
စကော့ပါကားဟာချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်မှအရှက်တကွဲထွက်ခွာခဲ့ရပြီးနောက်ကလပ်ဘရုဂျက်နည်းပြရာထူးမှထုတ်ပယ်ခံရမဲ့အရေးနှင့်ရင်ဆိုင်နေရပါတယ်။
အသက်၄၂နှစ်ရှိအင်္ဂလန်လက်ရွေးစင်ဟောင်းဟာပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလတုန်းကဘယ်လ်ဂျီယံကလပ်ကိုကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့သူ့နည်းပြဘဝကထင်မှတ်ထားသလိုဖြစ်မလာခဲ့ပါဘူး။သူဟာဘရုဂျက်ကို၁၂ပွဲကိုင်တွယ်ရာမှာ၂ပွဲတည်းသာအနိုင်ရပြီး၆ပွဲသရေကျထားပါတယ်။
ပိုပြီးတော့ဆိုးရွားတာကတော့မနေ့ညတုန်းကဘင်ဖီကာကိုအဝေးကွင်းမှာ၅-၁ဂိုးဖြင့်ရှုံးနိမ့်တာဖြစ်ပါတယ်။
ဘရုဂျက်ဟာနှစ်ကျော့ပေါင်းရလဒ်၇-၁ဖြင့်ရှုံးနိမ့်ပြီးချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်မှထွက်လိုက်ရပြီဖြစ်ပါတယ်။
ဘရုဂျက်ဟာ၁၉၈၈ခုနှစ်တုန်းကမိုနာကိုကို၆-၁ဖြင့်ရှုံးနိမ့်ပြီးနောက်ပထမဆုံးအကြိမ်အဖြစ်ချန်ပီယံလိဂ်တွင်၅ဂိုးပေးခဲ့ရတာလည်းဖြစ်ပါတယ်။
ဘယ်လ်ဂျီယံသတင်းစာ Nieuwsbladကဘရုဂျက်ဟာစကော့ပါကားနေရာတွင်အစားထိုးခန့်အပ်ရန်အေဂျက်စ်နည်းပြဟောင်းအယ်ဖရက်ရှရူဒါကိုဆက်သွယ်နေကြောင်းဖော်ပြသွားပါတယ်။ဒတ်ချ်လူမျိုးနည်းပြဟာဇန်နဝါရီလတုန်းကအေဂျက်စ်မှထုတ်ပယ်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။
ZawGyi
ခ်န္ပီယံလိဂ္မွ ထြက္ခဲ့ရၿပီးေနာက္ ဘ႐ုဂ်က္နည္းျပရာထူးမွ အထုတ္ခံရဖို႔ ရွိေနတဲ့ စေကာ့ပါကား
စေကာ့ပါကားဟာခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္မွအရွက္တကြဲထြက္ခြာခဲ့ရၿပီးေနာက္ ကလပ္ဘ႐ုဂ်က္နည္းျပရာထူးမွထုတ္ပယ္ခံရမဲ့အေရးႏွင့္ရင္ဆိုင္ေနရပါတယ္။
အသက္၄၂ႏွစ္ရွိအဂၤလန္လက္ေ႐ြးစင္ေဟာင္းဟာၿပီးခဲ့တဲ့ႏွစ္ဒီဇင္ဘာလတုန္းကဘယ္လ္ဂ်ီယံကလပ္ကိုကိုင္တြယ္ခဲ့တာျဖစ္ပါတယ္။
ဒါေပမဲ့သူ႔နည္းျပဘဝကထင္မွတ္ထားသလိုျဖစ္မလာခဲ့ပါဘူး။သူဟာဘ႐ုဂ်က္ကို၁၂ပြဲကိုင္တြယ္ရာမွာ၂ပြဲတည္းသာအႏိုင္ရၿပီး၆ပြဲသေရက်ထားပါတယ္။
ပိုၿပီးေတာ့ဆိုး႐ြားတာကေတာ့မေန႔ညတုန္းကဘင္ဖီကာကိုအေဝးကြင္းမွာ၅-၁ဂိုးျဖင့္ရႈံးနိမ့္တာျဖစ္ပါတယ္။ဘ႐ုဂ်က္ဟာႏွစ္ေက်ာ့ေပါင္းရလဒ္၇-၁ျဖင့္ရႈံးနိမ့္ၿပီးခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္မွထြက္လိုက္ရၿပီျဖစ္ပါတယ္။
ဘ႐ုဂ်က္ဟာ၁၉၈၈ခုႏွစ္တုန္းကမိုနာကိုကို၆-၁ျဖင့္ရႈံးနိမ့္ၿပီးေနာက္ပထမဆုံးအႀကိမ္အျဖစ္ခ်န္ပီယံလိဂ္တြင္၅ဂိုးေပးခဲ့ရတာလည္းျဖစ္ပါတယ္။
ဘယ္လ္ဂ်ီယံသတင္းစာ Nieuwsblad ကဘ႐ုဂ်က္ဟာစေကာ့ပါကားေနရာတြင္အစားထိုးခန႔္အပ္ရန္ေအဂ်က္စ္နည္းျပေဟာင္းအယ္ဖရက္ရွ႐ူဒါကိုဆက္သြယ္ေနေၾကာင္းေဖာ္ျပသြားပါတယ္။ဒတ္ခ်္လူမ်ိဳးနည္းျပဟာဇန္နဝါရီလတုန္းကေအဂ်က္စ္မွထုတ္ပယ္ျခင္းခံခဲ့ရသူျဖစ္ပါတယ္။