ရာထူးမှနုတ်ထွက်ရန် ပီယာလိုငြင်းဆို

အင်ဒရေပီယာလိုကအေစီမီလန်အား၃-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲအတွက်မိမိတွင်အပြည့်အဝတာဝန်ရှိကြောင်းဝန်ခံသွားခဲ့ပါတယ်။ဒါပေမယ့်ပီယာလိုက၎င်းမှာဂျူဗင်တပ်နည်းပြရာထူးမှနုတ်ထွက်သွားမည်မဟုတ်ကြောင်းပြောကြားသွားခဲ့ပါတယ်။

ဂျူဗင်တပ်ဟာအေစီမီလန်အားရှုံးနိမ့်မှုကြောင့်စီးရီးအေအမှတ်ပေးဇယားအဆင့်၅နေရာသို့ရောက်သွားခဲ့ပြီးအဆင့်၄နေရာနှင့်ရမှတ်၁မှတ်ကွာဟကာယူရိုပါလိဂ်ဆင်းကစားရမယ့်အခြေအနေမျိုးနှင့်ရင်ဆိုင်နေရပါတယ်။

ပီယာလိုက “အလုပ်မလုပ်တဲ့အစိတ်အပိုင်းတွေရှိနေပါတယ်။အသင်းရဲ့အားနည်းချက်တွေနဲ့ပတ်သက်ပြီးပြန်လည်ဆန်းစစ်သွားရပါမယ်။ပြီးတော့စိတ်အေးအေးထားပြီးကစားသမားတွေနဲ့ဆွေးနွေးသွားပါမယ်”လို့ပြောကြားသွားခဲ့ပါတယ်။

ဒါ့အပြင်ရာထူးမှနုတ်ထွက်ရေးနှင့်ပတ်သက်ပြီးပီယာလိုက “နုတ်ထွက်ဖို့အစီအစဉ်မရှိပါဘူး။ဒီအလုပ်ကိုခက်ခဲမယ်ဆိုတာသိသိနဲ့ရယူခဲ့တာပါ။သုံးပွဲကစားဖို့ကျန်ရှိပါသေးတယ်။ကျွန်တော့်ကိုခွင့်ပြုတဲ့အချက်အထိ ဆက်ပြီးတော့လုပ်ဆောင်သွားပါမယ်”လို့ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီးပီယာလိုကအသင်းကို၎င်းရဲ့နည်းဗျူဟာအံ့ဝင်လာအောင်အချိန်ယူလုပ်ဆောင်ခဲ့ရမှုမှာလည်း ခက်ခဲမှုတစ်ရပ်ဖြစ်ကြောင်းဆိုသွားပါတယ်။

ဂျူဗင်တပ်ဟာလာမယ့်ကြာသပတေးနေ့မှာစီးရီးအေပွဲစဉ်အဖြစ်ဆက်စ်ဆူလိုအားအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီးယင်းပွဲအပြီးလာမယ့်တနင်္ဂနွေနေ့မှာချန်ပီယံလိဂ်အင်တာမီလန်ကိုဧည့်ခံကစားရပါဦးမယ်။

zawgyi

ရာထူးမွႏုတ္ထြက္ရန္ ပီယာလိုျငင္းဆို

အင္ဒေရပီယာလိုကေအစီမီလန္အား၃-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲအတြက္မိမိတြင္အျပည့္အဝတာဝန္ရွိေၾကာင္းဝန္ခံသြားခဲ့ပါတယ္။ဒါေပမယ့္ပီယာလိုက၎မွာဂ်ဴဗင္တပ္နည္းျပရာထူးမွႏုတ္ထြက္သြားမည္မဟုတ္ေၾကာင္းေျပာၾကားသြားခဲ့ပါတယ္။

ဂ်ဴဗင္တပ္ဟာေအစီမီလန္အားရႈံးနိမ့္မႈေၾကာင့္စီးရီးေအအမွတ္ေပးဇယားအဆင့္၅ေနရာသို႔ေရာက္သြားခဲ့ၿပီးအဆင့္၄ေနရာႏွင့္ရမွတ္၁မွတ္ကြာဟကာယူ႐ိုပါလိဂ္ဆင္းကစားရမယ့္အေျခအေနမ်ိဳးႏွင့္ရင္ဆိုင္ေနရပါတယ္။

ပီယာလိုက “အလုပ္မလုပ္တဲ့အစိတ္အပိုင္းေတြရွိေနပါတယ္။အသင္းရဲ႕အားနည္းခ်က္ေတြနဲ႔ပတ္သက္ၿပီးျပန္လည္ဆန္းစစ္သြားရပါမယ္။ၿပီးေတာ့စိတ္ေအးေအးထားၿပီးကစားသမားေတြနဲ႔ေဆြးေႏြးသြားပါမယ္”လို႔ေျပာၾကားသြားခဲ့ပါတယ္။

ဒါ့အျပင္ရာထူးမွႏုတ္ထြက္ေရးႏွင့္ပတ္သက္ၿပီးပီယာလိုက “ႏုတ္ထြက္ဖို႔အစီအစဥ္မရွိပါဘူး။ဒီအလုပ္ကိုခက္ခဲမယ္ဆိုတာသိသိနဲ႔ရယူခဲ့တာပါ။သုံးပြဲကစားဖို႔က်န္ရွိပါေသးတယ္။ကြၽန္ေတာ့္ကိုခြင့္ျပဳတဲ့အခ်က္အထိ ဆက္ၿပီးေတာ့လုပ္ေဆာင္သြားပါမယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ဆက္လက္ၿပီးပီယာလိုကအသင္းကို၎ရဲ႕နည္းဗ်ဴဟာအံ့ဝင္လာေအာင္အခ်ိန္ယူလုပ္ေဆာင္ခဲ့ရမႈမွာလည္း ခက္ခဲမႈတစ္ရပ္ျဖစ္ေၾကာင္းဆိုသြားပါတယ္။

ဂ်ဴဗင္တပ္ဟာလာမယ့္ၾကာသပေတးေန႔မွာစီးရီးေအပြဲစဥ္အျဖစ္ဆက္စ္ဆူလိုအားအေဝးကြင္းသို႔သြားေရာက္ရင္ဆိုင္ရမွာျဖစ္ၿပီးယင္းပြဲအၿပီးလာမယ့္တနဂၤေႏြေန႔မွာခ်န္ပီယံလိဂ္အင္တာမီလန္ကိုဧည့္ခံကစားရပါဦးမယ္။