PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဖာနန်ဒက်စ် ဆွတ်ခူးလျှင် ပေါင် ၄.၂ သန်းကုန်ကျမယ့် သရဲနီ

မန်ယူဟာဘရူနိုဖာနန်ဒက်စ်သာPFAတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးလျှင်ပေါင်၄.၂သန်းကုန်ကျဦးမှာဖြစ်ကြောင်းသိရပါတယ်။မန်ယူဟာဘရူနိုဖာနန်ဒက်စ်အားခေါ်ယူစဉ်ကချုပ်ဆိုထားတဲ့စာချုပ်ပါအချက်အ ရစပို့တင်းလစ္စဘွန်းကိုအပိုဆုကြေးပေါင်၄.၂သန်းထပ်ပေးရမှာဖြစ်ပါတယ်။

အသက်၂၆နှစ်ရှိပေါ်တူဂီလက်ရွေးစင်ဟာပြီးခဲ့တဲ့နှစ်ဇန်နဝါရီလတုန်းကပေါင်၄၇သန်းဖြင့်ပြောင်းလာသူဖြစ်ပြီးယခုရာသီတွင်မန်ယူအတွက်ပွဲ၄၀ကစားရာတွင်၂၂ဂိုးသွင်းယူကာ၁၃ကြိမ်ဖန်တီးထားပါတယ်။

ဒါပေမယ့်ဘရူနိုဖာနန်ဒက်စ်သာတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးလာလျှင်စပို့တင်းလစ္စဘွန်းမှာ စာချုပ်ပါအချက်အရငွေကြေးထပ်မံရရှိလာဦးမှာဖြစ်ပါတယ်။

ဒါ့အပြင်မန်ယူဟာဘရူနိုဖာနန်ဒက်စ်သာ Ballon d’Or ဆုအတွက်နောက်ဆုံးဆန်ကာတင်စာရင်းသုံးဦးတွင်ပါဝင် လာပါကအပိုဆုကြေးထပ်ပေးရဦးမှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာမန်ယူဟာဘရူနိုဖာနန်ဒက်စ်အတွက်စပို့တင်းလစ္စဘွန်းအားအပိုဆုကြေးနှစ်ကြိမ်ပေးထားရပြီးဖြစ် ပါတယ်။မန်ယူဟာမန်ယူအတွက်၂၅ကြိမ်ပွဲထွက်မှုနဲ့ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမှုတို့အတွက်ပေါင်၄.၂သန်းပေးထားရပြီးပါပြီ။

မန်ယူဟာဘရူနိုဖာနန်ဒက်စ်အတွက်အပိုဆုကြေးငွေစုစုပေါင်းပေါင်၁၂.၆သန်းထက်ပိုပြီးပေးစရာမလိုကြောင်းကို လည်းစာချုပ်အတွင်းမှာထည့်သွင်းထားပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာယခုရာသီမှာမန်ယူနှင့်အတူအထူးခြေစွမ်းပြကစားနေမှုကြောင့်PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက်မန်စီးတီးနောက်ခံလူရူဘင်ဒိုင်ယက်စ်နှင့်အတူရေပန်းစားလျက် ရှိနေပါတယ်။

ZawGyi

PFA တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကို ဖာနန္ဒက္စ္ ဆြတ္ခူးလွ်င္ ေပါင္ ၄.၂ သန္းကုန္က်မယ့္ သရဲနီ

မန္ယူဟာဘ႐ူႏိုဖာနန္ဒက္စ္သာPFAတစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကိုဆြတ္ခူးလွ်င္ေပါင္၄.၂သန္းကုန္က်ဦးမွာျဖစ္ေၾကာင္းသိရပါတယ္။မန္ယူဟာဘ႐ူႏိုဖာနန္ဒက္စ္အားေခၚယူစဥ္ကခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္ပါအခ်က္အ ရစပို႔တင္းလစၥဘြန္းကိုအပိုဆုေၾကးေပါင္၄.၂သန္းထပ္ေပးရမွာျဖစ္ပါတယ္။

အသက္၂၆ႏွစ္ရွိေပၚတူဂီလက္ေ႐ြးစင္ဟာၿပီးခဲ့တဲ့ႏွစ္ဇန္နဝါရီလတုန္းကေပါင္၄၇သန္းျဖင့္ေျပာင္းလာသူျဖစ္ၿပီးယခုရာသီတြင္မန္ယူအတြက္ပြဲ၄၀ကစားရာတြင္၂၂ဂိုးသြင္းယူကာ၁၃ႀကိမ္ဖန္တီးထားပါတယ္။

ဒါေပမယ့္ဘ႐ူႏိုဖာနန္ဒက္စ္သာတစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကိုဆြတ္ခူးလာလွ်င္စပို႔တင္းလစၥဘြန္းမွာ စာခ်ဳပ္ပါအခ်က္အရေငြေၾကးထပ္မံရရွိလာဦးမွာျဖစ္ပါတယ္။

ဒါ့အျပင္မန္ယူဟာဘ႐ူႏိုဖာနန္ဒက္စ္သာ Ballon d’Or ဆုအတြက္ေနာက္ဆုံးဆန္ကာတင္စာရင္းသုံးဦးတြင္ပါဝင္ လာပါကအပိုဆုေၾကးထပ္ေပးရဦးမွာျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာမန္ယူဟာဘ႐ူႏိုဖာနန္ဒက္စ္အတြက္စပို႔တင္းလစၥဘြန္းအားအပိုဆုေၾကးႏွစ္ႀကိမ္ေပးထားရၿပီးျဖစ္ ပါတယ္။မန္ယူဟာမန္ယူအတြက္၂၅ႀကိမ္ပြဲထြက္မႈနဲ႔ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိမႈတို႔အတြက္ေပါင္၄.၂သန္းေပးထားရၿပီးပါၿပီ။

မန္ယူဟာဘ႐ူႏိုဖာနန္ဒက္စ္အတြက္အပိုဆုေၾကးေငြစုစုေပါင္းေပါင္၁၂.၆သန္းထက္ပိုၿပီးေပးစရာမလိုေၾကာင္းကို လည္းစာခ်ဳပ္အတြင္းမွာထည့္သြင္းထားပါတယ္။

ဘ႐ူႏိုဖာနန္ဒက္စ္ဟာယခုရာသီမွာမန္ယူႏွင့္အတူအထူးေျခစြမ္းျပကစားေနမႈေၾကာင့္PFA တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုအတြက္မန္စီးတီးေနာက္ခံလူ႐ူဘင္ဒိုင္ယက္စ္ႏွင့္အတူေရပန္းစားလ်က္ ရွိေနပါတယ္။