Paris Fashion Week သို့ သွားရောက်မှုကြောင့် ဖရန့်ဖတ်နှင့်ပွဲအတွက် ဘိုင်ယန်လူစာရင်းမှ ဂနာဘရီ ချန်လှပ်ခံရ

ဆာဂျီဂနာဘရီဟာParis Fashion Weekသို့တက်ရောက်ခဲ့ပြီးတဲ့နောက် လာမယ့်ဘိုင်ယန်မြူးနစ်ရဲ့ပွဲစဉ်တွင်အရန်ခုံသို့အပို့ခံလာရတော့မှာဖြစ်ပါတယ်။

အသက်၂၇နှစ်ရှိဂျာမနီတိုက်စစ်သမားဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးပထမဆုံးပွဲဖြစ်တဲ့လိုက်ဇစ်နှင့်တစ်ဂိုးစီသရေကျပြီးနောက်တနင်္ဂနွေနေ့တုန်းက Paris Fashion Week သို့သွားတက်ခဲ့ပါတယ်။

သူဟာအင်္ဂါနေ့တုန်းကကိုလုံးနှင့်တစ်ဂိုးစီသရေကျတဲ့ပွဲတွင်ပွဲထွက်ကစားခွင့်ရခဲပေမဲ့လည်းပထမပိုင်းအပြီးတွင်ကင်စလေကိုးမန်းနှင့်လူစားလဲခြင်းခံခဲ့ရပါတယ်။

ယခုအခါဘိုင်ယန်မြူးနစ်ဟာစနေနေ့တွင်ဖရန့်ဖတ်နှင့်ကစားရမဲ့ပွဲစဉ်တွင်ဂနာဘာရီကိုအရန်ခုံသို့ပို့ကာအရေးယူလာတော့မှာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အားကစားဒါရိုက်တာဆာလီဟာမစ်ဇစ်က “အပျော်တမ်းပွဲပါ။ဒါကြောင့်လည်းမကြိုက်တာပါ။တစ်ရက်အနားပေးလိုက်တယ်ဆိုတာ ဘိုင်ယန်မြူးနစ်သို့မလာနဲ့တော့လို့ပြောလိုက်တာမဟုတ်ပါဘူး။လာမယ့်ပွဲအတွက်အားပြည့်လာဖို့တစ်ရက်အနားပေးလိုက်တာပါ”လို့ပြောကြားသွားပါတယ်။

ဂနာဘရီဟာယခုရာသီတွင်ဘိုင်ယန်မြူးနစ်အတွက်၂၅ပွဲကစားထားရာမှာ၁၀ဂိုးသွင်းကာ၁၁ကြိမ်ဖန်တီးမှုပြုလုပ်ထားနိုင်သူဖြစ်ပါတယ်။

ZawGyi

Paris Fashion Week သို႔ သြားေရာက္မႈေၾကာင့္ ဖရန႔္ဖတ္ႏွင့္ပြဲအတြက္ ဘိုင္ယန္လူစာရင္းမွ ဂနာဘရီ ခ်န္လွပ္ခံရ

ဆာဂ်ီဂနာဘရီဟာParis Fashion Weekသို႔တက္ေရာက္ခဲ့ၿပီးတဲ့ေနာက္ လာမယ့္ဘိုင္ယန္ျမဴးနစ္ရဲ႕ပြဲစဥ္တြင္အရန္ခုံသို႔အပို႔ခံလာရေတာ့မွာျဖစ္ပါတယ္။

အသက္၂၇ႏွစ္ရွိဂ်ာမနီတိုက္စစ္သမားဟာ ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးပထမဆုံးပြဲျဖစ္တဲ့လိုက္ဇစ္ႏွင့္တစ္ဂိုးစီသေရက်ၿပီးေနာက္တနဂၤေႏြေန႔တုန္းက Paris Fashion Week သို႔သြားတက္ခဲ့ပါတယ္။

သူဟာအဂၤါေန႔တုန္းကကိုလုံးႏွင့္တစ္ဂိုးစီသေရက်တဲ့ပြဲတြင္ပြဲထြက္ကစားခြင့္ရခဲေပမဲ့လည္းပထမပိုင္းအၿပီးတြင္ကင္စေလကိုးမန္းႏွင့္လူစားလဲျခင္းခံခဲ့ရပါတယ္။

ယခုအခါဘိုင္ယန္ျမဴးနစ္ဟာစေနေန႔တြင္ဖရန႔္ဖတ္ႏွင့္ကစားရမဲ့ပြဲစဥ္တြင္ဂနာဘာရီကိုအရန္ခုံသို႔ပို႔ကာအေရးယူလာေတာ့မွာျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္အားကစားဒါ႐ိုက္တာဆာလီဟာမစ္ဇစ္က “အေပ်ာ္တမ္းပြဲပါ။ဒါေၾကာင့္လည္းမႀကိဳက္တာပါ။တစ္ရက္အနားေပးလိုက္တယ္ဆိုတာ ဘိုင္ယန္ျမဴးနစ္သို႔မလာနဲ႔ေတာ့လို႔ေျပာလိုက္တာမဟုတ္ပါဘူး။လာမယ့္ပြဲအတြက္အားျပည့္လာဖို႔တစ္ရက္အနားေပးလိုက္တာပါ”လို႔ေျပာၾကားသြားပါတယ္။

ဂနာဘရီဟာယခုရာသီတြင္ဘိုင္ယန္ျမဴးနစ္အတြက္၂၅ပြဲကစားထားရာမွာ၁၀ဂိုးသြင္းကာ၁၁ႀကိမ္ဖန္တီးမႈျပဳလုပ္ထားႏိုင္သူျဖစ္ပါတယ္။