ပေါလ်ပေါ့ဂ်ဘာတစ်ထွေတက်လာရင်ပြင်သစ်နိုင်ပါပြီ

Play Maker 3D

◼️  Nကြယ်မင်း၊ ဟန်စိုးသွေး၊မင်းနဒီ(Change)

တစ်နေကုန်ထိုင်ကြည့်လေ၊ ကိုဗစ်ရဲ့ကျက်သရေမရှိတဲ့ဥပဓိကထင်ရှားလေဖြစ်ပါတယ်။ အငြိုးကြီးတယ်။ နယ်မရွေးသူဖြစ်တယ်၊ နှလုံးသားမရှိဘူး။အဆုံးထိတိုက်ခိုက်တတ်တယ်။ သူထွက်သွားရင်တောင်မှ ဒဏ်ရာတွေချန်ခဲ့လေ့ရှိတယ်။ သူသွားပြီထင်ပြီးပမာမခန့်ပြုရင် အသက်ကိုတမုဟုတ်ချင်းရန်ရှာတတ်တဲ့ မျက်ကန်းဗိုင်းရပ်စ်ပဲ။ သူ့ရဲ့သားကောင်တွေအဖြစ်မှာ ကျနော်တို့ဘောလုံးလည်းမလွတ်ခဲ့ရဘူးပေါ့။ ပထမလှိုင်းမှာကတည်းက လိဂ်တွေရက်ရွှေ့ခဲ့ကြရတယ်။ ပရိသတ်တွေမပါတော့တဲ့ကစားကွင်းကြီးတွေထဲ ငကိုဗစ်ရဲ့စည်းမျဉ်းစည်းကမ်းများနဲ့အညီ ပွဲဖြစ်ရုံကစားခဲ့ကြရတယ်။

ပွေ့ဖက်ပြီးအောင်ပွဲမခံရ။ ဘယ်သူမှလက်ဆွဲနှုတ်ဆက်ခြင်းမပြုရ။ ကျနော်တို့ဟာဆန်းသစ်သွေးသားမပါတဲ့တိုက်ပွဲတွေကိုကြည့်ရင်းရာသီတစ်ဖြတ်တွေရှုစားခဲ့ကြရတာပေါ့။ ဒီလိုနဲ့ သူတို့ဆီမှာ နေသာခိုက်တွေပြန်ရောက်လာပါတယ်။ ရယ်သံတွေလွတ်လပ်စွာကူးလူးဆက်ဆံခွင့်ရလာတယ်။ အာဂယောက်ျားတွေစိတ်လွတ်ကိုယ်လွတ်ဂိုးတစ်ဂိုးပြီးဆုံးခြင်းအမှုကိုခံစားလာကြတယ်။ ဒီငဗစ်ကြောင့် အထွေထွေရွှေ့ဆိုင်းခဲ့ကြရတာတွေထဲကယူရိုနဲ့ကမ္ဘာ့ဖလာရက် တွေဟာပုံမှန်အတိုင်းမဟုတ်ခဲ့ဘူးပေါ့။ မနှစ်ကရာသီကုန်ဆုံးခဲ့ချိန်မှာယူရိုကိုပြေးဖက်ထားရတယ်။ဒီရာသီပြီးရင်လည်း၂၀၂၂၊ ကာတာကမ္ဘာ့ဖလားအသံတွေဆူဝေနေဦးတော့မယ်ပေါ့။ အသက်ကိုမသေအောင်မွေးကြပါ။ ကျနော်တို့ ဆက်ဆက်စောင့်ရမယ့်ပွဲတော်တွေရှိနေသေးတယ်ဆိုတာမမေ့ကြပါနဲ့။

ယူကရိန်း – ပြင်သစ် (ပြင်သစ် (1+30)

ရှက်ဖ်ချင်ကိုတို့ခေတ်ကို ပြန်ရောက်လေသလားစိတ်မှာထင်နေလည်းမရှိသလိုရှက်ဖ်ချင်ကိုကိုင်တိုင်လည်းယူကရိန်းနည်းပြဘဝကထွက်ခွာသွားပါပြီ။ ပုံကျသွားအောင်ပျက်စီးခြင်းအမှုကိုမရောက်သေးတော့ပုံပျက်ပန်းပျက်ပြောဆိုဝေဖန်ကြတာမျိုးလည်းလုပ်လို့မရသေးတာတစ်ခုကလွဲရင်သူတို့ဟာအဆင်မပြေပါဘူး။ နည်းပြသစ်ပီထရာကော့ဗ်နဲ့လည်းကောင်းကွက်ကသိပ်များများပါလာပုံမရပါဘူး။ ကာဇက်စတန်လိုအသင်းမျိုးနဲ့ သရေကျခဲ့တာဟာယူကရိန်းအတွက်ဘုရားပေးတဲ့ဆုဖြစ်ခဲ့တယ်။မန်စီးတီးမှာနေရာပျောက်နေတဲ့ဇင်ချန်ကိုတစ်ယောက်တည်းရုန်းကန်နေရသလိုရှိပြီး ဂိုးရဖို့ဟာရာရမ်ချူ့ခ်မျက်နှာ လိုက်ကြည့်နေရတဲ့ဘဝက ပျော်စရာတော့မဟုတ်ပါဘူး။ပြင်သစ်ကလည်း ယူရိုပွဲတွေကပြန်ကြည့်ရင် ၄ပွဲဆက်သရေကျခြင်းဆီဆိုက်ရောက်ခဲ့တယ်။

ဒီမှာအမ်ဘာပေလေးကို စိတ်ပျက်မသွားဖို့ ကိုယ့်ကိုယ်ကိုယ်လည်း မနည်းထိန်းချုပ်ထားရတယ်။ သူဟာပျံလန်နေအောင်ကောင်းမွန်ပြီးခွင့်လွှတ်ချင်စိတ်မရှိနိုင်လောက်အောင်ဒီမှာမသေသပ်ခဲ့ဘူးပေါ့။ဘန်ဇီမာကိုယ်တိုင်ပါ အဲ့ဒီကလေးနဲ့အပြိုင်လုပ်ကြ၊ပြီးတော့ မရောက်ရှိကြပေါ့။ ဘော့စနီးယားနဲ့ပွဲမှာတော့ လီမာနဲ့ ရိုးမားကဗာရယ်တောက်တို့ကို စမ်းသုံးခဲ့တာက အဆင်မပြေဖြစ်ရသလို ခွန်ဒီထုတ်ပယ်ခံရတာကလည်းသရေပွဲနဲ့တိုက်ရိုက်ပတ်သက်ပါတယ်။ ပြင်သစ်ဟာယူကရိန်းအပေါ် အစဉ်အလာအသာရမှုရှိခဲ့ပြီး နောက်ဆုံးတွေ့ဆုံခဲ့တဲ့ နိုင်ငံတကာပြိုင်ပွဲစုံ ၉ပွဲမှာ ဂိုးမသွင်းနိုင်တဲ့ပွဲ တစ်ပွဲပဲရှိခဲ့တာပါ။ယူကရိန်းက အုပ်စုအဆင့် ၄ပွဲလုံးသရေကစားခဲ့တယ်ဆိုတာမျိုး ထပ်မမက်သင့်တော့ပါဘူး။ ဒီပွဲဟာပြင်သစ်ရဲ့ထွန်းလင်းတဲ့နိုင်ပွဲပါ။ ကျနော်အဲ့ဒီလိုတွေးပါတယ်။

◼️ ဟန်စိုးသွေး

ယူကရိန်းဟာကမ္ဘာ့ဖလားခြေစစ်ပွဲ၄ပွဲကစားပြီးခဲ့ရာမှာ၄ပွဲစလုံးသရေကျခဲ့တယ်။အဝေးကွင်းမှာပြင်သစ်ကာဇက်စတန်တို့နဲ့သရေကျခဲ့ပြီးအိမ်ကွင်းမှာ ဖင်လန်ကာဇက်စတန်တို့နဲ့သရေကျခဲ့တာဖြစ်တယ်။ယူကရိန်းဟာနိုင်ပွဲမရခဲ့ပေမယ့် အိမ်ကွင်း၂ပွဲမှာတော့ယူကရိန်းတို့အနိုင်နဲ့ထိုက်တန်တဲ့ခြေစွမ်းမျိုးရှိခဲ့ပါတယ်။ဖင်လန်နဲ့ကာဇက်စတန်နှစ်သင်းစလုံးကိုတဖက်သတ်နီးပါးဖိကစားနိုင်ခဲ့တာမျိုးဖြစ်ပြီးဂိုးကန်သွင်းခွင့်တွေများစွာရခဲ့ပေမယ့်အဆုံးသတ်အားနည်းခဲ့လို့အနိုင်ရလဒ်မရခဲ့တာမျိုးဖြစ်တယ်။ပြင်သစ်က၄ပွဲကစား၂ပွဲနိုင်၂ပွဲသရေကျခဲ့တယ်။အဝေးကွင်းမှာဘော့စနီးယားနဲ့ကာဇက်စတန်ကိုအနိုင်ရခဲ့တာဖြစ်ပြီးအိမ်ကွင်းမှာဘော့စနီးယား ယူကရိန်းတို့နဲ့သရေကျခဲ့တာဖြစ်တယ်။ပြင်သစ်ဟာရှေ့ လယ် နောက် ကစားသမားစုဖွဲ့မှုတောင့်တင်းပေမယ့်ပြိုင်ဘက်တွေကိုပြတ်ပြတ်သားသားအသာရအောင်မကစားနိုင်ခဲ့တာကိုတွေ့ရတယ်။ပြီးခဲ့တဲ့ပွဲမှာလည်းအတောင့်တင်းဆုံးလူစာရင်းနဲ့ပွဲထွက်ခဲ့ပေမယ့်ဘော့စနီးယားကိုသရေသာကစားနိုင်ခဲ့တယ်။

ဒီပွဲမှာ ပြင်သစ်က ၁ဂိုး၃၀နိုင်ဆိုပြီးအကျောပေးထားတယ်။ပြင်သစ်မြေပေါ်မှာကစားခဲ့စဉ်ကပြင်သစ်ဟာဘောလုံးပိုင်ဆိုင်မှု၆၁%အသာနဲ့ကစားနိုင်ခဲ့ပြီးဂိုးကန်သွင်းခွင့်၁၇ကြိမ်ရခဲ့ပေမယ့်၁-၁ဂိုးသရေနဲ့သာကျေနပ်ခဲ့ရတယ်။အခုယူကရိန်းမြေပေါ်မှာလည်းပြင်သစ်တို့ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ကစားနိုင်မှာဖြစ်ပေမယ့် ကစားအားကောင်းတဲ့ယူကရိန်းကိုလွယ်လွယ်အနိုင်ရဖို့မဖြစ်နိုင်ပါဘူး။သူတင်ကိုယ်တင်ယှဉ်ကစားကြမယ့်ဒီပွဲမှာမထင်မှတ်ထားတဲ့ရလဒ်မျိုးထွက်လာဖွယ်ရှိနေတဲ့အတွက် သရေကျခဲ့ရင်တောင်အပြည့်ပျော်ခွင့်ရမယ့် အိမ်ရှင်ယူကရိန်းကိုအရဲစွန့်ရွေးချယ်လိုက်သင့်ပါတယ်။

◼️ မင်းနဒီ(Change)

ယူကရိန်းနဲ့ပွဲမှာ ပြင်သစ်ပြန်လာမယ်လို့ ယုံကြည်တယ်

ယူကရိန်း ရောပြင်သစ်ပါ ဗုဒ္ဓဟူးနေ့က ခြေစစ်ပွဲတွေမှာပေါက်ဈေးပြင်းခဲ့သလောက်ခြေစွမ်းမပြနိုင်ခဲ့ကြဘူး။ နှစ်သင်းစလုံးသရေပွဲတွေတိုးခဲ့ကြပါတယ်။ ပြင်သစ်က ဘော့စနီးယားကို (၂- သရေ) ပေါက်ခဲ့သလို ယူကရိန်းကလည်း ကာဇက်စတန်ကို (၁-၅၀)နီးပါးပေးခဲ့ကြရပေမယ့် တစ်သင်းမှ မနိုင်ခဲ့ဘူး။ဒီပွဲတော့ ပြင်သစ်ကယူကရိန်းကို ၁+၃၀ ပေးထားပါတယ်။ ပြင်သစ်အတွက်တန်လွန်းတဲ့ဈေးပါ။ အင်္ဂါနေ့ကပွဲစဉ်တွေမှာနှစ်သင်းစလုံးခြေပျက်ခဲ့တာချင်းတူပေမယ့် ပြင်သစ်နဲ့ ယူကရိန်းတို့အကြား အများကြီး ကွာပါတယ်။ အထူးသဖြင့်နည်းပြအပြောင်းအလဲကာလမှာယူကရိန်းရဲ့ကစားကွက်ကပြီးခဲ့တဲ့ယူရိုပွဲလောက်အထိမကောင်းတော့ဘူး။ ရှက်ဗ်ချန်ကိုမရှိတော့တဲ့နောက်ယူကရိန်းအသင်းရဲ့ယာယီနည်းပြအဖြစ် နောက်ခံလူဟောင်းပီထရာကော့ဗ်ကတာဝန်ယူထားပါတယ်။ သူ့ရဲ့ပွဲဦးထွက်၊ ကာဇက်စတန်နဲ့ပွဲမှာ ၄-၂-၃-၁ အခင်းအကျင်းကိုသုံးပြီးယာရန်ချော့ပ်တစ်ဦးတည်းကိုအထောင်တိုက်စစ်မှာတည်ကစားခဲ့ပေမယ့် ရှက်ဗ်ချန်ကိုရဲ့ ၃-၅-၂ အခင်းအကျင်းတုန်းကလောက်အထိ ကစားပုံမကောင်းတော့ဘူး။

ပြင်သစ်ကတော့ဘော့စနီးယားနဲ့ပွဲမှာကွင်းလယ်စမ်းသုံးကြည့်ရင်းနောက်ခံလူကွန်ဒီအနီကတ်ပြခံလိုက်ရလို့ သရေပွဲတိုးသွားတာလို့မြင်တယ်။တကယ် တမ်းပြင်သစ်သာဖိဖိစီးစီး ကစားရင်မနိုင်စရာအကြောင်းမရှိဘူး။ ဒက်ချမ့်စ်ရဲ့အားသာချက်ကပြင်သစ်မှာကစားသမားအရင်းအမြစ် အပြည့်ရှိတယ်။ ကစား ကွက်တစ်ခုမအောင်မြင်ရင်နောက် ကစားကွက်တစ်ခုကို စမ်းသုံးဖို့ လုံလောက်တဲ့ကစားသမားအင်အားရှိပြီးသားပါ။ ဒီပွဲတော့ဗာရီတော့ခ်အစားကန်တီကို ပြန်သုံးမယ်ထင်ပါတယ်။ ကန်တီပါလာရင်ပြင်သစ်ရဲ့ကစားအားကပိုကောင်းလာမှာအမှန်ပဲ။ ဒါကြောင့် ၁+၃၀ဆိုတဲ့အကြောပေးမှုမှာပြင်သစ်ဘက်ကပျော် ပျော်ကြီးရပ်တည်လို့ရပါတယ်။

ဒီတစ်ပတ် 3D

◼️ဒီရာသီအစ လိဂ် ၃ပွဲလုံးမှာ 3D တစ်ပွဲမှမလွဲသေးပါဘူး။ တိုက်ပွဲတွေကြားထဲမှာ 3D တစ်ပွဲတော့ရှိမှဖြစ်မယ်ဆိုတဲ့မိတ်ဆွေတွေအတွက် အခုလိုမျိုးကမ္ဘာ့ဖလားခြေစစ်ပွဲတစ်ပွဲရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။ ယူကရိန်း-ပြင်သစ်မှာ ဆရာဟန်ကအိမ်ရှင်ကိုရွေးချယ်ပေးခဲ့ပြီး ဆရာကြယ်တို့နှစ်ဦးလုံးက တော့ ပြင်သစ်ဘက်ရောက်ခဲ့ကြတာပါ။ ဒါကြောင့် ဒီတစ်ပတ် 3D ဟာ ‘ပြင်သစ်’ဖြစ်လာပါတယ်။ ‘ပေါလ်ပေါ့ဂ်ဘာတစ်ထွေတက်လာရင် နိုင်ပြီ’ဆိုပဲ။ အဲ့ဒီအတိုင်းလားပရိသတ်ကြီး..