အနိုင်ရဖို့ အခက်အခဲမရှိနိုင်

သောကြာနံနက် တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ပါရာဂွေး နှင့် အာဂျင်တီးနား (နံနက် ၅း၃၀)(ဇေကြီး)

မက်ဆီဦးဆောင်တဲ့တိုက်စစ်ဂိုးမြူးမှုနဲ့အတူအာဂျင်တီးနားတိုက်စစ်ကတိုးတက်လာတာအားရပါးရရှိလှပါတယ်။တိုက်စစ်စွမ်းရည်တိုးတက်လာနေချိန်မှာပဲကွင်းလယ်နဲ့ခံစစ်ကြောင်းကိုလည်းလုံခြုံမာကျောအောင်အာဂျင်တီးနားအသင်းပြင်ဆင်ထားနိုင်တယ်။

ပါရာဂွေးကတော့စုဖွဲ့ကစားအားဟန်ချက်ညီမှုမရှိဘဲခံစစ်ယိုယွင်းမှုကြောင့်အသင်းရဲ့ကစားအားဖရိုဖရဲနိုင်လွန်းနေတဲ့အသင်းပါ။အဝေးကွင်းဆိုပေမယ့်လည်းအာဂျင်တီးနားအနိုင်ရဖို့ အခက်အခဲမရှိနိုင်ဘူး။

zawgyi




