Paris Charles de Gaulle လေဆိပ်တွင် သေတ္တာထဲမှာ ပစ္စည်း ၁၀၀ ကီလိုဂရမ်နှင့်အတူ ထိန်းသိမ်းခံခဲ့ရတဲ့ ဘောလုံးသမားနဲ့ချစ်သူ

ဘောလုံးသမားတစ်ဦးနှင့်သူ့ချစ်သူတို့ဟာ ပဲရစ်ရှိCharles de Gaulle လေဆိပ်တွင်၎င်းတို့ရဲ့Luggage တွင်းတွင်ကိုကင်း၁၀၀ကီလိုဂရမ်နှင့်အတူဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။

အသက်၂၉နှစ်ရှိဂျိန်းမန်နူရယ်နီဒရာဟာမာတင်ကွီးရဲ့ပထမတန်းလိဂ်ကလပ် Aiglon du Lamentinတွင်ကစားနေသူဖြစ်ပါတယ်။

၎င်းနှင့်အတူချစ်သူလည်းဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပြီးအထက်ပါအဖြစ်အပျက်မှာတနင်္ဂနွေနေ့တုန်းကဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။

သူဟာဖမ်းဆီးခြင်းခံရပြီးနောက်အချုပ်ခန်းတွင်ထိန်းသိမ်းခံထားရပါတယ်။

ဒါပေမဲ့သူ့ချစ်သူကတော့ပြန်လည်လွတ်မြောက်လာမယ်လို့ယုံကြည်ရပါတယ်။

သူဟာကိုယ်ရေးကိုယ်တာကိစ္စဖြင့်ခရီးထွက်လာတာဖြစ်ပြီးကလပ်ဘက်ကယခုအမှုတွင်ကလပ်နှင့်မသက်ဆိုင်ကြောင်းဆိုထားပါတယ်။

နီဒရာဟာအလယ်တန်းကစားသမားတစ်ဦးဖြစ်ပြီး မာတီနီကွီးလက်ရွေးစင်အသင်းအတွက်ကစားနေသူလည်းဖြစ်ပါတယ်။

သူဟာ၂၀၁၂ခုနှစ်တွင် ပြင်သစ်ပြည်ပနယ်မြေအတွက်ကစားလာခဲ့တာလည်းဖြစ်ပါတယ်။

ZawGyi

Paris Charles de Gaulle ေလဆိပ္တြင္ ေသတၱာထဲမွာ ပစၥည္း ၁၀၀ ကီလိုဂရမ္ႏွင့္အတူ ထိန္းသိမ္းခံခဲ့ရတဲ့ ေဘာလုံးသမားနဲ႔ခ်စ္သူ

ေဘာလုံးသမားတစ္ဦးႏွင့္သူ႔ခ်စ္သူတို႔ဟာ ပဲရစ္ရွိCharles de Gaulle ေလဆိပ္တြင္၎တို႔ရဲ႕Luggage တြင္းတြင္ကိုကင္း၁၀၀ကီလိုဂရမ္ႏွင့္အတူဖမ္းဆီးထိန္းသိမ္းျခင္းခံခဲ့ရပါတယ္။

အသက္၂၉ႏွစ္ရွိဂ်ိန္းမန္ႏူရယ္နီဒရာဟာမာတင္ကြီးရဲ႕ပထမတန္းလိဂ္ကလပ္ Aiglon du Lamentinတြင္ကစားေနသူျဖစ္ပါတယ္။

၎ႏွင့္အတူခ်စ္သူလည္းဖမ္းဆီးထိန္းသိမ္းျခင္းခံခဲ့ရၿပီးအထက္ပါအျဖစ္အပ်က္မွာတနဂၤေႏြေန႔တုန္းကျဖစ္ပ်က္ခဲ့တာျဖစ္ပါတယ္။

သူဟာဖမ္းဆီးျခင္းခံရၿပီးေနာက္အခ်ဳပ္ခန္းတြင္ထိန္းသိမ္းခံထားရပါတယ္။

ဒါေပမဲ့သူ႔ခ်စ္သူကေတာ့ျပန္လည္လြတ္ေျမာက္လာမယ္လို႔ယုံၾကည္ရပါတယ္။

သူဟာကိုယ္ေရးကိုယ္တာကိစၥျဖင့္ခရီးထြက္လာတာျဖစ္ၿပီးကလပ္ဘက္ကယခုအမႈတြင္ကလပ္ႏွင့္မသက္ဆိုင္ေၾကာင္းဆိုထားပါတယ္။

နီဒရာဟာအလယ္တန္းကစားသမားတစ္ဦးျဖစ္ၿပီး မာတီနီကြီးလက္ေ႐ြးစင္အသင္းအတြက္ကစားေနသူလည္းျဖစ္ပါတယ္။

သူဟာ၂၀၁၂ခုႏွစ္တြင္ ျပင္သစ္ျပည္ပနယ္ေျမအတြက္ကစားလာခဲ့တာလည္းျဖစ္ပါတယ္။