PFA ဆန်ကာတင်စာရင်းတွင် ဆာလက် မပါဝင်မှုအတွက် လီဗာပူးပရိသတ်များပေါက်ကွဲ

လီဗာပူးပရိသတ်များဟာပရီးမီးယားလိဂ်တွင်၂၂ဂိုးသွင်းခဲ့ကာဂိုးသွင်းဘုရင်စာရင်းတွင်ဒုတိယရပ်တည်နိုင်ခဲ့တဲ့မိုဟာမက်ဆာလက်ကို PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက်ဆန်ကာတင်စာရင်းတွင်ချန်လှပ်ထားမှုအပေါ်အကြီးအကျယ်ဒေါသထွက်လျက်ရှိကြပါတယ်။

အထူးသဖြင့်လီဗာပူးပရိသတ်များဟာပရီးမီးယားလိဂ်ပွဲ၃၈ပွဲတွင်၁၇ပွဲတည်းသာပွဲထွက်ကစားခဲ့ရတဲ့ဖီးလ်ဖိုဒန်အား PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက်ဆန်ကာတင်စာရင်းတွင်မိုဟာမက်ဆာလက်အားကျော်ကာထည့်သွင်းမှုအပေါ်ဒေါသထွက်နေကြတာလည်းဖြစ်ပါတယ်။

၂၀၂၀-၂၁ဘောလုံးရာသီတုန်းကပရီမီးယားလိဂ်မှာမိုဟာမက်ဆာလက်ထက်ဂိုးသွင်းနိုင်သူအဖြစ်ဂိုးသွင်းဘုရင်ဟယ်ရီကိန်းဘဲရှိခဲ့ပါတယ်။အင်္ဂလန်နှင့်စပါးစ်အသင်းခေါင်းဆောင်ဟာ၂၃ဂိုးဖြင့်ပရီးမီးယားလိဂ်ဂိုးသွင်းဘုရင်ဖြစ်ခဲ့တာပါ။

PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက်ဆန်ကာတင်စာရင်းထုတ်ပြန်ခဲ့ရာမှာမန်စီးတီးမှလေးဦးအထိပါဝင်ခဲ့ပြီးရူဘင်ဒိုင်ယက်စ်၊ဖိုဒန်၊အိုကေးဂန်ဒိုဂန်၊ကီဗင်ဒီဘရိုင်းတို့ရွေးချယ်ခြင်းခံခဲ့ရပါတယ်။ဆန်ကာတင်စာရင်းတွင်အခြားကလပ်မှကစားသမားများအဖြစ်စပါးစ်တိုက်စစ်မှူးဟယ်ရီကိန်းနှင့်မန်ယူကွင်းလယ်ဖန်တီးရှင်ဘရူနိုဖာနန်ဒက်စ်တို့ဘဲရွေးချယ်ခံခဲ့ရပါတယ်။

အင်္ဂလန်ရဲ့အလားအလာအကောင်းဆုံးလူငယ်များထဲမှတစ်ဦးဖြစ်တဲ့ဖီးလ်ဖိုဒန်ဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကပရီးမီးယားလိဂ်မှာ၂၈ပွဲအထိကစားခွင့်ရခဲ့ပေမယ့်ယင်းမှ၁၇ပွဲတည်းကိုသာပွဲထွက်ကစားခွင့်ရရှိခဲ့တာပါ။သူဟာ၉ဂိုးသွင်းယူပြီး၅ကြိမ်ဖန်တီးနိုင်ခဲ့ပါတယ်။

အသက်၂၈နှစ်ရှိအီဂျစ်စူပါစတားဟာလည်းဖိုဒန်ကဲ့သို့ပင်၅ကြိမ်ဖန်တီးနိုင်ပေမယ့်၂၂ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။ဒါ့အပြင်သူဟာ၃၄ပွဲအထိပွဲထွက်ကစားခွင့်ရခဲ့ပါတယ်။

ဆာလက်ဟာလီဗာပူးတွင်စတင်ကစားတဲ့ပထမဆုံးရာသီ ၂၀၁၇-၁၈ မှာ PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။ထိုစဉ်ကသူဟာပရီးမီးယားလိဂ်မှာ၃၄ဂိုးအထိသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ယင်းနောက်ပိုင်းမှာမိုဟာမက်ဆာလက်ဟာပရီးမီးယားလိဂ်မှာ၂၂ဂိုး၊၁၉ဂိုး၊၂၂ဂိုးသွင်းယူခဲ့ပြီး၂၀၁၈-၁၉ရာသီမှာပူးတွဲဂိုးသွင်းဘုရင်ဖြစ်ခဲ့ပါတယ်။

ကီဗင်ဒီဘရိုင်းဟာလက်ရှိ PFA ဆုပိုင်ရှင်ဖြစ်ပါတယ်။ဒါပေမယ့်လည်းလီဗာပူးပရိသတ်များကဆာလက်ကိုကျော်ဖြတ်ကာဆန်ကာတင်စာရင်းမှာကီဗင်ဒီဘရိုင်းပါဝင်မှုကိုလည်းထောက်ပြနေပါတယ်။

ဘယ်လ်ဂျီယံအလယ်တန်းကစားသမားဟာပရီးမီးယားလိဂ်ပွဲ၂၅ပွဲတည်းသာကစားနိုင်ခဲ့ပြီးမန်စီးတီးရဲ့အရေးပါတဲ့ပွဲများကိုလွဲခဲ့သူဖြစ်ပါတယ်။

ပိုပြီးတော့စိတ်ဝင်စားဖို့ကောင်းနေတာကတော့ Ballon d’Or ဆုအတွက်လတ်တလာမှာရေပန်းအစားဆုံးဖြစ်နေတဲ့ချဲလ်ဆီးကွင်းလယ်ကစားသမားအန်ဂိုလိုကန်တီဟာလည်း PFA ဆန်ကာတင်စာရင်းမှာမပါဝင်ခဲ့ပါဘူး။

လက်ရှိအချိန်မှာ PFA ဆုကိုဆွတ်ခူးဖို့ရူဘင်ဒိုင်ယက်စ်ကရေပန်းအစားဆုံးဖြစ်နေပါတယ်။ရူဘင်ဒိုင်ယက်စ်ဟာပရီးမီးယားလိဂ်အကောင်းဆုံးလူငယ်ကစားသမားဆုအတွက်ဆန်ကာတင်စာရင်းမှာလည်းရွေးချယ်ခြင်းခံထားရပါတယ်။သူဟာဘောလုံးကလောင်ရှင်များကချီးမြှင့်တဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုလည်းဆွတ်ခူးထားနိုင်ပါတယ်။

ဖီးလ်ဖိုဒန်ဟာPFA တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားစာရင်းမှာလည်းဘူကာယိုဆာကာ(အာဆင်နယ်)၊ဒက်လန်းရိုက်စ်(ဝက်စ်ဟမ်း)၊မေဆင်ဂရင်းဝုဒ်(မန်ယူ)၊မေဆင်မောင့်(ချဲလ်ဆီး)၊ထရန်းအလက်ဇန္ဒားအာနိုး(လီဗာပူး)တို့နှင့်အတူပါဝင်နေပါတယ်။

ZawGyi

PFA ဆန္ကာတင္စာရင္းတြင္ ဆာလက္ မပါဝင္မႈအတြက္ လီဗာပူးပရိသတ္မ်ားေပါက္ကြဲ

လီဗာပူးပရိသတ္မ်ားဟာပရီးမီးယားလိဂ္တြင္၂၂ဂိုးသြင္းခဲ့ကာဂိုးသြင္းဘုရင္စာရင္းတြင္ဒုတိယရပ္တည္ႏိုင္ခဲ့တဲ့မိုဟာမက္ဆာလက္ကို PFA တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုအတြက္ဆန္ကာတင္စာရင္းတြင္ခ်န္လွပ္ထားမႈအေပၚအႀကီးအက်ယ္ေဒါသထြက္လ်က္ရွိၾကပါတယ္။

အထူးသျဖင့္လီဗာပူးပရိသတ္မ်ားဟာပရီးမီးယားလိဂ္ပြဲ၃၈ပြဲတြင္၁၇ပြဲတည္းသာပြဲထြက္ကစားခဲ့ရတဲ့ဖီးလ္ဖိုဒန္အား PFA တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုအတြက္ဆန္ကာတင္စာရင္းတြင္မိုဟာမက္ဆာလက္အားေက်ာ္ကာထည့္သြင္းမႈအေပၚေဒါသထြက္ေနၾကတာလည္းျဖစ္ပါတယ္။

၂၀၂၀-၂၁ေဘာလုံးရာသီတုန္းကပရီမီးယားလိဂ္မွာမိုဟာမက္ဆာလက္ထက္ဂိုးသြင္းႏိုင္သူအျဖစ္ဂိုးသြင္းဘုရင္ဟယ္ရီကိန္းဘဲရွိခဲ့ပါတယ္။အဂၤလန္ႏွင့္စပါးစ္အသင္းေခါင္းေဆာင္ဟာ၂၃ဂိုးျဖင့္ပရီးမီးယားလိဂ္ဂိုးသြင္းဘုရင္ျဖစ္ခဲ့တာပါ။

PFA တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုအတြက္ဆန္ကာတင္စာရင္းထုတ္ျပန္ခဲ့ရာမွာမန္စီးတီးမွေလးဦးအထိပါဝင္ခဲ့ၿပီး႐ူဘင္ဒိုင္ယက္စ္၊ဖိုဒန္၊အိုေကးဂန္ဒိုဂန္၊ကီဗင္ဒီဘ႐ိုင္းတို႔ေ႐ြးခ်ယ္ျခင္းခံခဲ့ရပါတယ္။ဆန္ကာတင္စာရင္းတြင္အျခားကလပ္မွကစားသမားမ်ားအျဖစ္စပါးစ္တိုက္စစ္မႉးဟယ္ရီကိန္းႏွင့္မန္ယူကြင္းလယ္ဖန္တီးရွင္ဘ႐ူႏိုဖာနန္ဒက္စ္တို႔ဘဲေ႐ြးခ်ယ္ခံခဲ့ရပါတယ္။

အဂၤလန္ရဲ႕အလားအလာအေကာင္းဆုံးလူငယ္မ်ားထဲမွတစ္ဦးျဖစ္တဲ့ဖီးလ္ဖိုဒန္ဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကပရီးမီးယားလိဂ္မွာ၂၈ပြဲအထိကစားခြင့္ရခဲ့ေပမယ့္ယင္းမွ၁၇ပြဲတည္းကိုသာပြဲထြက္ကစားခြင့္ရရွိခဲ့တာပါ။သူဟာ၉ဂိုးသြင္းယူၿပီး၅ႀကိမ္ဖန္တီးႏိုင္ခဲ့ပါတယ္။

အသက္၂၈ႏွစ္ရွိအီဂ်စ္စူပါစတားဟာလည္းဖိုဒန္ကဲ့သို႔ပင္၅ႀကိမ္ဖန္တီးႏိုင္ေပမယ့္၂၂ဂိုးအထိသြင္းယူႏိုင္ခဲ့ပါတယ္။ဒါ့အျပင္သူဟာ၃၄ပြဲအထိပြဲထြက္ကစားခြင့္ရခဲ့ပါတယ္။

ဆာလက္ဟာလီဗာပူးတြင္စတင္ကစားတဲ့ပထမဆုံးရာသီ ၂၀၁၇-၁၈ မွာ PFA တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကိုဆြတ္ခူးႏိုင္ခဲ့ပါတယ္။ထိုစဥ္ကသူဟာပရီးမီးယားလိဂ္မွာ၃၄ဂိုးအထိသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ယင္းေနာက္ပိုင္းမွာမိုဟာမက္ဆာလက္ဟာပရီးမီးယားလိဂ္မွာ၂၂ဂိုး၊၁၉ဂိုး၊၂၂ဂိုးသြင္းယူခဲ့ၿပီး၂၀၁၈-၁၉ရာသီမွာပူးတြဲဂိုးသြင္းဘုရင္ျဖစ္ခဲ့ပါတယ္။

ကီဗင္ဒီဘ႐ိုင္းဟာလက္ရွိ PFA ဆုပိုင္ရွင္ျဖစ္ပါတယ္။ဒါေပမယ့္လည္းလီဗာပူးပရိသတ္မ်ားကဆာလက္ကိုေက်ာ္ျဖတ္ကာဆန္ကာတင္စာရင္းမွာကီဗင္ဒီဘ႐ိုင္းပါဝင္မႈကိုလည္းေထာက္ျပေနပါတယ္။

ဘယ္လ္ဂ်ီယံအလယ္တန္းကစားသမားဟာပရီးမီးယားလိဂ္ပြဲ၂၅ပြဲတည္းသာကစားႏိုင္ခဲ့ၿပီးမန္စီးတီးရဲ႕အေရးပါတဲ့ပြဲမ်ားကိုလြဲခဲ့သူျဖစ္ပါတယ္။

ပိုၿပီးေတာ့စိတ္ဝင္စားဖို႔ေကာင္းေနတာကေတာ့ Ballon d’Or ဆုအတြက္လတ္တလာမွာေရပန္းအစားဆုံးျဖစ္ေနတဲ့ခ်ဲလ္ဆီးကြင္းလယ္ကစားသမားအန္ဂိုလိုကန္တီဟာလည္း PFA ဆန္ကာတင္စာရင္းမွာမပါဝင္ခဲ့ပါဘူး။

လက္ရွိအခ်ိန္မွာ PFA ဆုကိုဆြတ္ခူးဖို႔႐ူဘင္ဒိုင္ယက္စ္ကေရပန္းအစားဆုံးျဖစ္ေနပါတယ္။႐ူဘင္ဒိုင္ယက္စ္ဟာပရီးမီးယားလိဂ္အေကာင္းဆုံးလူငယ္ကစားသမားဆုအတြက္ဆန္ကာတင္စာရင္းမွာလည္းေ႐ြးခ်ယ္ျခင္းခံထားရပါတယ္။သူဟာေဘာလုံးကေလာင္ရွင္မ်ားကခ်ီးျမႇင့္တဲ့တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကိုလည္းဆြတ္ခူးထားႏိုင္ပါတယ္။

ဖီးလ္ဖိုဒန္ဟာPFA တစ္ႏွစ္တာအေကာင္းဆုံးလူငယ္ကစားသမားစာရင္းမွာလည္းဘူကာယိုဆာကာ(အာဆင္နယ္)၊ဒက္လန္း႐ိုက္စ္(ဝက္စ္ဟမ္း)၊ေမဆင္ဂရင္းဝုဒ္(မန္ယူ)၊ေမဆင္ေမာင့္(ခ်ဲလ္ဆီး)၊ထရန္းအလက္ဇႏၵားအာႏိုး(လီဗာပူး)တို႔ႏွင့္အတူပါဝင္ေနပါတယ္။