ပီယာလိုကြောင့်ထွက်ခွာရန် ဘူဖွန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်

La Gazzetta dello Sport ရဲ့ဖော်ပြချက်အရဂျူဗင်တပ်မှဂီယန်လူဂီဘူဖွန်နုတ်ထွက်ရန်ဆုံးဖြတ်ခဲ့ရတဲ့အကြောင်းရင်းများတွင်နည်းပြအင်ဒရေပီယာလိုနှင့်ဆက်ဆံရေးအဆင်မပြေမှုကလည်းတစ်ခုအပါအဝင်ဖြစ်ကြောင်းသိရပါတယ်။

မကြာသေးမီတုန်းကအသက်၄၃နှစ်ရှိဘူဖွန်ကယခုဘောလုံးရာသီအကုန်တွင်ဂျူဗင်တပ်မှထွက်ခွာတော့မည်ဖြစ်ကြောင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။

၂၀၀၆ခုနှစ်တုန်းကအီတလီနှင့်အတူကမ္ဘာ့ဖလားဆွတ်ခူးနိုင်ခဲ့တဲ့ဘူဖွန်ဟာနည်းပြအင်ဒရေပီယာလိုနှင့်ပုဂ္ဂိုလ်ရေးအဆင်မပြေဖြစ်မှုနဲ့အတူဒုတိယအကြိမ်မြောက်အဖြစ်ဂျူဗင်တပ်မှထွက်ခွာရန်ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဘူဖွန်နှင့်ပီယာလိုတို့ဟာအလွန်ရင်းနှီးတဲ့သူငယ်ချင်းများဖြစ်ကြတဲ့အပြင်ကမ္ဘာ့ဖလားအပါအဝင်ဆုဖလားပေါင်းများစွာကိုအတူလက်တွဲဆွတ်ခူးနိုင်ခဲ့ကြပါတယ်။ဒါပေမယ့်ဘူဖွန်ဘက်ကယခုရာသီမှာပွဲများစွာကစားခွင့်ရရှိလိုတဲ့အပြင်အဝတ်အစားလဲခန်းအတွင်းတွင်ဩဇာလွှမ်းမိုးမှုပိုမိုရရှိလိုနေကြောင့်နည်းပြပီယာလိုနှင့်အဆင်မပြေဖြစ်နေတာလည်းဖြစ်ပါတယ်။

သူဟာယခုရာသီမှာဂျူဗင်တပ်အတွက်ပြိုင်ပွဲအရပ်ရပ်မှာ၁၃ပွဲတည်းသာကစားခွင့်ရထားပါတယ်။သူ့ရဲ့စာချုပ်သက်တမ်းကလည်းရာသီအကုန်မှာကုန်ဆုံးမှာဖြစ်ပါတယ်။

zawgyi

ပီယာလိုေၾကာင့္ထြက္ခြာရန္ ဘူဖြန္ ဆုံးျဖတ္ခဲ့ျခင္းျဖစ္

La Gazzetta dello Sport ရဲ႕ေဖာ္ျပခ်က္အရဂ်ဴဗင္တပ္မွဂီယန္လူဂီဘူဖြန္ႏုတ္ထြက္ရန္ဆုံးျဖတ္ခဲ့ရတဲ့အေၾကာင္းရင္းမ်ားတြင္နည္းျပအင္ဒေရပီယာလိုႏွင့္ဆက္ဆံေရးအဆင္မေျပမႈကလည္းတစ္ခုအပါအဝင္ျဖစ္ေၾကာင္းသိရပါတယ္။

မၾကာေသးမီတုန္းကအသက္၄၃ႏွစ္ရွိဘူဖြန္ကယခုေဘာလုံးရာသီအကုန္တြင္ဂ်ဴဗင္တပ္မွထြက္ခြာေတာ့မည္ျဖစ္ေၾကာင္းထုတ္ျပန္ေၾကညာခဲ့ပါတယ္။

၂၀၀၆ခုႏွစ္တုန္းကအီတလီႏွင့္အတူကမာၻ႔ဖလားဆြတ္ခူးႏိုင္ခဲ့တဲ့ဘူဖြန္ဟာနည္းျပအင္ဒေရပီယာလိုႏွင့္ပုဂၢိဳလ္ေရးအဆင္မေျပျဖစ္မႈနဲ႔အတူဒုတိယအႀကိမ္ေျမာက္အျဖစ္ဂ်ဴဗင္တပ္မွထြက္ခြာရန္ဆုံးျဖတ္ခဲ့တာ ျဖစ္ပါတယ္။

ဘူဖြန္ႏွင့္ပီယာလိုတို႔ဟာအလြန္ရင္းႏွီးတဲ့သူငယ္ခ်င္းမ်ားျဖစ္ၾကတဲ့အျပင္ကမာၻ႔ဖလားအပါအဝင္ဆုဖလားေပါင္းမ်ားစြာကိုအတူလက္တြဲဆြတ္ခူးႏိုင္ခဲ့ၾကပါတယ္။ဒါေပမယ့္ဘူဖြန္ဘက္ကယခုရာသီမွာပြဲမ်ားစြာကစားခြင့္ရရွိလိုတဲ့အျပင္အဝတ္အစားလဲခန္းအတြင္းတြင္ဩဇာလႊမ္းမိုးမႈပိုမိုရရွိလိုေနေၾကာင့္နည္းျပပီယာလိုႏွင့္အဆင္မေျပျဖစ္ေနတာလည္းျဖစ္ပါတယ္။

သူဟာယခုရာသီမွာဂ်ဴဗင္တပ္အတြက္ၿပိဳင္ပြဲအရပ္ရပ္မွာ၁၃ပြဲတည္းသာကစားခြင့္ရထားပါတယ္။သူ႔ရဲ႕စာခ်ဳပ္သက္တမ္းကလည္းရာသီအကုန္မွာကုန္ဆုံးမွာျဖစ္ပါတယ္။