ပေါ့ဘာကိုရောင်းပြီး ဂရဲလ်လစ်ချ်နဲ့အစားထိုးရန် မန်ယူတိုက်တွန်းခြင်းခံရ

မန်ယူအသင်းဟာလာမယ့်နွေရာသီတွင်ပေါလ်ပေါ့ဘာကိုရောင်းချကာယင်းငွေများဖြင့်ရာသီသစ်အတွက်ကစားသမားသစ်ခေါ်ယူအားဖြည့်မှုပြုလုပ်ရန်တိုက်တွန်းခြင်းခံနေရပါတယ်။

မန်ယူအသင်းတွင်နည်းပြဆာအဲလက်စ်ဖာဂူဆန်ရဲ့လက်ထောက်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ရီနီမူလန်စတိန်းကအသင်းဟောင်းအနေဖြင့်ဝက်စ်ဟမ်းအသင်းခေါင်းဆောင်ဒက်လန်းရိုက်စ်နှင့်ဗီလာအသင်းခေါင်းဆောင်ဂျက်ဂရဲလ်လစ်ချ်တို့ကိုခေါ်ယူအားဖြည့်သင့်ကြောင်းဆိုသွားပါတယ်။

ဒတ်ချ်လူမျိုးနည်းပြကရိုက်စ်ရဲ့အရည်အသွေးနဲ့ပတ်သက်ပြီးအနည်းငယ်သံသယဝင်သော်လည်းဂရဲလ်လစ်ချ်တွင်မူမန်ယူတွင်အောင်မြင်မှုရရှိမယ့်DNA ပါဝင်ထားပြီးဖြစ်ကြောင်းဆိုသွားပါတယ်။

ရီနီမူလန်စတိန်းက “သူ(ဆိုးလ်ရှား)ကဖရက်နဲ့မက်တိုမီနေးနှစ်ဦးတို့ကိုသုံးရတာနှစ်သက်ပါတယ်။အဓိကအကြောင်းရင်းကတော့နောက်တန်းလေးယောက်ကိုကာကွယ်ဖို့အတွက်ပါ။ဒါပေမယ့်ကျွန်တော်ကတော့ပိုပြီးတော့ဖန်တီးမှုပြုလုပ်နိုင်ဖို့နောက်ထပ်အလယ်တန်းတစ်ဦးလိုတယ်လို့ထင်တယ်။မန်စီးတီးမှာဖာနန်ဒင်ဟို၊လီဗာပူးမှာဖာဘင်ဟိုတို့ကစားနေသလိုမျိုးပေါ့။ပေါ့ဘာရဲ့ကစားဟန်ကအသင်းကိုဟန်ချက်မညီစေပါဘူး။သူကခံစစ်အတွက်အကူအညီမဖြစ်ပါဘူး။သူကိုဘယ်ခြမ်းမှာထားကစားရင်တော့အဆင်ပြေပါတယ်။ဒါကလည်းအကောင်းဆုံးနည်းလမ်းလို့ပြောဖို့ခက်ပါတယ်။အကောင်းဆုံးနည်းကတော့သူ့ကိုရောင်းပြီးငွေရှာတာပါ။ပြီးရင်လိုအပ်တဲ့နေရာမှာဖြည့်သင့်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ဒါ့အပြင်မူလန်စတိန်းကအိုလီဂန်းနားဆိုးလ်ရှားအားပေါလ်ပေါ့ဘာကိုရောင်းချကာအင်္ဂလန်လက်ရွေးစင်ကွင်းလယ်ဖန်တီးရှင်ဂျက်ဂရဲလ်လစ်ချ်နှင့်အစားထိုးသင့်ကြောင်းဆိုသွားပါတယ်။

၎င်းက “သူ့ကိုရောင်းချပြီးအသင်းကိုဟန်ချက်ညီအောင်လုပ်သင့်တယ်။နောက်ထပ်ပြဿနာတစ်ခုကတော့ပေါ့ဘာကမန်ယူအတွက်အပြည့်အဝပေးဆပ်တယ်ဆိုတာပရိသတ်တွေကိုမပြသပါဘူး။ဒီကလပ်အတွက်ကစားချင်တယ်ဆိုတာကိုလည်းမပြသပါဘူး။ဒါကအဓိကပြဿနာပါ။ဂရဲလ်လစ်ချ်ကတော့မန်ယူမှာကစားဖို့DNA ပါဝင်လာတဲ့သူပါ။သူ့မှာရည်မှန်းချက်လည်းရှိပါတယ်။သူရောက်လာရင်အသင်းရဲ့ပုံစံတစ်မျိုးဖြစ်လာနိုင်ပါတယ်။သူကဘောလုံးကိုကိုင်ထားနိုင်တယ်။လိမ်ခေါက်နိုင်တယ်။ကိုယ့်အတွက်ဖန်တီးမှုလုပ်နိုင်တယ်”လို့ပြောကြားသွားပါတယ်။

zawgyi

ေပါ့ဘာကို ေရာင္းၿပီး ဂရဲလ္လစ္ခ်္နဲ႔အစားထိုးရန္ မန္ယူတိုက္တြန္းျခင္းခံရ

မန္ယူအသင္းဟာလာမယ့္ေႏြရာသီတြင္ေပါလ္ေပါ့ဘာကိုေရာင္းခ်ကာယင္းေငြမ်ားျဖင့္ရာသီသစ္အတြက္ကစားသမားသစ္ေခၚယူအားျဖည့္မႈျပဳလုပ္ရန္တိုက္တြန္းျခင္းခံေနရပါတယ္။

မန္ယူအသင္းတြင္နည္းျပဆာအဲလက္စ္ဖာဂူဆန္ရဲ႕လက္ေထာက္အျဖစ္တာဝန္ထမ္းေဆာင္ခဲ့ဖူးတဲ့ရီနီမူလန္စတိန္းကအသင္းေဟာင္းအေနျဖင့္ဝက္စ္ဟမ္းအသင္းေခါင္းေဆာင္ဒက္လန္း႐ိုက္စ္ႏွင့္ဗီလာအသင္းေခါင္းေဆာင္ဂ်က္ဂရဲလ္လစ္ခ်္တို႔ကိုေခၚယူအားျဖည့္သင့္ေၾကာင္းဆိုသြားပါတယ္။

ဒတ္ခ်္လူမ်ိဳးနည္းျပက႐ိုက္စ္ရဲ႕အရည္အေသြးနဲ႔ပတ္သက္ၿပီးအနည္းငယ္သံသယဝင္ေသာ္လည္းဂရဲလ္လစ္ခ်္တြင္မူမန္ယူတြင္ေအာင္ျမင္မႈရရွိမယ့္DNA ပါဝင္ထားၿပီးျဖစ္ေၾကာင္းဆိုသြားပါတယ္။

ရီနီမူလန္စတိန္းက “သူ(ဆိုးလ္ရွား)ကဖရက္နဲ႔မက္တိုမီေနးႏွစ္ဦးတို႔ကိုသုံးရတာႏွစ္သက္ပါတယ္။အဓိကအေၾကာင္းရင္းကေတာ့ေနာက္တန္းေလးေယာက္ကိုကာကြယ္ဖို႔အတြက္ပါ။ဒါေပမယ့္ကြၽန္ေတာ္ကေတာ့ပိုၿပီးေတာ့ဖန္တီးမႈျပဳလုပ္ႏိုင္ဖို႔ေနာက္ထပ္အလယ္တန္းတစ္ဦးလိုတယ္လို႔ထင္တယ္။မန္စီးတီးမွာဖာနန္ဒင္ဟို၊လီဗာပူးမွာဖာဘင္ဟိုတို႔ကစားေနသလိုမ်ိဳးေပါ့။ေပါ့ဘာရဲ႕ကစားဟန္ကအသင္းကိုဟန္ခ်က္မညီေစပါဘူး။သူကခံစစ္အတြက္အကူအညီမျဖစ္ပါဘူး။သူကိုဘယ္ျခမ္းမွာထားကစားရင္ေတာ့အဆင္ေျပပါတယ္။ဒါကလည္းအေကာင္းဆုံးနည္းလမ္းလို႔ေျပာဖို႔ခက္ပါတယ္။အေကာင္းဆုံးနည္းကေတာ့သူ႔ကိုေရာင္းၿပီးေငြရွာတာပါ။ၿပီးရင္လိုအပ္တဲ့ေနရာမွာျဖည့္သင့္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္မူလန္စတိန္းကအိုလီဂန္းနားဆိုးလ္ရွားအားေပါလ္ေပါ့ဘာကိုေရာင္းခ်ကာအဂၤလန္လက္ေ႐ြးစင္ကြင္းလယ္ဖန္တီးရွင္ဂ်က္ဂရဲလ္လစ္ခ်္ႏွင့္အစားထိုးသင့္ေၾကာင္းဆိုသြားပါတယ္။

၎က “သူ႔ကိုေရာင္းခ်ၿပီးအသင္းကိုဟန္ခ်က္ညီေအာင္လုပ္သင့္တယ္။ေနာက္ထပ္ျပႆနာတစ္ခုကေတာ့ေပါ့ဘာကမန္ယူအတြက္အျပည့္အဝေပးဆပ္တယ္ဆိုတာပရိသတ္ေတြကိုမျပသပါဘူး။ဒီကလပ္အတြက္ကစားခ်င္တယ္ဆိုတာကိုလည္းမျပသပါဘူး။ဒါကအဓိကျပႆနာပါ။ဂရဲလ္လစ္ခ်္ကေတာ့မန္ယူမွာကစားဖို႔DNA ပါဝင္လာတဲ့သူပါ။သူ႔မွာရည္မွန္းခ်က္လည္းရွိပါတယ္။သူေရာက္လာရင္အသင္းရဲ႕ပုံစံတစ္မ်ိဳးျဖစ္လာႏိုင္ပါတယ္။သူကေဘာလုံးကိုကိုင္ထားႏိုင္တယ္။လိမ္ေခါက္ႏိုင္တယ္။ကိုယ့္အတြက္ဖန္တီးမႈလုပ္ႏိုင္တယ္”လို႔ေျပာၾကားသြားပါတယ္။