PFA တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆုကို ဖီးလ်ဖိုဒန်ဆွတ်ခူး

မန်စီးတီးကွင်းလယ်ကစားသမားဖီးလ်ဖိုဒန်ဟာ PFA တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆုကိုဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။

အသက်၂၀နှစ်ရှိအင်္ဂလန်လက်ရွေးစင်ကစားသမားဟာချဲလ်ဆီးရဲ့မေဆင်မောင့်၊လီဗာပူးရဲ့ထရန်းအလက်ဇန္ဒားအာနိုး၊ဝက်စ်ဟမ်းရဲ့ဒက်လန်းရိုက်စ်၊အာဆင်နယ်ရဲ့ဘူကာယိုဆာကာ၊မန်ယူရဲ့မေဆင်ဂရင်းဝုဒ်တို့အားကျော်ဖြတ်ကာ PFA တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆုကိုဆွတ်ခူးခဲ့တာလည်းဖြစ်ပါတယ်။

စိတ်ဝင်စားစရာကောင်းတာကတော့ ဖီးလ်ဖိုဒန်ဟာပရီးမီးယားလိဂ်ချန်ပီယံမန်စီးတီးအတွက်ပရီးမီးယားလိဂ်မှာ၁၇ပွဲတည်းသာပွဲထွက်ကစားခွင့်ရခဲ့ပေမယ့်PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။သူဟာမန်စီးတီးအတွက်၉ဂိုးသွင်းကာ၅ကြိမ်ဖန်တီးမှုပြုလုပ်နိုင်ခဲ့ပါတယ်။

တစ်ဖက်တွင်ဖီးလ်ဖိုဒန်ဟာ PFA တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆုကိုဆွတ်ခူးနိုင်ခဲ့ပေမယ့် PFA တစ်နှစ်တာအကောင်းဆုံးအသင်းတွင်တော့ရွေးချယ်ခြင်းမခံရပါဘူး။

PFA တစ်နှစ်တာအကောင်းဆုံးအသင်းတွင်အီဒါဆင်(မန်စီးတီး)၊လုခ်ရှော(မန်ယူ)၊ဒိုင်ယက်စ်(မန်စီးတီး)၊စတုန်း(မန်စီးတီး)၊ကန်စီလို(မန်စီးတီး)၊ဖာနန်ဒက်စ်(မန်ယူ)၊ဂန်ဒိုဂန်(မန်စီးတီး)၊ဒီဘရိုင်း(မန်စီးတီး)၊ဆန်ဟောင်မင်း(စပါးစ်)၊ဟယ်ရီကိန်း(စပါးစ်)နှင့်မိုဟာမက်ဆာလက်(လီဗာပူး)တို့ဖြစ်ပါတယ်။

PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုမန်စီးတီးကွင်းလယ်ကစားသမားကီဗင်ဒီဘရိုင်းကနှစ်ကြိမ်ဆက်အဖြစ်ဆွတ်ခူးသွားခဲ့ပါတယ်။ကီဗင်ဒီဘရိုင်းဟာဟင်နရီ၊ရော်နယ်ဒိုတို့ပြီးနောက် PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုနှစ်ကြိမ်ဆက်ဆွတ်ခူးနိုင်တဲ့တတိယမြောက်ကစားသမားဖြစ်လာပါတယ်။

ZawGyi

PFA တစ္ႏွစ္တာအေကာင္းဆုံးလူငယ္ကစားသမားဆုကို ဖီးလ္ဖိုဒန္ဆြတ္ခူး

မန္စီးတီးကြင္းလယ္ကစားသမားဖီးလ္ဖိုဒန္ဟာ PFA တစ္ႏွစ္တာအေကာင္းဆုံးလူငယ္ကစားသမားဆုကိုဆြတ္ခူးသြားႏိုင္ခဲ့ပါတယ္။

အသက္၂၀ႏွစ္ရွိအဂၤလန္လက္ေ႐ြးစင္ကစားသမားဟာခ်ဲလ္ဆီးရဲ႕ေမဆင္ေမာင့္၊လီဗာပူးရဲ႕ထရန္းအလက္ဇႏၵားအာႏိုး၊ဝက္စ္ဟမ္းရဲ႕ဒက္လန္း႐ိုက္စ္၊အာဆင္နယ္ရဲ႕ဘူကာယိုဆာကာ၊မန္ယူရဲ႕ေမဆင္ဂရင္းဝုဒ္တို႔အားေက်ာ္ျဖတ္ကာ PFA တစ္ႏွစ္တာအေကာင္းဆုံးလူငယ္ကစားသမားဆုကိုဆြတ္ခူးခဲ့တာလည္းျဖစ္ပါတယ္။

စိတ္ဝင္စားစရာေကာင္းတာကေတာ့ ဖီးလ္ဖိုဒန္ဟာပရီးမီးယားလိဂ္ခ်န္ပီယံမန္စီးတီးအတြက္ပရီးမီးယားလိဂ္မွာ၁၇ပြဲတည္းသာပြဲထြက္ကစားခြင့္ရခဲ့ေပမယ့္PFA တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကိုဆြတ္ခူးႏိုင္ခဲ့တာျဖစ္ပါတယ္။သူဟာမန္စီးတီးအတြက္၉ဂိုးသြင္းကာ၅ႀကိမ္ဖန္တီးမႈျပဳလုပ္ႏိုင္ခဲ့ပါတယ္။

တစ္ဖက္တြင္ဖီးလ္ဖိုဒန္ဟာ PFA တစ္ႏွစ္တာအေကာင္းဆုံးလူငယ္ကစားသမားဆုကိုဆြတ္ခူးႏိုင္ခဲ့ေပမယ့္ PFA တစ္ႏွစ္တာအေကာင္းဆုံးအသင္းတြင္ေတာ့ေ႐ြးခ်ယ္ျခင္းမခံရပါဘူး။

PFA တစ္ႏွစ္တာအေကာင္းဆုံးအသင္းတြင္အီဒါဆင္(မန္စီးတီး)၊လုခ္ေရွာ(မန္ယူ)၊ဒိုင္ယက္စ္(မန္စီးတီး)၊စတုန္း(မန္စီးတီး)၊ကန္စီလို(မန္စီးတီး)၊ဖာနန္ဒက္စ္(မန္ယူ)၊ဂန္ဒိုဂန္(မန္စီးတီး)၊ဒီဘ႐ိုင္း(မန္စီးတီး)၊ဆန္ေဟာင္မင္း(စပါးစ္)၊ဟယ္ရီကိန္း(စပါးစ္)ႏွင့္မိုဟာမက္ဆာလက္(လီဗာပူး)တို႔ျဖစ္ပါတယ္။

PFA တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကိုမန္စီးတီးကြင္းလယ္ကစားသမားကီဗင္ဒီဘ႐ိုင္းကႏွစ္ႀကိမ္ဆက္အျဖစ္ဆြတ္ခူးသြားခဲ့ပါတယ္။ကီဗင္ဒီဘ႐ိုင္းဟာဟင္နရီ၊ေရာ္နယ္ဒိုတို႔ၿပီးေနာက္ PFA တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကိုႏွစ္ႀကိမ္ဆက္ဆြတ္ခူးႏိုင္တဲ့တတိယေျမာက္ကစားသမားျဖစ္လာပါတယ္။