လက်စ်ပါးမက်စ်ကို ယူရို၉သန်းထပ်ပေးခဲ့ရတဲ့ ဘာစီလိုနာ

အက်သလက်တီကိုမက်ဒရစ်နှင့်ပွဲအတွက်လူငယ်ပါရမီရှင်အလယ်တန်းကစားသမားပီဒရီမှာဘာစီလိုနာအတွက်ပွဲ၅၀မြောက်ပြည့်ခဲ့ပါတယ်။ယင်းသို့ပွဲ၅၀ပြည့်မှုနဲ့အတူဘာစီလိုနာဟာပီဒရီရဲ့အသင်းဟောင်းလက်စ်ပါးမက်စ်ကိုစာချုပ်ပါအချက်အတိုင်းယူရို၉သန်းထပ်မံပေးခဲ့ရကြောင်းသိရပါတယ်။

အသက်၁၈နှစ်ရှိပီဒရီဟာယခုနွေရာသီတွင်ဘာစီလိုနာသို့ရောက်လာခဲ့သူဖြစ်ပြီးဘာစီလိုနာသမိုင်းတွင်ပွဲ၅၀အမြန်ဆုံးပြည့်တဲ့ဒုတိယမြောက်ကစားသမားဖြစ်လာခဲ့ပါတယ်။

ဘာစီလိုနာဟာပီဒရီကိုခေါ်ယူစဉ်ကယူရို၅သန်းသာချက်ချင်းပေးခဲ့ရသော်လည်းစပိန်လက်ရွေးစင်အသင်းတွင်ရွေးချယ်ခံခဲ့ရမှု၊ပွဲ၅၀ပြည့်မှုတို့ကြောင့်နောက်ထပ်ငွေများပေးရမှုနဲ့အတူယခုအခါစုစုပေါင်းယူရိုသန်း၂၀အထိလက်စ်ပါးမက်စ်ကိုပေးထားရပြီးဖြစ်ပါတယ်။

ဘာစီလိုနာဟာပီဒရီအတွက်လက်စ်ပါးမက်စ်ကိုပေးချေရဦးမှာဖြစ်ပါတယ်။၎င်းတို့ဟာပီဒရီပွဲ၁၀၀ပြည့်ချိန်တွင်နောက်ထပ်ယူရို၅သန်းထပ်မံပေးရဦးမှာဖြစ်ပါတယ်။ဘာစီလိုနာအနေဖြင့်ပီဒရီအတွက်စုစုပေါင်းယူရိုသန်း၃၀အထိပေးရဖို့ရှိနေပါတယ်။

zawgyi




