”သိန်းငှက်အော်သံ ကျယ်လောင်နေမယ့်ည”

တနင်္ဂနွေည အီတလီစီးရီးအေ ပွဲစဉ်-၁၇ ပွဲကြိုသုံးသပ်ချက်

ပါးမား နှင့် လာဇီယို (ည ၈:၃၀)(မြန်မာပြည်ဂုရု)

စီးရီးအေ၇ပွဲဆက်တိုက်အနိုင်ပျောက်ဆုံးထားတဲ့ပါးမားရဲ့အနေအထားကစိတ်ပျက်စရာပါ။နောက်ပြီးတော့နောက်ဆုံး ၅ပွဲမှာစုစုပေါင်းသွင်းဂိုးဆိုလို့ တစ်ဂိုးသာသွင်းထားနိုင်ပါတယ်။

ဒါကြောင့်လာဇီယိုခံစစ်ယိုယွင်းတယ်ဆိုပေမယ့်လည်းပါးမားရဲ့တိုက်စစ်ကိုတော့ဂိုးမပေးရအောင်ထိန်းချုပ်ဟန့်တားနိုင်ပါလိမ့်မယ်။

ဒါ့အပြင်အင်မိုဘိုင်း၊ ကိုင်စီဒိုတို့ရဲ့လာဇီယိုတိုက်စစ်ကိုလည်းပါးမားခံစစ်မှူးတွေ ပွဲချိန်ပြည့်ထိန်းချုပ်ဖို့ မလွယ်ပါဘူး။အနိုင်သေချာတဲ့လာဇီယိုကိုအားပေးမယ်။ သိန်းငှက်အော်သံကျယ်လောင်မယ့်ညပါ။

zawgyi



