ပေါ့ဘာအပေါ်အပြည့်အဝယုံကြည်ခြင်းမရှိ တဲ့ဆိုးလ်ရှား

မိုက်ကယ်အိုဝင်ကမန်ယူနည်းပြအိုလီဂန်းနားဆိုးလ်ရှားမှာပေါလ်ပေါ့ဘာအားအလယ်တန်းတွင်နေရာချထားရန်အပြည့်အဝယုံကြည်မှုမရှိကြောင်းပြောကြားလိုက်ပါတယ်။

ဆိုးလ်ရှားဟာတနင်္ဂနွေနေ့တုန်းကဗီလာအား၃-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်တွင်ပေါလ်ပေါ့ဘာကိုတောင်ပံတွင်အသုံးပြုသွားခဲ့ပါတယ်။

ဆိုးလ်ရှားဟာယခုရာသီတစ်ခုလုံးနီးပါး ကွင်းလယ်ကစားသမားနှစ်ဦးတည်းသာအသုံးပြုလေ့ရှိပြီးပေါ့ဘာမှာအစွန်သို့ထွက်ကစားနေရပါတယ်။

ဒါပေမယ့်အိုဝင်ကအသက်၂၈နှစ်ရှိပြင်သစ်လက်ရွေးစင်ကစားသမားရဲ့အကောင်းဆုံးနေရာမှာကွင်းလယ်သာဖြစ်ကြောင်းဆိုသွားပါတယ်။

အိုဝင်က “ပေါ့ဘာအတွက်အကောင်းဆုံးနေရာကကွင်းလယ်အထိုင်နေရာသာဖြစ်တယ်ဆိုတာတစ်ကမ္ဘာလုံးကမန်ယူပရိသတ်တွေလက်ခံကြပါလိမ့်မယ်။သူ့ကိုကွင်းလယ်မှာထားရင်အက်ဒီဆင်ကာဗာနီလိုမျိုးတိုက်စစ်အတွက်နောက်ထပ်တစ်ဦးသုံးနိုင်ပါမယ်။ဘရူနိုဖာနန်ဒက်စ်ရဲ့ရှေ့မှာတောင်ပံတိုက်စစ်သမားနှစ်ဦးသုံးနိုင်ပါမယ်။ဒါပေမယ့်ပေါလ်ပေါ့ဘာကိုကွင်းလယ်နေရာမှာအယုံအကြည်မရှိလို့ကာဗာနီကိုအရန်ခုံသို့ပို့ထားရတယ်။ကျွန်တော်ကတော့ဆိုးလ်ရှားဟာပေါ့ဘာကိုကွင်းလယ်ဗဟိုကစားသမားတစ်ဦးအဖြစ်ယုံကြည်မှုမရှိဘူးလို့ထင်တယ်”လို့ပြောကြားသွားပါတယ်။

ပေါလ်ပေါ့ဘာဟာမန်ယူနှင့်၂၀၂၂ခုနှစ်အထိစာချုပ်ချုပ်ဆိုထားသူဖြစ်ပြီးနွေရာသီအပြောင်းအရွှေ့တွင်အသင်းဟောင်းဂျူဗင်တပ်သို့ပြန်လည်ပြောင်းရွှေ့မယ်လို့သတင်းထွက်နေပါတယ်။မန်ယူဟာပရီးမီးယားလိဂ်အမှတ်ပေးဇယားဒုတိယနေရာတွင်ရပ်တည်နေပြီးယနေ့ညတွင်လက်စတာအားအိုးထရက်ဖို့ဒ်ကွင်းမှာဧည့်ခံကစားရပါမယ်။

zawgyi

ေပါ့ဘာအေပၚအျပည့္အဝယုံၾကည္ျခင္းမရွိ တဲ့ဆိုးလ္ရွား

မိုက္ကယ္အိုဝင္ကမန္ယူနည္းျပအိုလီဂန္းနားဆိုးလ္ရွားမွာေပါလ္ေပါ့ဘာအားအလယ္တန္းတြင္ေနရာခ်ထားရန္အျပည့္အဝယုံၾကည္မႈမရွိေၾကာင္းေျပာၾကားလိုက္ပါတယ္။

ဆိုးလ္ရွားဟာတနဂၤေႏြေန႔တုန္းကဗီလာအား၃-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္တြင္ေပါလ္ေပါ့ဘာကိုေတာင္ပံတြင္အသုံးျပဳသြားခဲ့ပါတယ္။

ဆိုးလ္ရွားဟာယခုရာသီတစ္ခုလုံးနီးပါး ကြင္းလယ္ကစားသမားႏွစ္ဦးတည္းသာအသုံးျပဳေလ့ရွိၿပီးေပါ့ဘာမွာအစြန္သို႔ထြက္ကစားေနရပါတယ္။

ဒါေပမယ့္အိုဝင္ကအသက္၂၈ႏွစ္ရွိျပင္သစ္လက္ေ႐ြးစင္ကစားသမားရဲ႕အေကာင္းဆုံးေနရာမွာကြင္းလယ္သာျဖစ္ေၾကာင္းဆိုသြားပါတယ္။

အိုဝင္က “ေပါ့ဘာအတြက္အေကာင္းဆုံးေနရာကကြင္းလယ္အထိုင္ေနရာသာျဖစ္တယ္ဆိုတာတစ္ကမာၻလုံးကမန္ယူပရိသတ္ေတြလက္ခံၾကပါလိမ့္မယ္။သူ႔ကိုကြင္းလယ္မွာထားရင္အက္ဒီဆင္ကာဗာနီလိုမ်ိဳးတိုက္စစ္အတြက္ေနာက္ထပ္တစ္ဦးသုံးႏိုင္ပါမယ္။ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ေရွ႕မွာေတာင္ပံတိုက္စစ္သမားႏွစ္ဦးသုံးႏိုင္ပါမယ္။ဒါေပမယ့္ေပါလ္ေပါ့ဘာကိုကြင္းလယ္ေနရာမွာအယုံအၾကည္မရွိလို႔ကာဗာနီကိုအရန္ခုံသို႔ပို႔ထားရတယ္။ကြၽန္ေတာ္ကေတာ့ဆိုးလ္ရွားဟာေပါ့ဘာကိုကြင္းလယ္ဗဟိုကစားသမားတစ္ဦးအျဖစ္ယုံၾကည္မႈမရွိဘူးလို႔ထင္တယ္”လို႔ေျပာၾကားသြားပါတယ္။

ေပါလ္ေပါ့ဘာဟာမန္ယူႏွင့္၂၀၂၂ခုႏွစ္အထိစာခ်ဳပ္ခ်ဳပ္ဆိုထားသူျဖစ္ၿပီးေႏြရာသီအေျပာင္းအေ႐ႊ႕တြင္အသင္းေဟာင္းဂ်ဴဗင္တပ္သို႔ျပန္လည္ေျပာင္းေ႐ႊ႕မယ္လို႔သတင္းထြက္ေနပါတယ္။

မန္ယူဟာပရီးမီးယားလိဂ္အမွတ္ေပးဇယားဒုတိယေနရာတြင္ရပ္တည္ေနၿပီးယေန႔ညတြင္လက္စတာအားအိုးထရက္ဖို႔ဒ္ကြင္းမွာဧည့္ခံကစားရပါမယ္။