
ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ညာလက်ရုံးဟာပေါ်တူဂီအသင်းတွင်တာဝန်ထမ်းဆောင်နေရာမှနုတ်ထွက်ကာပေါ်တူဂီဂန္ထဝင်ကစားသမားအတွက်သာအာရုံ စိုက်လုပ်ဆောင်လာတော့မှာဖြစ်ပါတယ်။
အေးဂျင့်ရစ်ကီရီဂူဖီဟာပေါ်တူဂီလက်ရွေးစင်အသင်းရဲ့ကိုယ်စားလှယ်အဖွဲ့တွင်နှစ်ပေါင်း၂၀ကြာတာဝန်ထမ်းဆောင်လာသူဖြစ်ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာပြီးခဲ့တဲ့နှစ်တုန်းကကာလရှည်ကြာလက်တွဲလာခဲ့တဲ့စူပါအေးဂျင့်ဂျော့မန်ဒက်စ်နှင့်လမ်းခွဲလိုက်ပြီးနောက်ရီဂူဖီနှင့်လက်တွဲခဲ့ပါတယ်။
ရီဂူဖီဟာပြီးခဲ့တဲ့ဒီဇင်ဘာလတုန်းကခရစ္စတီယာနိုရော်နယ်ဒိုရဲ့ Al Nassr သို့တစ်နှစ်လုပ်ခပေါင်၁၇၇သန်းဖြင့်ပြောင်းရွှေ့မှုတွင်အဓိကနေရာမှပါဝင်ခဲ့သူဖြစ်ပြီးပွဲခပေါင်သန်း၂၀အထိရရှိခဲ့ပါတယ်။
ယခုအခါပေါ်တူဂီအသင်းဟာနည်းပြရောဘတ်တိုမာတီနက်ဇ်လက်အောက်မှာခေတ်သစ်တစ်ခုပြန်လည်စတင်ရန်ပြင်ဆင်နေပြီဖြစ်ပြီးရီဂူဖီဟာလည်းပေါ်တူဂီအသင်းကိုယ်စားလှယ်အဖွဲ့တွင်တာဝန်ထမ်းဆောင်မှုမှနုတ်ထွက်လာခဲ့ပြီဖြစ်ပါတယ်။
ZawGyi
ပေါ်တူဂီအသင်းရာထူးမှ နုတ်ထွက်လိုက်တဲ့ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ညာလက်ရုံး