
ဗုဒ္ဓဟူးည အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်-၁၉ ပွဲကြိုသုံးသပ်ချက်
ပဲလေ့စ် နှင့် စပါး(ည ၂း၃၀)(စိုင်းကို တောင်ကြီး)
ဒီရာသီပဲလေ့စ်ကတည်ငြိမ်မှုကင်းမဲ့ပေမယ့်အမှတ်ပေးဇယားအလယ်မှာသာသာယာယာပါပဲ။ဗီအဲရာရဲ့အသင်းဟာအခုရာသီကြီး ၆ ကြီးနဲ့တွေ့ဆုံမှုတွေမှာတစ်ပွဲမှမနိုင်ခဲ့ပေမယ့်အာဆင်နယ်ကလွဲရင်ကျန်တဲ့အသင်းတိုင်းကိုဂိုးသွင်းနိုင်ခဲ့ပါတယ်။စပါးကတော့ကမ္ဘာ့ဖလားကြားဖြတ်နောက်ပိုင်းကစားခဲ့တဲ့ပရီးမီးယားလိဂ် ၂ ပွဲစလုံးမှာအခြေအနေမကောင်းခဲ့ပါဘူး။
ကွန်တီရဲ့အသင်းမှာခံစစ်ပြသနာကပိုကြီးမားနေပြီးပရီးမီးယားလိဂ်နောက်ဆုံး ၇ ပွဲစလုံးမှာအနိမ့်ဆုံး၂ဂိုးနှုန်းခွင့်ပြုခဲ့ရတာပါ။ဂိုးဆိုတဲ့အသံတွေတစ်ညံညံကြားရမယ့်လန်ဒန်ဒါဘီပေါ့။
zawgyi
ဂိုးဆိုတဲ့အသံေတြ တစ္ညံညံၾကားရမယ့္ လန္ဒန္ဒါဘီ
ဗုဒၶဟူးည အဂၤလန္ပရီးမီးယားလိဂ္ပြဲစဥ္-၁၉ ပြဲႀကိဳသုံးသပ္ခ်က္
ပဲေလ့စ္ ႏွင့္ စပါး(ည ၂း၃၀)(စိုင္းကို ေတာင္ႀကီး)
ဒီရာသီ ပဲေလ့စ္က တည္ၿငိမ္မႈကင္းမဲ့ေပမယ့္ အမွတ္ေပးဇယားအလယ္မွာ သာသာယာယာပါပဲ။ဗီအဲရာရဲ႕အသင္းဟာ အခုရာသီႀကီး ၆ ႀကီးနဲ႔ေတြ႕ဆုံမႈေတြမွာ တစ္ပြဲမွ မႏိုင္ခဲ့ေပမယ့္ အာဆငနယ္ကလြဲရင္ က်န္တဲ့အသင္းတိုင္းကို ဂိုးသြင္းႏိုင္ခဲ့ပါတယ္။စပါးကေတာ့ ကမာၻ႔ဖလားၾကားျဖတ္ေနာက္ပိုင္း ကစားခဲ့တဲ့ပရီးမီးယားလိဂ္ ၂ ပြဲစလုံးမွာ အေျခအေနမေကာင္းခဲ့ပါဘူး။
ကြန္တီရဲ႕အသင္းမွာ ခံစစ္ျပသနာက ပိုႀကီးမားေနၿပီး ပရီးမီးယားလိဂ္ေနာက္ဆုံး ၇ ပြဲစလုံးမွာ အနိမ့္ဆုံး ၂ ဂိုးႏႈန္းခြင့္ျပဳခဲ့ရတာပါ။ဂိုးဆိုတဲ့အသံေတြ တစ္ညံညံၾကားရမယ့္ လန္ဒန္ဒါဘီေပါ့။