
သောကြာနံနက်ကစားမည့် တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
ပါရာဂွေး နှင့် ဗင်နီဇွဲလား (နံနက် ၅းဝဝ)(ဖိုးရာဇာ)
ကမ္ဘာ့ဖလားခြေစစ်ပွဲနောက်ဆုံး ၉ပွဲမှာနိုင်ပွဲတစ်ပွဲသာရရှိထားတဲ့ပါရာဂွေးရဲ့ခြေစွမ်းကစိတ်ပျက်စရာကောင်းလှပါတယ်။ဗင်နီဇွဲလားကလည်းသူတို့ရဲ့ပြိုင်ပွဲစုံနောက်ဆုံး ၁၂ပွဲမှာ နိုင်ပွဲတစ်ပွဲသာရရှိထားတဲ့အသင်းပါ။
တိုက်စစ်ပိုင်းအားရစရာမရှိလှတဲ့သူတို့နှစ်သင်းဟာနောက်ဆုံး တွေ့ခဲ့တဲ့ ၆ပွဲဆက်တိုက်ဂိုးပေါင်းအောက်တွေချည်းရလဒ်ထွက်ပေါ်ထားခဲ့တာဖြစ်ပါတယ်။ဒီပွဲမှာလည်းနှစ်သင်းကြားတိုက်စစ် အညံ့ပြိုင်ဆိုင်ရင်း ဂိုးနည်းသွားပါလိမ့်မယ်။
zawgyi