PFA ပရီးမီးယားလိဂ်အကောင်းဆုံးအသင်းတွင် မန်စီးတီးကစားသမားခြောက်ဦးအထိပါဝင်

PFA ဟာ PFA ပရီးမီးယားလိဂ်အကောင်းဆုံးအသင်းကိုကြေညာလာခဲ့ရာမန်စီးတီးအသင်းမှခြောက်ဦးအထိရွေးချယ်ခြင်းခံခဲ့ရပြီးအများဆုံးပါဝင်ခဲ့ပါတယ်။

PFA အကောင်းဆုံးအသင်းတွင်ပရီးမီးယားလိဂ်ချန်ပီယံမန်စီးတီးအသင်းမှအီဒါဆင်၊ကန်စီလို၊ဂျွန်စတုန်း၊ရူဘင်ဒိုင်ယက်စ်၊ကီဗင်ဒီဘရိုင်း၊အိုင်ကေးဂန်ဒိုဂန်တို့ပါဝင်ခဲ့ပါတယ်။

မန်စီးတီးရဲ့မြို့ခံပြိုင်ဘက်မန်ယူအသင်းမှဘယ်နောက်ခံလူလုခ်ရှောနှင့်ကွင်းလယ်ကစားသမားဘရူနိုဖာနန်ဒက်စ်တို့ပါဝင်ခဲ့ပါတယ်။ဒါ့အပြင်စပါးစ်အသင်းမှတိုက်စစ်သမားများဖြစ်ကြတဲ့ဆန်ဟောင်မင်းနှင့်ဟယ်ရီကိန်းတို့ပါဝင်ခဲ့ပါတယ်။ကျန်တစ်နေရာမှာလီဗာပူးတိုက်စစ်သမားမိုဟာမက်ဆာလက်ရွေးချယ်ခြင်းခံခဲ့ရပါတယ်။

စပါးစ်တိုက်စစ်မှူးဟယ်ရီကိန်းဟာပရီးမီးယားလိဂ်ဂိုးသွင်းဘုရင်ဆုကို၂၃ဂိုးနှင့်ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပြီးမိုဟာမက်ဆာလက်မှာလည်းပရီးမီးယားလိဂ်ဂိုး၂၂ဂိုးဖြင့်ဒုတိယနေရာမှာရပ်တည်နိုင်ခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်ခဲ့တဲ့အပြင်အက်ဖ်အေဖလားဗိုလ်လုပွဲနှင့်ပရီးမီးယားလိဂ်တွင်အဆင့်၄ရပ်တည်နိုင်ခဲ့သော်လည်းယင်းမှကစားသမားတစ်ဦးမျှရွေးချယ်ခြင်းမခံခဲ့ရပါဘူး။

ဒါ့အပြင်PFAရဲ့တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆုအတွက်ရေပန်းစားနေတဲ့မန်စီးတီးကွင်းလယ်ကစားသမားဖီးလ်ဖိုဒန်မှာလည်းရွေးချယ်ခြင်းမခံခဲ့ရပါဘူး။

ZawGyi

PFA ပရီးမီးယားလိဂ္အေကာင္းဆုံးအသင္းတြင္ မန္စီးတီးကစားသမားေျခာက္ဦးအထိပါဝင္

PFA ဟာ PFA ပရီးမီးယားလိဂ္အေကာင္းဆုံးအသင္းကိုေၾကညာလာခဲ့ရာမန္စီးတီးအသင္းမွေျခာက္ဦးအထိေ႐ြးခ်ယ္ျခင္းခံခဲ့ရၿပီးအမ်ားဆုံးပါဝင္ခဲ့ပါတယ္။

PFA အေကာင္းဆုံးအသင္းတြင္ပရီးမီးယားလိဂ္ခ်န္ပီယံမန္စီးတီးအသင္းမွအီဒါဆင္၊ကန္စီလို၊ဂြၽန္စတုန္း၊႐ူဘင္ဒိုင္ယက္စ္၊ကီဗင္ဒီဘ႐ိုင္း၊အိုင္ေကးဂန္ဒိုဂန္တို႔ပါဝင္ခဲ့ပါတယ္။

မန္စီးတီးရဲ႕ၿမိဳ႕ခံၿပိဳင္ဘက္မန္ယူအသင္းမွဘယ္ေနာက္ခံလူလုခ္ေရွာႏွင့္ကြင္းလယ္ကစားသမားဘ႐ူႏိုဖာနန္ဒက္စ္တို႔ပါဝင္ခဲ့ပါတယ္။ဒါ့အျပင္စပါးစ္အသင္းမွတိုက္စစ္သမားမ်ားျဖစ္ၾကတဲ့ဆန္ေဟာင္မင္းႏွင့္ဟယ္ရီကိန္းတို႔ပါဝင္ခဲ့ပါတယ္။က်န္တစ္ေနရာမွာလီဗာပူးတိုက္စစ္သမားမိုဟာမက္ဆာလက္ေ႐ြးခ်ယ္ျခင္းခံခဲ့ရပါတယ္။

စပါးစ္တိုက္စစ္မႉးဟယ္ရီကိန္းဟာပရီးမီးယားလိဂ္ဂိုးသြင္းဘုရင္ဆုကို၂၃ဂိုးႏွင့္ဆြတ္ခူးႏိုင္ခဲ့သူျဖစ္ၿပီးမိုဟာမက္ဆာလက္မွာလည္းပရီးမီးယားလိဂ္ဂိုး၂၂ဂိုးျဖင့္ဒုတိယေနရာမွာရပ္တည္ႏိုင္ခဲ့ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာခ်န္ပီယံလိဂ္ဖလားဆြတ္ခူးႏိုင္ခဲ့တဲ့အျပင္အက္ဖ္ေအဖလားဗိုလ္လုပြဲႏွင့္ပရီးမီးယားလိဂ္တြင္အဆင့္၄ရပ္တည္ႏိုင္ခဲ့ေသာ္လည္းယင္းမွကစားသမားတစ္ဦးမွ်ေ႐ြးခ်ယ္ျခင္းမခံခဲ့ရပါဘူး။

ဒါ့အျပင္PFAရဲ႕တစ္ႏွစ္တာအေကာင္းဆုံးလူငယ္ကစားသမားဆုအတြက္ေရပန္းစားေနတဲ့မန္စီးတီးကြင္းလယ္ကစားသမားဖီးလ္ဖိုဒန္မွာလည္းေ႐ြးခ်ယ္ျခင္းမခံခဲ့ရပါဘူး။