ခပ်ပါးပါး ရှုံးချင်ရှုံးပါစေ

တနင်္လာည အင်္ဂလန်ပရီးမီးယားလိဂ် ပွဲစဉ်-၆ ပွဲကြိုသုံးသပ်ချက်

ပဲလေ့စ် နှင့် ဘရိုက်တန် (ည ၁း၅၀)(စိုင်းကို တောင်ကြီး)

ရာသီစတယ်ဟေ့ဆိုကတည်းကဘရိုက်တန်ဆက်တိုက်ခြေစွာနေပြီး ပြိုင်ပွဲစုံ၇ပွဲမှာနိုင်ပွဲ ၆ပွဲအထိ ရယူထားနိုင်တယ်။ယမန်နှစ်ရာသီကအားနည်းချက်တွေကို ပြင်ဆင်လိုက်နိုင်တဲ့ဘရိုက်တန်ဟာခံစစ်နဲ့ကွင်းလယ်မာကျောအောင်တည်ဆောက်ထားနိုင်ပြီးတိုက်စစ်လည်းစွာလာတဲ့အသင်းပါ။

ပဲလေ့စ်ကတော့ဒီရာသီတစ်လျှောက်လုံး ရုန်းကန်နေရပြီး စုစုပေါင်း ၆ပွဲကစားရာမှာစပါးတစ်သင်းတည်းကိုပဲနိုင်ထားတယ်။လက်ရှိခြေစွမ်း၊ စုဖွဲ့မှုနဲ့စိတ် ဓာတ်ပိုင်းမှာဘရိုက်တန်ကအစစသာလွန်ပြီးပဲလေ့စ်ကွင်းဆီသွားကစားတဲ့နောက်ဆုံး၈ပွဲမှာလည်း နိုင်ပွဲ ၂ပွဲသာရရှိတဲ့အစဉ်အလာဆိုးပိုင်ဆိုင်ထားတယ်။

ဒါကြောင့်လည်းအဝေးကွင်းဖြစ်တာတောင်မှသရေဆိုရင် ၂၀နစ်နာရမယ်ဆိုပြီးဘရိုက်တန်ကတောင်ပြန်လည်အကျောပေးထားတာပါ။ပဲလေ့စ်နိုင်ဖို့ဆိုတာ ဝေလာဝေးလွန်းတာကြောင့်သရေကျပြီးခပ်ပါးပါးရှုံးချင်ရှုံးပါစေဘရိုက်တန်လို့သာအော်ဟစ်ကြမယ်။

zawgyi




