့ကွင်းလယ်ပိုင်းကိုအကောင်းဆုံးပြင်ဆင်ထားနိုင်တဲ့အသင်းပါ။ဒါပေမဲ့ ပီရူးတိုက်စစ်ရဲ့ဖိအားပေးမှုကြောင့်ကိုလံဘီယာရဲ့ကစားကွက်တည်မရဖြစ်သွားနိုင်တယ်။ဒါကိုတောင်ကိုလံဘီယာဘက်ကနေ ၁+၉၅ အကျောပေးထားတော့မိနစ် ၉၀ အတွင်း အနိမ့်ဆုံးသရေကစားပြမယ့်ပီရူးထက်ပိုပြီးသေချာတာအခြားဘာမှမရှိပါဘူး။ zawgyi ပိုၿပီးေသခ်ာတာကပီး႐ူးပါ […]

အင်္ဂလန်ရဲ့ယူရို၂၀၂၀ ဗိုလ်လုပွဲလက်မှတ် အွန်လိုင်းတွင် ပေါင် ၅၀၀၀၀ အထိကြေးပေါက်နေ

July 8, 2021 playmaker 0

အင်္ဂလန်ရဲ့သမိုင်းဝင်ယူရို၂၀၂၀ဗိုလ်လုပွဲအတွက်လက်မှတ်ဈေးနှုန်းမှာအွန်လိုင်းတွင်ပေါင်၅၀၀၀၀အထိကြေးပေါက်လျက်ရှိနေပါတယ်။ အင်္ဂလန်ပရိသတ်များဟာလာမယ့်တနင်္ဂနွေနေ့မှာဝင်ဘာလေကွင်းမှာကစားမယ့်အင်္ဂလန်နှင့်အီတလီတို့ရဲ့ယူရို၂၀၂၀ဗိုလ်လုပွဲအားသွားရောက်ကြည့်ရှုရန်ဆန္ဒပြင်းပြနေပါတယ်။ ယင်းသို့ယူရို၂၀၂၀ပြိုင်ပွဲဗိုလ်လုပွဲအားလာရောက်ကြည့်ရှုလိုတဲ့ပရိသတ်အလွန်များပြားနေမှုနဲ့အတူ လက်မှတ်အရောင်းဝက်ဘ်ဆိုက်များတွင်ဈေးနှုန်းမှာအလွန်မြင့်မားနေပါတယ်။ ယူအီးအက်ဖ်အေကပရိသတ်များအား လက်မှတ်ဈေးနှုန်းမတန်မဆပေးကာဝယ်ယူခြင်းမပြုလုပ်ရန်တိုက်တွန်းထားပါတယ်။ ဒါပေမယ့်ပရိသတ်များဟာ၅၅နှစ်အတွင်းပထမဆုံးဗိုလ်လုပွဲသို့တက်ရောက်ထားတဲ့အင်္ဂလန်အသင်းအားကိုယ်တိုင်ကိုယ်ကျအားပေးရန်ဆန္ဒပြင်းပြနေပါတယ်။ ဝင်ဘာလေကွင်းတွင်ကစားမယ့်ယူရို၂၀၂၀ဗိုလ်လုပွဲအားပရိသတ်၆၀၀၀၀ ဝင်ရောက်ကြည့်ရှုမှာဖြစ်ပါတယ်။ယင်းပွဲသို့အီတလီပရိသတ်၁၀၀၀သာလာရောက်ကြည့်ပါမယ်။ အီတလီဘောလုံးအဖွဲ့ချုပ်ဟာတနင်္ဂနွေနေ့နံနက်ပိုင်းတွင်မီလန်နှင့်ရောမတို့မှပရိသတ်များကိုတင်ထားတဲ့လေယာဉ်ထွက်ခွာပြီးလန်ဒန်တွင်၁၂နာရီသာနေထိုင်မှာဖြစ်ပြီးပွဲအပြီးတွင်အီတလီသို့ပြန်ပါမယ်။ အီတလီပရိသတ်များဟာပွဲသွားမကြည့်မီတွင်ကိုဗစ်စစ်ဆေးမှုခံရမယ့်အပြင်အီတလီသို့ပြန်ရောက်ချိန်တွင်လည်းကွာရန်တင်း၅ရက်ဝင်ကာကိုဗစ်စစ်ဆေးမှုခံရပါဦးမယ်။ ZawGyi အဂၤလန္ရဲ႕ယူ႐ို၂၀၂၀ ဗိုလ္လုပြဲလက္မွတ္ အြန္လိုင္းတြင္ ေပါင္ ၅၀၀၀၀ အထိေၾကးေပါက္ေန အဂၤလန္ရဲ႕သမိုင္းဝင္ယူ႐ို၂၀၂၀ဗိုလ္လုပြဲအတြက္လက္မွတ္ေဈးႏႈန္းမွာအြန္လိုင္းတြင္ေပါင္၅၀၀၀၀အထိေၾကးေပါက္လ်က္ရွိေနပါတယ္။ အဂၤလန္ပရိသတ္မ်ားဟာလာမယ့္တနဂၤေႏြေန႔မွာဝင္ဘာေလကြင္းမွာကစားမယ့္အဂၤလန္ႏွင့္အီတလီတို႔ရဲ႕ယူ႐ို၂၀၂၀ဗိုလ္လုပြဲအားသြားေရာက္ၾကည့္ရႈရန္ဆႏၵျပင္းျပေနပါတယ္။ ယင္းသို႔ယူ႐ို၂၀၂၀ၿပိဳင္ပြဲဗိုလ္လုပြဲအားလာေရာက္ၾကည့္ရႈလိုတဲ့ပရိသတ္အလြန္မ်ားျပားေနမႈနဲ႔အတူ လက္မွတ္အေရာင္းဝက္ဘ္ဆိုက္မ်ားတြင္ေဈးႏႈန္းမွာအလြန္ျမင့္မားေနပါတယ္။ ယူအီးအက္ဖ္ေအကပရိသတ္မ်ားအား လက္မွတ္ေဈးႏႈန္းမတန္မဆေပးကာဝယ္ယူျခင္းမျပဳလုပ္ရန္တိုက္တြန္းထားပါတယ္။ ဒါေပမယ့္ပရိသတ္မ်ားဟာ၅၅ႏွစ္အတြင္းပထမဆုံးဗိုလ္လုပြဲသို႔တက္ေရာက္ထားတဲ့အဂၤလန္အသင္းအားကိုယ္တိုင္ကိုယ္က်အားေပးရန္ဆႏၵျပင္းျပေနပါတယ္။ […]