စိုင်းကို တောင်ကြီးရဲ့စနေအကျိုးပြုစျေးကွက်

စိုင်းကို တောင်ကြီးရဲ့စနေအကျိုးပြုစျေးကွက်

ကြားထဲမှာ နိုင်ငံတကာတွေခံလိုက်တာစိတ်ထဲမှာအမှတ်ပေးပွဲတွေနဲ့ အကြာကြီးခွဲလိုက်ရသလိုပဲ။အမှတ်ပေးပွဲတွေသာပြန်ရောက်လာတာမြန်မာစံတော် ချိန်မနေ့မနက်ပိုင်းကမှ တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေ ကစားလို့ပြီးတာ။ဒီတော့ကာ မက်ဆီ၊ နေမာတို့အပါအဝင်တောင်အမေရိကကစားသမားတွေအချိန်မီ ပြန်မရောက်နိုင်ကြတော့ဘူး။လူမစုံတဲ့အမှတ်ပေးပွဲတွေကနိုင်ငံတကာပွဲပန်းထားမယ့်ကစားသမားတွေဝင်ကစားမယ့်အခြေ အနေကြောင့်ကမောက်ကမတွေ ဖြစ်လာဦးမလားစိတ်ဝင်စားစရာကောင်းလှပါတယ်။ နိဒါန်းပျိုးတာတွေ အသာထားလို့အင်္ဂလန်ပရီးမီးယားလိဂ်ထဲဝင်တော့မယ်ဗျာ။

ဒီညပရီးမီးယားလိဂ်မှာကစားဖို့က စုစုပေါင်း ၈ပွဲတောင်မှရှိတယ်။ပဲလေ့စ်-စပါးပွဲရဲ့ဂိုးပေါင်းစျေးကို စမြင်မိပြီ။ စတင်စျေး ၂-၈၅ကနေ နေ့့လည် ၁၂နာရီမှာတော့ ၂-၄၀ဆိုပါလား။ဒါဟာအသက်မဲ့နေတဲ့ ပဲလေ့စ်တိုက်စစ်ကြောင့်ပါ။ ပဲလေ့စ်တိုက်စစ်က သူတို့ရဲ့နောက်ဆုံး ၄ပွဲမှာ ၃ပွဲအထိ ဂိုးပေါက်ပျောက်ဆုံးထားပြီး အခုပွဲမှာ ခံစစ်လုံခြုံတဲ့ စပါးကိုရင်ဆိုင်ရမှာဖြစ်လို့ ဂိုးရဖို့မဖြစ်နိုင်ဘူး။စပါးကိုလည်းခံစစ်အလုံပိတ်ပြီး တိုက်စစ်က တစ်ဂိုးဆို ဆိုသလောက်အနိုင်ရလဒ်ယူနိုင်စွမ်းရှိတဲ့အသင်းပါ။ နိုင်ငံတကာပွဲပန်းဒဏ် ရှိထားတဲ့ကစားသမားတွေများလို့ စပါးအနေနဲ့ ထိန်းကစားလာမှာကလည်းသေချာနေတယ်။အဲဒီတော့ အခုလိုမျိုး ဂိုးပေါင်းစျေးကျဆင်းလာမှုဟာ မာယာမဟုတ်ပါဘူး။ တကယ့်ကို ဖြစ်သင့်ဖြစ်ထိုက်မှုကြီးပါပဲ။ စပါးပွဲဂိုးအောက်က ဗွေဆော်ဦးပစ်မှတ်ပေါ့။

အာဆင်နယ်- နောဝစ်ချ်ပွဲမှာအာဆင်နယ်ရဲအကျောပေးမှုရောဂိုးပေါင်းစျေးပါ ပြင်းရှလာပေမယ့် ပြား ၅၀နားမကပ်လို့ ချန်ထားရစ်ခဲ့တယ်။ ပွဲချိန်နီးလို့ စျေးအရမ်းပြင်းရှလာရင်တော့ အာဆင်နယ်နဲ့ဂိုးပေါ်ဆော်သာဆော်လိုက်ပါ။ လောလောဆယ်တော့ကျနော့်ရဲ့ရွေးချယ်မှုထဲမထည့်တော့ပါဘူး။နယူးကာဆယ်ကို မန်ယူရဲ့အကျောပေးမှုကလည်း ပြား ၃၀တင်းလာတယ်။ ဒါပေမဲ့ ထားခဲ့တယ်။ ဆန္ဒရှိသပဆို မန်ယူဘော်ဒီ ခပ်ပါးပါးကစားကြည့်ပေါ။အခြားပြောင်းလဲမှုတွေသိပ်မမြင်လို့ အင်္ဂလန်ရပ်ဝန်းကိုကျောခိုင်းပါပြီ။စပိန်လာလီဂါထဲ ဆက်သွားတာပေါ့။ စပိန်မှာတော့ကစားဖို့က၂ပွဲတည်းရှိသဗျ။ဘီလ်ဘာအို-မာယော့ ကာပွဲမှာအိမ်ရှင်ရဲ့အကျောပေးမှု နည်းနည်းလေးတင်းသွားပေမယ့် မဆိုစလောက်မို့ စဉ်းစားမနေချင်တော့ဘူး။

ဒီလိုနဲ့ပဲ အီတလီစီးရီးအေထဲရောက်ခဲ့ရတယ်။စုစုပေါင်း ၃ပွဲရှိတဲ့အထဲကဘော်ဒီရောဂိုးပေါင်းပါခပ်တင်းတင်းလေးပြောင်းတာတစ်ပွဲပဲမြင်လိုက်မိတယ်။အတ္တလန္တာ-ဖီအိုရင်တီးနားပွဲပါ။ အိမ်ရှင်ရဲ့အကျောပေးမှု ၁-၃၀ကနေ ၁+၇ပြား အထိပျော့ကျလာခဲ့ရတယ်။ ဒါကနေ့ခင်း၁၂နာရီခွဲစျေးပါ။ဘော်ဒီစျေးပြား ၄၀နီးပါးအထိ ပျော့ကျလာတာပေါ့။ ဂိုးပေါင်းစျေးကလည်း ၃-၄၅ကနေ ၃-၅ပြားအထိ ပြား ၄၀ ပျော့ပြန်တယ်။ဘော်ဒီစျေး ပျော့ကျလာရတာဟာဖီအိုရင်တီးနားရဲ့ခြေစွမ်းကိုအထင်ကြီးလို့ပါ။ပြောင်မြောက်တဲ့မာယာလှည့်ကွက်ကြီးပါပဲ။ ဘိုလော့ဂ်နာကို ဂိုးမရှိသရေကျလိုက်ရုံနဲ့ အတ္တလန္တာရဲ့အိမ်ကွင်းခြေစွမ်းကို အထင်သေးရတော့မှာလား။

အတ္တလန္တာဆိုတာအိမ်ကွင်းဆိုရင်ခံစစ်လုံခြံုပြီး ဘယ်ပြိုင်ဘက်ကိုမဆို ခြေစွမ်းအသာစီးယူကစားတတ်တဲ့အသင်းပါ။ အဲဒါကို လုံးဝမမေ့ပါနဲ့။ ဂိုးပေါင်းစျေး ပျော့ကျလာတာကလည်း မသင်္ကာစရာပါပဲ။အိမ်ရှင်ရဲ့အိမ်ကွင်းမာကျောမှုကို အခွင်ကောင်းယူလို့ ပျော့ကျပေးနေတာပါ။ ဖီအိုရင်တီးနားရဲ့ကစားဟန်ကို ဘာလို့ထည့်မတွက်တာလဲ။ ဖီအိုဆိုတာ ဒီရာသီမှာ ခံစစ်ယိုယွင်းသလောက် တိုက်စစ်ကလည်း ဂိုးသွင်းအားမြိုင်နေတဲ့အသင်းဖြစ်တယ်ဆိုတာ အဖွင့်ပွဲစဉ် ၂ပွဲကိုကြည့်ရင်သိမှာပါ။အတ္တလန္တာဆိုတာကလည်းတိုက်စစ်ဦးစားပေးအသင်းလေ။ ဒီနှစ်သင်းတွေ့တဲ့နောက်ဆုံး ၈ပွဲဆက်တိုက်ဂိုးပေါင်းအပေါ်အောင် ထားတဲ့အစဉ်အလာမှတ်တမ်းကိုလည်း ဘယ်သွားထားရမှာလဲ။ အဲဒီတော့ဂိုးပေါင်းစျေးပျော့နေတာကတော့ကြောက်မက်ဖွယ်ရာမာယာကြီးပါ။နှစ်သင်းစလုံးရဲ့ကစားပုံအရဂိုးပေါ်ကိုပေါ်စေရမယ်။အတ္တလန္တာဘော်ဒီနဲ့ ဂိုးပေါင်းအပေါ်ကဒုတိယနဲ့တတိယပစ်မှတ်ဖြစ်လာပါတယ်။

ဘွန်ဒက်စ်လီဂါမှာလည်းကြေးပြောင်းတွေရှိလို့ ချန်ခဲ့လို့မရပြန်ဘူး။အဲဒီပွဲတွေထဲကမှ ရွေးချယ်မှုအရမ်းများမှာစိုးလို့ ကြေးတစ်ခြမ်းစောင်းနင်းပြောင်းနေတဲ့ လစ်ဇစ်-ဘိုင်ယန်ပွဲရဲ့ဂိုးပေါင်းစျေးကိုပဲ တင်ပြလိုက်ပါတယ်။ဒီပွဲရဲ့ဂိုးပေါင်းစျေးစတင်မှုက ၃-၃၅။ ဒီကနေ့ မွန်းလွဲ တစ်နာရီနီးပါးအချိန်မှာတော့ ၃-၉၅။ ဘာသဘောလဲ ဂိုးမိုးတွေရွာချတော့မှာမို့လား။ မှတ်တမ်းမှတ်ရာတွေ လှန်လှောလိုက်တော့ ဒီနှစ်သင်းတွေ့ခဲ့တဲ့ နောက်ဆုံး ၁၀ပွဲမှာ ဂိုးပေါင်းအရေအတွက် ၃ဂိုးထက်ပိုများတာဆိုလို့ ရှားရှားပါးပါးတစ်ပွဲတည်းသာ ရှိထားခဲ့ပါတယ်။ အဲဒါကလည်း ဘိုင်ယန်မြူးနစ်ကွင်းမှာ။

အဲဒီမှတ်တမ်းက ဒီကြေးအတိုင်းဆိုရင် မြောင်းထဲလွှင့်ပစ်ရတော့မှာလား။ဒါဆိုရင် ဟုတ်ပြီ။ လက်ရှိခြေစွမ်းနဲ့ အနေအထားကိုဆက်သုံးသပ်မယ်။ဘွန်ဒက်စ်လီဂါ အဝေးကွင်းပွဲစဉ်တွေမှာလစ်ဇစ်ရဲ့ခြေစွမ်း စုတ်ချာလာပေမယ့် အိမ်ကွင်းစွာနေဆဲပါပဲ။အိမ်ကွင်းဆိုရင် လစ်ဇစ်ရဲ့ခြေစွမ်းမာချာပြီး ခံစစ်စွမ်းဆောင်ရည်ကလည်း အံ့မခန်းလို့ ဆိုရမယ်။ ဘိုင်ယန်မြူးနစ် ခြေစွာနေပေမယ့် နိုင်ငံတကာပွဲပန်းသူတွေ ရှိထားလို့ အခုပွဲကို ထိန်းကစားဖို့နဲ့ ကပ်နိုင်ဖို့လောက်ပဲ ပြင်ဆင်လာမှာပါ။လစ်ဇစ်မှာလည်း လက်ရွေးစင်တွေအများကြီးပဲလေ။ ဒီတော့ကာ ဘာလို့များ အပင်ပန်းခံပြီး အနာခံကြဦးမှာလဲ။ မုန်းတီးစရာမာယာလှည့်ကွက်ကို ရှောင်လိုက်စမ်းပါ။ဘိုင်ယန်မြူးနစ်ပွဲဂိုးအောက်ကနံပါတ် ၄ပစ်မှတ်ပေါ့။

စာအရှည်ကြီးဖတ်ရမှာစိတ်မရှည်သူတွေအတွက် နိဂုံးချုပ်ပေးမယ်။ ဟုတ်ပြီလား။အင်္ဂလန်ပရီးမီးယားလိဂ်က စပါးပွဲဂိုးအောက်၊ အီတလီစီးရီးအေက အတ္တလန္တာဘော်ဒီနဲ့ ဂိုးပေါင်းအပေါ်၊ ဂျာမန်ဘွန်ဒက်စ်လီဂါရပ်ဝန်းဆီကဘိုင်ယန်မြူးနစ်ပွဲဂိုးအောက်တို့ဖြစ်ကြောင်းပြောကြားရင်းမနက်ဖြန်မှာအပြံုးကိုယ် စီနဲ့ပြန်လည်ဆုံဆည်းကြပါစို့။