
စိန်ခေါ်မှုသစ်ရင်ဆိုင်ရန် ဘိုင်ယန်မှ ထွက်ခွာလိုနေတဲ့ ၅၅၈ ဂိုးရှင် ဂိုးသွင်းစက်
ရောဘတ်လီဝန်ဒေါ့စကီးဟာစိန်ခေါ်မှုသစ်ရင်ဆိုင်ရန်နွေရာသီအပြောင်းအရွှေ့ကာလအတွင်းတွင်ကလပ်သစ်ပြောင်းရွှေ့လိုနေကြောင်းသိရပါတယ်။တစ်ဖက်တွင်ဘိုင်ယန်မြူးနစ်ကလည်းအသင်းရဲ့အဓိကဂိုးသွင်းရှင်အတွက်ပြောင်းရွှေ့ကြေးအနည်းဆုံးပေါင်သန်း၁၀၀အထိရရှိလိုနေပါတယ်။ ပိုလန်တိုက်စစ်မှူးဟာဘိုင်ယန်မြူးနစ်အသင်းတွင်ခုနှစ်နှစ်ကြာကစားလာခဲ့သူဖြစ်ပြီးစိန်ခေါ်မှုသစ်ရင်ဆိုင်လိုနေပါတယ်။ Sky Sports News ရဲ့ဖော်ပြချက်အရစနေနေ့တွင်အသက်၃၃နှစ်ရှိလီဝန်ဒေါ့စကီးဟာဘိုင်ယန်မြူးနစ်တွင်ပျော်ရွှင်နေပေမယ့်လည်းစိန်ခေါ်မှုသစ်ရင်ဆိုင်ရန်အတွက်အခြားဥရောပထိပ်သီးကလပ်တစ်ခုသို့ပြောင်းရွှေ့လိုနေကြောင်းသိရပါတယ်။ တစ်ဖက်တွင်ဘိုင်ယန်မြူးနစ်ကလည်းသူတို့ရဲ့အဓိကဂိုးသွင်းစက်အားထိန်းထားနိုင်ရေးအတွက်ပြောင်းရွှေ့ကြေးပေါင်သန်း၁၀၀အထိရရှိလိုနေပါတယ်။ လီဝန်ဒေါ့စကီးဟာဘိုင်ယန်မြူးနစ်နှင့်၂နှစ်စာချုပ်ကျန်နေသေးသူဖြစ်ပြီးစာချုပ်ကုန်ချိန်တွင်အသက်၃၅နှစ်အထိရှိလာမည်ဖြစ်ရာအခြားဥရောပထိပ်သီးကလပ်တစ်ခုတွင်စိန်ခေါ်မှုသစ်ရင်ဆိုင်ရန်အချိန်နှောင်းလာမည်ကိုစိုးရိမ်နေပါတယ်။ တစ်ဖက်တွင်ဘိုင်ယန်မြူးနစ်ဘက်ကလည်းသူ့ကိုအလွယ်တကူလက်လွှတ်လိုခြင်းမရှိပါဘူး။ လီဝန်ဒေါ့စကီးအနေဖြင့်စာချုပ်သက်တမ်းကုန်ဆုံးမယ့်၂၀၂၃ခုနှစ်တွင်ဘိုင်ယန်မြူးနစ်မှအလွတ်ပြောင်းရွှေ့ကြေးဖြင့်ထွက်ခွာပါကလည်းသူ့အသက်အရွယ်ကြောင့်ဥရောပထိပ်သီးကလပ်တစ်ခုသို့ပြောင်းရန်ခက်ခဲလာရှိနေပါတယ်။ ဒါပေမယ့်လည်းလီဝန်ဒေါ့စကီးဟာကလပ်နှင့်ကောင်းမွန်တဲ့ဆက်ဆံရေးရှိနေမှုနှင့်အတူအသင်းပြောင်းခွင့်ရရှိရေးအတွက်အတင်းဖိအားလုပ်ဆောင်သွားဖို့တော့မရှိပါဘူး။ ဒေါ့မွန်တိုက်စစ်မှူးဟောင်းဟာမကြာသေးမီတုန်းကအသင်းဟောင်းနှင့်ဂျာမန်စူပါဖလားပွဲတွင်၂ဂိုးသွင်းပြီးစူပါဖလားဆွတ်ခူးပေးထားပါတယ်။ လီဝန်ဒေါ့စကီးဟာကစားသမားဘဝအတွင်းတွင်ကလပ်ပွဲပေါင်း၇၀၀ကစားထားရာမှာ၄၈၉ဂိုးသွင်းယူထားပြီးပိုလန်အတွက်နိုင်ငံတကာဂိုး၆၉ဂိုးသွင်းယူထားပါတယ်။ ZawGyi စိန္ေခၚမႈသစ္ရင္ဆိုင္ရန္ ဘိုင္ယန္မွ ထြက္ခြာလိုေနတဲ့ ၅၅၈ ဂိုးရွင္ ဂိုးသြင္းစက္ ေရာဘတ္လီဝန္ေဒါ့စကီးဟာစိန္ေခၚမႈသစ္ရင္ဆိုင္ရန္ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလအတြင္းတြင္ကလပ္သစ္ေျပာင္းေ႐ႊ႕လိုေနေၾကာင္းသိရပါတယ္။တစ္ဖက္တြင္ဘိုင္ယန္ျမဴးနစ္ကလည္းအသင္းရဲ႕အဓိကဂိုးသြင္းရွင္အတြက္ေျပာင္းေ႐ႊ႕ေၾကးအနည္းဆုံးေပါင္သန္း၁၀၀အထိရရွိလိုေနပါတယ္။ ပိုလန္တိုက္စစ္မႉးဟာဘိုင္ယန္ျမဴးနစ္အသင္းတြင္ခုႏွစ္ႏွစ္ၾကာကစားလာခဲ့သူျဖစ္ၿပီးစိန္ေခၚမႈသစ္ရင္ဆိုင္လိုေနပါတယ္။ Sky Sports News […]