မဖြစ်မနေဖတ်ရမယ့် စနေအကျိုးပြုစျေးကွက်

မဖြစ်မနေဖတ်ရမယ့် စနေအကျိုးပြုစျေးကွက်

(စိုင်းကို-တောင်ကြီး)

ပြီးခဲ့တဲ့အပတ် စူပါဆန်းဒေးကတော့အရှုံးအနိုင် ပြတ်ပြတ်သားသား အဖြေမပေါ်ဘဲမယုတ်မလွန်အနေအထားနဲ့ ပြီးဆုံးခဲ့ရတယ်။ဒီလိုညမျိုးတွေဆိုရင် စိတ်ထဲမချင့်မရဲရယ်ပါ။လိဒ်ကိုဂိုးမရှိသရေကျတဲ့ မန်ယူဘော်ဒီ ခေါ်စားသွားသလိုဖြစ်ခဲ့ရလို့သာ အခုလိုအခြေအနေ ရင်ဆိုင်ရတာဖြစ်တယ်။ဒီကနေ့စနေညအတွက်တော့ အဲ့ဒီလို မာယာတွေ မကြံုချင်တော့ပါဘူး။ပြီးခဲ့တဲ့စနေကလို အရှံုးမျိုးတွေလည်း မလိုချင်တော့ဘူး။ဘယ်ပွဲတွေမှာ ဘယ်လိုမျိုး ကြေးကစားနေသလဲ လေ့လာကြည့်ရအောင်ဗျာ။

အရင်ဦးဆုံး အင်္ဂလန်ပရီးမီးယားလိဂ်ထဲဝင်လိုက်တယ်။ကစားဖို့ရှိနေတာ စုစုပေါင်း ၄ပွဲ။အချိန်အစောဆုံး ညနေ ၆နာရီမှာကစားမယ့် ပဲလေ့စ်-မန်စီးတီးပွဲမှာတင် ကြေးပြောင်းမြင်လိုက်ရတယ်။စတင်စျေးမှာ မန်စီးတီးဘက်ကနေ ၁-၅၀ ပေးခဲ့တာပါ။ မန်စီးတီးရဲ့အကျောပေးမှုက တဖြည်းဖြည်းတင်းလာပြီး အခုဆိုရင် ၁-၁၀၀ ဖြစ်လာတယ်။ဘော်ဒီစျေးတင် မဟုတ်ပါဘူးဗျ။ဂိုးပေါင်းကြေးကလည်း တင်းရင်းလာလိုက်တာ ၃+၉၀ကနေပြီး၃+၅၀ ဖြစ်လာလေရဲ့။ဒါဟာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ ဒီဘရိုင်း၊ မာရက်ဇ်တို့ ခြေစွမ်းပြမှုနဲ့အတူ ပီအက်စ်ဂျီလိုအသင်းကြီးကို အဝေးကွင်းနိုင်ပွဲ ရယူလိုက်တဲ့ မန်စီးတီးရဲ့စွမ်းဆောင်ရည်ကြောင့် စျေးပြင်းရှလာရတာပါ။တန်းတင်ကျန်ရစ်ဖို့ အခြေအနေကောင်းနေတဲ့ ပဲလေ့စ်ကလည်း ဖိအားကင်းနေပြီး နဂိုကတည်းကခံစစ်ယိုယွင်းသလောက်တိုက်စစ်စွာလှတယ်လေ။ဒီတော့ကာ မန်စီးတီးဘော်ဒီနဲ့ ဂိုးပေါင်းအပေါ်ကဒီနေ့ညအတွက်ပထမနဲ့ ဒုတိယပစ်မှတ်တွေဖြစ်လာခဲ့ရပါတယ်။

နောက်ထပ်မြင်မိတဲ့ တစ်ကြောင်းကလည်းပရီးမီးယားလိဂ်ကပါပဲ။ဘရိုက်တန်-လိဒ်ပွဲရဲ့ဂိုးပေါင်းစျေး ၃+၆၅ကနေပြီး ၂-၁၀၀ အထိ ပျော့ကျသွားခြင်းပါ။ဘရိုက်တန်မှာ တန်းဆင်းအန္တရာယ်ရှိနေပေမယ့် ကြိုးစားရုန်းထနိုင်ခြင်းမရှိဘူး။နောက်ဆုံး ၃ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ဆုံးထားတဲ့တိုက်စစ်က စိတ်ပျက်စရာပါ။မော်ပေးအပေါ် မှီခိုလွန်းတာကြောင့်လည်း သူလှုပ်မရတိုင်း ဘရိုက်တန်တိုက်စစ် အသက်မဲ့သွားတာဖြစ်တယ်။ပြိုင်ဘက်လိဒ်ကတော့ နောက်ဆုံးကစားတဲ့ မန်ယူနဲ့ပွဲမှာ ခံစစ်အစွမ်း ပြသသွားခဲ့တဲ့အသင်းပါ။အဲဒီတော့ အခုလိုမျိုး ဂိုးပေါင်းကြေးကျဆင်းသွားရတာ ထူးဆန်းမှုလို့ မဆိုနိုင်ဘူး။
ဘာပဲဖြစ်ဖြစ် ဘရိုက်တန်ပွဲ ဂိုးပေါင်းအောက်က တတိယပစ်မှတ်ပေါ့။

အီတလီစီးရီးအေရပ်ဝန်းထဲ ဆက်ဝင်လိုက်တယ်။ဒီနေ့ညအတွက် ကစားဖို့ ၃ပွဲပဲရှိနေတယ်။စျေးပြောင်းတာ လှုပ်လှုပ်ရှားရှားဖြစ်တာ တစ်ပွဲမှမမြင်မိဘူး။အဲဒီတော့ ထုံးစံအတိုင်း စပိန်လာလီဂါထဲ ထပ်လှမ်းမိပြန်ပေါ့။လာလီဂါမှာလည်း ကစားဖို့ ၄ပွဲရှိတဲ့အထဲကနေ ကြေးပြောင်းတစ်ကြောင်းမှ ရှာလို့မတွေ့မိဘူး။အဲဒီတော့ ဒီကနေ့ညအတွက် စုစုပေါင်း ကစားစရာ ၃ကြောင်းတည်းနဲ့ အဆုံးသတ်လိုက်ရပါပြီ။ဘဏ်ကနေ ငွေထုတ်ယူခွင့်ကလည်း အရင်ကထက် အခြေအနေ ပိုကောင်းလာပြီဆိုတော့ ဖိုက်တာတွေ၊ လက်ကြီးသမားတွေအနေနဲ့ တစ်ပွဲကို သိန်းဆယ်ချီရာချီ ပြန်ကစားကြပါ။လက်သေးသမားတွေကတော့ ထုံးစံအတိုင်း တစ်ကြောင်း တစ်သိန်းလောက်ပဲကစားပေါ့။ကစားရမှာတွေက မန်စီးတီးဘော်ဒီနဲ့ ဂိုးပေါင်းအပေါ်၊ ဘရိုက်တန်ပွဲဂိုးအောက်တို့ ဖြစ်ကြောင်း ထပ်လောင်းပြောကြားရင်း မိတ်ဆွေအပေါင်းအသင်းရောင်းရင်းအားလုံး ဂွတ်လပ်ခ်ပါဗျာ။

zawgyi

မျဖစ္မေနဖတ္ရမယ့္ စေနအက်ိဳးျပဳေစ်းကြက္

(စိုင္းကို-ေတာင္ႀကီး)

ၿပီးခဲ့တဲ့အပတ္ စူပါဆန္းေဒးကေတာ့ အရႈံးအႏိုင္ ျပတ္ျပတ္သားသား အေျဖမေပၚဘဲ မယုတ္မလြန္အေနအထားနဲ႔ ၿပီးဆုံးခဲ့ရတယ္။ဒီလိုညမ်ိဳးေတြဆိုရင္ စိတ္ထဲမခ်င့္မရဲရယ္ပါ။လိဒ္ကို ဂိုးမရွိသေရက်တဲ့ မန္ယူေဘာ္ဒီ ေခၚစားသြားသလိုျဖစ္ခဲ့ရလို႔သာ အခုလိုအေျခအေန ရင္ဆိုင္ရတာျဖစ္တယ္။ဒီကေန႔စေနညအတြက္ေတာ့ အဲ့ဒီလို မာယာေတြ မႀကံဳခ်င္ေတာ့ပါဘူး။ၿပီးခဲ့တဲ့စေနကလို အရွံုးမ်ိဳးေတြလည္း မလိုခ်င္ေတာ့ဘူး။ဘယ္ပြဲေတြမွာ ဘယ္လိုမ်ိဳး ေၾကးကစားေနသလဲ ေလ့လာၾကည့္ရေအာင္ဗ်ာ။

အရင္ဦးဆုံး အဂၤလန္ပရီးမီးယားလိဂ္ထဲဝင္လိုက္တယ္။ကစားဖို႔ရွိေနတာ စုစုေပါင္း ၄ပြဲ။အခ်ိန္အေစာဆုံး ညေန ၆နာရီမွာကစားမယ့္ ပဲေလ့စ္-မန္စီးတီးပြဲမွာတင္ ေၾကးေျပာင္းျမင္လိုက္ရတယ္။စတင္ေစ်းမွာ မန္စီးတီးဘက္ကေန ၁-၅၀ ေပးခဲ့တာပါ။ မန္စီးတီးရဲ႕အေက်ာေပးမႈက တျဖည္းျဖည္းတင္းလာၿပီး အခုဆိုရင္ ၁-၁၀၀ ျဖစ္လာတယ္။ေဘာ္ဒီေစ်းတင္ မဟုတ္ပါဘူးဗ်။ဂိုးေပါင္းေၾကးကလည္း တင္းရင္းလာလိုက္တာ ၃+၉၀ကေနၿပီး၃+၅၀ ျဖစ္လာေလရဲ႕။ဒါဟာ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္မွာ ဒီဘ႐ိုင္း၊ မာရက္ဇ္တို႔ ေျခစြမ္းျပမႈနဲ႔အတူ ပီအက္စ္ဂ်ီလိုအသင္းႀကီးကို အေဝးကြင္းႏိုင္ပြဲ ရယူလိုက္တဲ့ မန္စီးတီးရဲ႕စြမ္းေဆာင္ရည္ေၾကာင့္ ေစ်းျပင္းရွလာရတာပါ။တန္းတင္က်န္ရစ္ဖို႔ အေျခအေနေကာင္းေနတဲ့ ပဲေလ့စ္ကလည္း ဖိအားကင္းေနၿပီး နဂိုကတည္းက ခံစစ္ယိုယြင္းသေလာက္ တိုက္စစ္စြာလွတယ္ေလ။
ဒီေတာ့ကာ မန္စီးတီးေဘာ္ဒီနဲ႔ ဂိုးေပါင္းအေပၚက ဒီေန႔ညအတြက္ ပထမနဲ႔ ဒုတိယပစ္မွတ္ေတြ ျဖစ္လာခဲ့ရပါတယ္။

ေနာက္ထပ္ျမင္မိတဲ့ တစ္ေၾကာင္းကလည္း ပရီးမီးယားလိဂ္ကပါပဲ။ဘ႐ိုက္တန္-လိဒ္ပြဲရဲ႕ဂိုးေပါင္းေစ်း ၃+၆၅ကေနၿပီး ၂-၁၀၀ အထိ ေပ်ာ့က်သြားျခင္းပါ။ဘ႐ိုက္တန္မွာ တန္းဆင္းအႏၲရာယ္ရွိေနေပမယ့္ ႀကိဳးစား႐ုန္းထႏိုင္ျခင္းမရွိဘူး။ေနာက္ဆုံး ၃ပြဲဆက္တိုက္ ဂိုးေပါက္ေပ်ာက္ဆုံးထားတဲ့တိုက္စစ္က စိတ္ပ်က္စရာပါ။ေမာ္ေပးအေပၚ မွီခိုလြန္းတာေၾကာင့္လည္း သူလႈပ္မရတိုင္း ဘ႐ိုက္တန္တိုက္စစ္ အသက္မဲ့သြားတာျဖစ္တယ္။ၿပိဳင္ဘက္လိဒ္ကေတာ့ ေနာက္ဆုံးကစားတဲ့ မန္ယူနဲ႔ပြဲမွာ ခံစစ္အစြမ္း ျပသသြားခဲ့တဲ့အသင္းပါ။အဲဒီေတာ့ အခုလိုမ်ိဳး ဂိုးေပါင္းေၾကးက်ဆင္းသြားရတာ ထူးဆန္းမႈလို႔ မဆိုႏိုင္ဘူး။ဘာပဲျဖစ္ျဖစ္ ဘ႐ိုက္တန္ပြဲ ဂိုးေပါင္းေအာက္က တတိယပစ္မွတ္ေပါ့။

အီတလီစီးရီးေအရပ္ဝန္းထဲ ဆက္ဝင္လိုက္တယ္။ဒီေန႔ညအတြက္ ကစားဖို႔ ၃ပြဲပဲရွိေနတယ္။ေစ်းေျပာင္းတာ လႈပ္လႈပ္ရွားရွားျဖစ္တာ တစ္ပြဲမွမျမင္မိဘူး။အဲဒီေတာ့ ထုံးစံအတိုင္း စပိန္လာလီဂါထဲ ထပ္လွမ္းမိျပန္ေပါ့။လာလီဂါမွာလည္း ကစားဖို႔ ၄ပြဲရွိတဲ့အထဲကေန ေၾကးေျပာင္းတစ္ေၾကာင္းမွ ရွာလို႔မေတြ႕မိဘူး။အဲဒီေတာ့ ဒီကေန႔ညအတြက္ စုစုေပါင္း ကစားစရာ ၃ေၾကာင္းတည္းနဲ႔ အဆုံးသတ္လိုက္ရပါၿပီ။ဘဏ္ကေန ေငြထုတ္ယူခြင့္ကလည္း အရင္ကထက္ အေျခအေန ပိုေကာင္းလာၿပီဆိုေတာ့ ဖိုက္တာေတြ၊ လက္ႀကီးသမားေတြအေနနဲ႔ တစ္ပြဲကို သိန္းဆယ္ခ်ီရာခ်ီ ျပန္ကစားၾကပါ။လက္ေသးသမားေတြကေတာ့ ထုံးစံအတိုင္း တစ္ေၾကာင္း တစ္သိန္းေလာက္ပဲကစားေပါ့။ကစားရမွာေတြက မန္စီးတီးေဘာ္ဒီနဲ႔ ဂိုးေပါင္းအေပၚ၊ ဘ႐ိုက္တန္ပြဲဂိုးေအာက္တို႔ ျဖစ္ေၾကာင္း ထပ္ေလာင္းေျပာၾကားရင္း မိတ္ေဆြအေပါင္းအသင္းေရာင္းရင္းအားလုံး ဂြတ္လပ္ခ္ပါဗ်ာ။