Pichichi Trophy ကို ရှစ်ကြိမ်မြောက်အဖြစ် လီယွန်နယ်မက်ဆီဆွတ်ခူး

ဘာစီလိုနာအသင်းခေါင်းဆောင်လီယွန်နယ်မက်ဆီဟာ၂၀၂၀-၂၁ရာသီတွင်လာလီဂါတွင်ဂိုး၃၀သွင်းယူနိုင်ခဲ့မှုနဲ့အတူ လာလီဂါဂိုးသွင်းဘုရင်ဆု Pichichi Trophy ကို ရှစ်ကြိမ်မြောက်ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။

Pichichi Trophy ကလာလီဂါဂိုးသွင်းဘုရင်ဆုဖြစ်ပြီးပြီးခဲ့တဲ့နှစ်များအတွက်လီယွန်နယ်မက်ဆီကလွှမ်းမိုးဆွတ်ခူးလာတဲ့ဆုဆိုရင်လည်းမမှားပါဘူး။အသက်၃၃နှစ်ရှိအာဂျင်တီးနားအသင်းခေါင်းဆောင်ဟာ၂၀၂၀-၂၁ရာသီတွင် Pichichi Trophy ကိုဆွတ်ခူးနိုင်ခဲ့မှုနဲ့အတူ ယင်းဆုကိုငါးနှစ်ဆက်တိုက်ဆွတ်ခူးလာနိုင်ခဲ့ပါတယ်။

မက်ဆီဟာဘာစီလိုနာကအီဘာကို၁-၀ဂိုးဖြင့်အနိုင်ရရှိတဲ့လာလီဂါရာသီသိမ်းပွဲမှာမပါဝင်ဘဲအနားပေးခြင်းခံရပေမယ့်လည်းလာလီဂါဂိုးသွင်းဘုရင်ဆုကိုရရှိရန်သေချာနေခဲ့ပါတယ်။

ဘာစီလိုနာဟာကိုပါဒယ်ရေးဖလားဆွတ်ခူးနိုင်ခဲ့ပေမယ့်လာလီဂါတွင်တတိယသာရရှိကာစိတ်ပျက်စရာရာသီဖြစ်ခဲ့ပေမယ့်လီယွန်နယ်မက်ဆီကတော့တစ်ကိုယ်တော်ဆုဆွတ်ခူးနိုင်ခဲ့ပါတယ်။

မက်ဆီဟာ၂၀၂၀-၂၁လာလီဂါရာသီမှာဂိုး၃၀သွင်းနိုင်မှုနဲ့အတူနောက်ဆုံးငါးရာသီတွင်လေးရာသီအားဂိုး၃၀နှင့်အထက်သွင်းယူထားနိုင်ပါတယ်။သူဟာယခုရာသီမှာဘာစီလိုနာအတွက်ပြိုင်ပွဲအရပ်ရပ်မှာ၃၈ဂိုးသွင်းထားနိုင်ပါတယ်။

ZawGyi

Pichichi Trophy ကို ရွစ္ႀကိမ္ေျမာက္အျဖစ္ လီယြန္နယ္မက္ဆီဆြတ္ခူး

ဘာစီလိုနာအသင္းေခါင္းေဆာင္လီယြန္နယ္မက္ဆီဟာ၂၀၂၀-၂၁ရာသီတြင္လာလီဂါတြင္ဂိုး၃၀သြင္းယူႏိုင္ခဲ့မႈနဲ႔အတူ လာလီဂါဂိုးသြင္းဘုရင္ဆု Pichichi Trophy ကို ရွစ္ႀကိမ္ေျမာက္ဆြတ္ခူးသြားႏိုင္ခဲ့ပါတယ္။

Pichichi Trophy ကလာလီဂါဂိုးသြင္းဘုရင္ဆုျဖစ္ၿပီးၿပီးခဲ့တဲ့ႏွစ္မ်ားအတြက္လီယြန္နယ္မက္ဆီကလႊမ္းမိုးဆြတ္ခူးလာတဲ့ဆုဆိုရင္လည္းမမွားပါဘူး။အသက္၃၃ႏွစ္ရွိအာဂ်င္တီးနားအသင္းေခါင္းေဆာင္ဟာ၂၀၂၀-၂၁ရာသီတြင္ Pichichi Trophy ကိုဆြတ္ခူးႏိုင္ခဲ့မႈနဲ႔အတူ ယင္းဆုကိုငါးႏွစ္ဆက္တိုက္ဆြတ္ခူးလာႏိုင္ခဲ့ပါတယ္။

မက္ဆီဟာဘာစီလိုနာကအီဘာကို၁-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့လာလီဂါရာသီသိမ္းပြဲမွာမပါဝင္ဘဲအနားေပးျခင္းခံရေပမယ့္လည္းလာလီဂါဂိုးသြင္းဘုရင္ဆုကိုရရွိရန္ေသခ်ာေနခဲ့ပါတယ္။

ဘာစီလိုနာဟာကိုပါဒယ္ေရးဖလားဆြတ္ခူးႏိုင္ခဲ့ေပမယ့္လာလီဂါတြင္တတိယသာရရွိကာစိတ္ပ်က္စရာရာသီျဖစ္ခဲ့ေပမယ့္လီယြန္နယ္မက္ဆီကေတာ့တစ္ကိုယ္ေတာ္ဆုဆြတ္ခူးႏိုင္ခဲ့ပါတယ္။

မက္ဆီဟာ၂၀၂၀-၂၁လာလီဂါရာသီမွာဂိုး၃၀သြင္းႏိုင္မႈနဲ႔အတူေနာက္ဆုံးငါးရာသီတြင္ေလးရာသီအားဂိုး၃၀ႏွင့္အထက္သြင္းယူထားႏိုင္ပါတယ္။သူဟာယခုရာသီမွာဘာစီလိုနာအတြက္ၿပိဳင္ပြဲအရပ္ရပ္မွာ၃၈ဂိုးသြင္းထားႏိုင္ပါတယ္။